Home သတင်း တိုင်းရင်းသားလူငယ် အများ အပြားပါဝင်သည့် KNLA ၏ စစ်ဖက်အ‌ခြေခံ‌ဆေးသင်တန်းပြီးစီး

တိုင်းရင်းသားလူငယ် အများ အပြားပါဝင်သည့် KNLA ၏ စစ်ဖက်အ‌ခြေခံ‌ဆေးသင်တန်းပြီးစီး

2722

‌အောက်တိုဘာ ၃ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဗဟိုစစ်ဖက်‌ဆေးဌာနမှ ဦးစီးဖွင့်လှစ်‌သော တိုင်းရင်းသား လူငယ် အများအပြားပါဝင်သည့် အချိန်‌ခြောက်လကြာ အပတ်စဉ် (၂၇)စစ်ဖက်အ‌ခြေခံ‌ဆေးသင်တန်းကို ‌အောက်တိုဘာ ၂၉ ရက်‌နေ့က သင်တန်းဆင်းပွဲအခမ်းအနားအတူ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်‌မြေရှိ ‌သေ့‌ဘေ့ ထာ့‌နေရာတွင် KNLA ဗဟိုစစ်ဖက်‌ဆေးဌာနက ကရင်အပါအဝင် ကချင်၊ ကယန်း၊ သျှမ်း၊ ရခိုင်၊ ပ‌လောင်၊ နာဂ စသည့် တိုင်းရင်းသားလူငယ်‌မောင်မယ် စုစု‌ပေါင်း ၉၅ ဦးအား အဆိုပါ အ‌ခြေခံ‌ဆေးသင်တန်းကို ဖွင့်လှစ်သင် ကြား‌ပေးခဲ့ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်သင်ကြား‌ပေးခဲ့‌သော စစ်ဖက်အ‌ခြေခံ ‌ဆေးသင်တန်းတွင် အ‌ခြေခံစစ်သင်တန်း၊ ‌ရှေးဦးသူနာပြု၊ ခန္ဓာ‌ဗေဒဆိုင်ရာ အ‌ခြေခံသိမှတ်ဖွယ်ရာများ၊ အ‌ခြေခံခွဲစိတ်၊ သားဖွားနှင့် အ‌ခြေခံ‌ဆေးကုသမှုဆိုင်ရာများစသည့် အ‌ခြေခံ‌ဆေးပညာဘာသာရပ် ၆ မျိုးကို အဓိက သင်ကြား‌ပေးခဲ့သည်ဟု သိရသည်။

KNLA စစ်ဖက် ဆိုင်ရာဗဟို‌ဆေးဌာနမှ ဌာနမှူး ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲက ယခု‌ဆေးသင်တန်းကို တစ်နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်သင်ကြား‌ပေးပြီး ယခုနှစ်အတွက် ‌မေလမှ စတင်၍ လက်ရှိ သင်တန်းပြီးစီးသည် အထိဖြစ်ကာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သင်တန်းဖွင့်လှစ်ရတာက‌တော့ ကျမတို့ကရင်လူမျိုးအတွက်ဆိုရင် စစ်ဖက်‌ရော၊ အရပ်သား‌ရော ခွဲခြားထား မျိုးမဟုတ်ပဲနဲ့ အ‌ထောက်အကူပြုနိုင်‌အောင် ကိုယ့်ကရင်လူမျိုုး‌တွေမှာ ကျန်းမာ‌ရေးနဲ့ ပတ်သက်ပြီး အသိဗဟုသု တ‌တွေ ပြန့်ပွားလာ‌အောင် စတဲ့ရည်ရွယ်ချက်‌တွေနဲ့ ဖွင့်လှစ်တာပါ။ ‌နောက် ဒီနှစ်ထူးခြားတာက ကိုယ့်နဲ့ ဘဝတူ တိုင်းရင်းသား‌တွေ သင်တန်းမှာ ပါဝင်လာနိုင်တာ ဝမ်းသာစရာပါ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် သင်တန်းတ‌လျှောက်တွင် KNLA ဗဟိုစစ်ဖက်‌ဆေးဌာနအပြင် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်‌တော်‌ဆေးခန်း(MTC)၊ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA)၊ ကရင်ကျန်း မာ‌ရေး နှင့်ကယ်ဆယ်‌ရေးဌာန(KDHW)တို့မှလည်း သင်တန်းတက်‌ရောက်သူ လူငယ်‌မောင်မယ်များအား ‌ဆေးပညာနှင့်ပတ်သက်၍ ‌လေ့ကျင့်သင်ကြား‌ပေးခဲ့သည်ဟု သိရသည်။

ယင်းအ‌ခြေခံ‌ဆေးသင်တန်းတက်‌ရောက်ခဲ့သူ ‌နော်‌အေးသီတာက “ခုလိုသင်တန်းမှာ ‌ဆေးပညာအ‌ကြောင်း၊ ‌ရောဂါအ‌ကြောင်း ဗဟုသုတ‌တွေ ပိုများလာတယ်။ ပြီး‌တော့ သင်ကြားခဲ့ရသမျှ‌တွေကိုလည်း ကိုယ့်ရပ်ကိုယ် ရွာ‌တွေမှာ တတ်စွမ်းသမျှပြန်လည်အသိပညာ‌ပေးဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်‌သော ၎င်းသင်တန်းဆင်းပွဲတွင် ဖားအံခရိုင် ဥက္ကဌ ပဒို‌အောင်‌မော်‌အေး၊ ဗဟိုစစ်ဌာနချုပ် တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်ရှာထု‌ဝေါ်အပါအဝင် KNU ခရိုင်၊ တပ်မဟာ အသီးသီးမှ စစ်ဖက်အရပ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ သင်တန်းသားများနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၂၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KNLA ဗဟိုစစ်ဖက်‌ဆေးဌာနမှ ဦးစီးဖွင့်လှစ်‌သော အ‌ခြေခံ‌ဆေးသင်တန်းအပတ်စဉ် (၂၆)ကို ၂၀၁၂ခုနှစ်က KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ဟို‌ကေ‌ဒေသတွင် ပြုလုပ်ခဲ့ပြီး လာမည့်အပတ်စဉ်အတွက် ၂၀၁၄ ခုနှစ်၊ မတ်လတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း သိရသည်။