Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏စကားလက်‌ဆောင်

လူငယ်များ၏စကားလက်‌ဆောင်

3022

Naw Cynthia Win‌နော်စင်သီယာဝင်း ၂၆နှစ်
ဝါသနာ လူ့အခွင့်အ‌ရေးတက်ကြွလှုပ်ရှားမှု
ပညာ BA (မြန်မာစာ) ဘွဲ့ရ

ကျမက မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၊ ဝါးပြန်ကုန်းရွာကပါ။ ‌မွေးချင်း‌မောင်နှမ ၄‌ယောက်ရှိပြီး ကျမက‌တော့ ဒုတိယ‌မြောက် သမီးဖြစ်ပါတယ်။ အ‌ဖေက ဆုံးသွားပြီး အ‌မေပဲ ရှိ‌တော့တယ်။ ငယ်တုန်းက‌တော့ ကျိုက်မ‌ရောမှာ တတိယတန်းအထိ‌နေပြီး ကျို‌က္ကော်ကို ‌ကျောင်း‌ပြောင်း‌နေတယ်။ ၅တန်းအထိပဲ။ အဲဒီက‌နေတဆင့် ပုသိမ်ကို ထပ်‌ပြောင်းပြီး ၁ဝတန်း‌အောင်တဲ့အထိပဲ။ ကျမက ၂၀၀၄ခုနှစ် စာသင်နှစ်မှာ ၁ဝတန်း‌အောင်တာ ဖြစ်ပါတယ်။ မြန်မာစာ ဘာသာရပ်ကိုယူပြီး အ‌ဝေးသင်နဲ့ တက္ကသိုလ် ဆက်တက်‌နေတဲ့ကာလမှာ ‌စေတနာ့ဝန်ထမ်း ဂိုက် ကျူရှင်ဆရာမ လုပ်တယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီးတဲ့‌နောက် ၂၀၀၉ခုနှစ်မှာပဲ ထိုင်း-မြန်မာနယ်စပ်က ဖွင့်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)‌ကျောင်းကို တက်တယ်။ အဲဒီ‌ကျောင်းမှာ လူ့အခွင့်အ‌ရေး၊ နိုင်ငံ‌ရေး၊ အဂင်္လိပ်၊ ကွန်ပျူတာ စတဲ့ သိသင့်သိထိုက်တဲ့ ဘာသာရပ်‌တွေကို သင်ကြားခွင့်ရတဲ့ အတွက် ကျမအ‌နေနဲ့ အသိပညာနဲ့ ဗဟုသုတ‌တွေ အများကြီးရခဲ့ပါတယ်။

ကျမက သီချင်းဆိုတာ၊ ချက်၊ ကျားကစားတာ အရမ်းဝါသနာပါတာ။ ဒါ‌တွေက စိတ်‌ပျော်‌အောင်အတွက်ပဲ‌ပေါ့‌နော်။ ‌နောက် တစ်ခုက ကျမ KWO ‌ကျောင်းကိုတက်ရင်း အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အ‌ရေးကို ပိုပြီး စိတ်ဝင်စားလာတယ်။ မြန်မာနိုင်ငံ မှာလည်း အမျိုးသမီး‌တွေ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရတာ အများကြီးရှိ‌နေတာကို သိ‌နေရ‌တော့ အမျိုးသမီးအခွင့်အ‌ရေးနဲ့ လှုပ် ရှားမှု‌တွေ လုပ်ဖို့ ကျမဆုံးဖြတ်ခဲ့တယ်။ KWO ‌ကျောင်းကို တနှစ်တက်‌ရောက်ပြီးတဲ့‌နောက်မှာ KWO အဖွဲ့အစည်းမှာပဲ အလုပ် ပြန်ဝိုင်းလုပ်တယ်။ ၂၀၁၂ခုနှစ်မှာ‌တော့ မြန်မာပြည်တွင်းမှာ လှုပ်ရှား‌နေတဲ့ ကရင်အမျိုးသမီးများဖွံ့ဖြိုး‌ရေးအဖွဲ့(KWEG)ထဲကို အလုပ်ဝင်လုပ်တာ အခုထိပါပဲ။ ဒီအဖွဲ့မှာ အမျိုးသမီးအခွင့်အ‌ရေးအတွက် အဓိကထား လုပ်တယ်ဆို‌ပေမယ့် အခြားလူမှု‌ရေး‌တွေ လည်း လုပ်ပါတာမို့ ကိုယ်ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ကျမ‌ပျော်တယ်။

လူငယ်တစ်‌ယောက်အ‌နေနဲ့ ကျန်ကိုယ့်ကရင်လူငယ်‌မောင်မယ်‌တွေကို ကျမ‌ပြောချင်တာက ပြည်တွင်း ပြည်ပနဲ့ ဒုက္ခသည်စခန်း မှာရှိတဲ့ လူငယ်အားလုံး စာကြိုးစားကြပါလို့ ကျမတိုက်တွန်းချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ နိုင်ငံတစ်နိုင်တည်‌ဆောက်ဖို့ လူမျိုးတစ်မျိုးက ပညာ‌ရေးအဆင့်အတန်းမြှင့်ဖို့က လိုအပ်တယ်‌လေ။ ‌နောက် လူငယ်‌တွေအ‌နေနဲ့ ကိုယ်ဖြစ်ချင်တာ‌တွေ ကြိုးစား တဲ့အခါမှာ ရိုးရိုးသာမန်တစ်‌ယောက်ဖြစ်လာဖို့ပဲ မဟုတ်ဘဲနဲ့ ပညာရှင်ကြီးဖြစ်တဲ့အထိ ကြိုးစားကြပြီး‌တော့ ကိုယ့်လူမျိုးကို ပြန်ပြီး အကျိုးပြကြပါလို့ လူငယ်များရဲ့ စကားလက်‌ဆောင်ကဏ္ဍက‌နေ ကျမ အား‌ပေးလက်‌ဆောင်စကား ပါးပါရ‌စေ။