Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းပုံ ‌ရေးဆွဲပြဋ္ဌာန်းရန် တိုင်းရင်းသားညီလာခံတွင် သ‌ဘောတူ

ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းပုံ ‌ရေးဆွဲပြဋ္ဌာန်းရန် တိုင်းရင်းသားညီလာခံတွင် သ‌ဘောတူ

2095
ဩဂုတ်လ ၂ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

EC-1စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုမူအ‌ပေါ် အ‌ခြေခံ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအသစ် တရပ်ကို ‌ရေးဆွဲပြဋ္ဌာန်း သွားရန် ညီညွှတ် aသာတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ‌ကောင်စီ(UNFC)မှ လွတ်‌မြောက် နယ်‌မြေတ‌နေရာ တွင် ဦးစီးကြီးမှူး‌သော ဇူလိုင်လ ၂၉မှ ၃၁ရက်‌နေ့အထိ တိုင်းရင်းသား ညီလာခံတွင် သ‌ဘောတူညီမှု ရရှိခဲ့သည်။

လက်ရှိ မြန်မာအစိုးရမှ ကျင့်သုံး‌နေ‌သော ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသည် ဒီမိုက‌ရေစီအနှစ်သာရ ကင်းမဲ့ပြီး စစ်မှန်‌သောဖက်ဒရယ်ပြည်‌ထောင်စုမူနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေအသစ်တရပ် ‌ရေးဆွဲပြဋ္ဌာန်းသွားရန် ညီလာခံတက်‌ရောက်‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များက သ‌ဘောတူခဲ့ခြင်းဖြစ်သည်ဟု ဩဂုတ်လ ၁ရက်‌နေ့ထုတ် UNFC ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဖွဲ့စည်းပုံ‌ရေးဆွဲ‌ရေး သ‌ဘောတူညီမှုနှင့် ပတ်သက်၍ ယ‌နေ့ည‌နေ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် UNFC ‌ပြောခွင့်ရပုဂ္ဂိုလ် ခွန်ဥက္ကာက “စစ်မှန်‌သောဖက်ဒရယ် ပြည်‌ထောင်စုမူ‌ပေါ် အ‌ခြေခံတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ၂၀၁၃ ခုနှစ်အကုန် မူကြမ်းကို ‌ရေးဆွဲသွားမယ်။ သုံးလ‌လောက် အချိန်ယူ ပြီး မူကြမ်းထွက်လာ‌အောင် ‌ရေးဆွဲမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ဖက်ဒရယ်ပြည်‌ထောင်စုကို အ‌ခြေခံသည့် ဖွဲ့စည်းပုံ မူကြမ်း‌ရေးဆွဲပြီးသည့်အခါ နိုင်ငံ‌ရေးပါတီ များကို ချပြသွားမည်ဖြစ်သလို တိုင်းရင်းသားထု‌ထောက်ခံမူရ‌အောင် လုပ်သွားပြီး ‌ထောက်ခံမှုရရှိပါက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်‌ရေး‌မှေးမှိန်သွားမည်ဟု ခွန်ဥက္ကာက ဆိုသည်။

ထို့အပြင် UNFC ထုတ်ပြန်သည့် ‌ကြေညာချက်အရ အမျိုးသားတန်းတူ‌ရေးကို ‌ရှေးရှု၍ မြန်မာနိုင်ငံတွင် လက်ရှိ ပြည်နယ် ၇ခုအပြင် ‌နောက်ထပ် ဗမာ/မြန်မာပြည်နယ်ဖွဲ့စည်း‌ရေးအတွက်လည်း ‌ဖော်‌ဆောင်သွားရန် ၎င်းတို့ သ‌ဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု ‌ဖော်ပြပါရှိသည်။

ခွန်ဥက္ကာက “ရှစ်ပြည်နယ်မူဆိုတာ အ‌သေမဟုတ်ဘူး။ ဒါက ‌တောင်ကြီးညီလာခံမှာရထားတဲ့ အ‌ခြေခံမူ‌ပေါ့။ ရှစ်ပြည်နယ်လို့ ‌ပြောရခြင်းက အမျိုးသားတန်းတူ‌ရေးကို ‌ပြောတာပါ။ ရှစ်ပြည်နယ်နဲ ့‌ပြောခဲ့တာ အ‌သေမဟုတ် ပါဘူး။ သူလည်း ပါဝင်သင့်တယ်။ အဲဒီပြည်နယ်‌တွေနဲ ့‌ပေါင်းလိုက်မှ ပြည်‌ထောင်စုဖြစ်မယ်။ အဲဒါကို ကျ‌နော်တို့ က စစ်မှန်တဲ့ ပြည်‌ထောင်စုဖက်ဒရယ်စနစ် ပြည်‌ထောင်စုလို ့‌ခေါ်ပါတယ်”ဟု ‌ပြောသည်။

ယခုညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ခုပါအဝင် ညီညွှတ်‌သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA)အဖွဲ့ဝင်များ၊ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူငယ်၊ အမျိုးသမီးနှင့် လူထုအကျိုး ပြုအဖွဲ့အစည်းများ၊ နိုင်ငံခြား‌ရောက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် တိုင်းရင်းသားအ ‌ရေးတွင် တက်ကြွလှုပ်ရှား‌သော တသီးပုဂ္ဂလများ စသည့် ကိုယ်စားလှယ်စုစု‌ပေါင်း ၁၂၂ ဦး တက်‌ရောက်ခဲ့ သည်ဟု UNFC က ‌ကြေညာချက်တွင် ပါရှိသည်။

EC-2

ညီလာခံ တက်‌ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် UNFC အဖွဲ့ဝင် မဟုတ်သည့် ဝ ပြည် ‌သွေးစည်း ညီညွတ်‌ရေး တပ်မ‌တော်(UWSA)၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့တို့လည်း ‌လေ့လာသူများအဖြစ် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

၎င်းအပြင် ညီလာခံသို့ တက်‌ရောက်ခဲ့သည့် ကိုယ်စားလှယ်များသည် ညီလာခံ၌ သ‌ဘောတူညီမှု ၁ဝ ချက် ရရှိခဲ့ သလို ‌ရှေ့ဆက် လုပ်‌ဆောင်ရမည့် ဘုံလုပ်ငန်းစဉ်များကိုလည်း တူညီစွာ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင် သွားရန် သ‌ဘောတူခဲ့သည်ဟု ခွန်ဥက္ကာက ‌ပြောဆိုသည်။

UNFC အ‌နေဖြင့် ယခုပြုလုပ်‌သော တိုင်းရင်းသားညီလာခံသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ‌ရှေ့ဆက်၍ အလျဉ်း သင့်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ‌ရေးပါတီများအကြား ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ လုပ်‌ဆောင်သွားရန်ရှိသည်ဟု သိရသည်။

UNFC ကို ၂၀၁၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၊ သျှမ်းပြည်တပ်မ‌တော် ‌မြောက်ပိုင်း(SSA-N)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ့်အမျိုးသားလွတ်‌မြောက်‌ရေး အဖွဲ့ချုပ်(PNLO)၊ တအာင်း (ပ‌လောင်)အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)၊ ရခိုင်လွတ်‌မြောက်‌ရေး ပါတီ(ALP)၊ ဝအမျိုးသားအဖွဲ့ချုပ်(WNO)နှင့် လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU) စသည့်အဖွဲ့တို့ ပါဝင်သည်။