Home သတင်း မြစ်ဝကျွန်း‌ပေါ်‌ပြေး သ‌ဘေင်္ာခ ‌ကောက်ခံမှုနှုန်း တိုးမြှင့်သွားမည်

မြစ်ဝကျွန်း‌ပေါ်‌ပြေး သ‌ဘေင်္ာခ ‌ကောက်ခံမှုနှုန်း တိုးမြှင့်သွားမည်

1762
ဇွန်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ဧရာဝတီတိုင်း(မြစ်ဝကျွန်း‌ပေါ်)သို့ ‌ပြေး ဆွဲ‌နေ‌သော ပြည်တွင်း‌ရေ‌ကြောင်း ဦးစီးဌာနမှ သ‌ဘောင်္များကို ဇွန်လ ၁ရက်‌နေ့မှစ၍ မူလ ‌ကောက်ခံသည့်နှုန်းထားထက် အနည်းငယ် တိုးမြှင့်‌ကောက်ခံသွားမည်ဖြစ်‌ကြောင်း သ‌ဘောင်္စီးခရီးသည်များထံမှ သိရသည်။

ရန်ကုန်-‌မော်ကျွန်း၊ ရန်ကုန်-လပွတ္တာ၊ ရန်ကုန်-ဘိုက‌လေး၊ ရန်ကုန်-ဖျာပုံ၊ ရန်ကုန်-ကျုံမ‌ငေး စ‌သော ‌ရေလမ်း‌ကြောင်းများအ တွက် တိုးမြှင့်‌ကောက်ခံသွားမည်ဖြစ်‌ကြောင်းကို သ‌ဘောင်္များ‌ပေါ်တွင် စာကပ်ပြီး ကြိုတင်‌ကြော်ငြာထားခြင်းဖြစ်သည်။

“သ‌ဘောင်္‌ပေါ်မှာ သ‌ဘောင်္ခနှုန်း‌တွေ တိုး‌ကောက်ဖို့ကို ကြို စာကပ်ထားပါတယ်။ ခရီးလမ်းတစ်ခုကို ၅၀ဝကျပ်နှုန်း တိုး‌ကောက် ထားတာပါ။ ပြီး‌တော့ ‌နေရာထိုင်ခင်းကို ‌ကောင်း‌ကောင်း ပြန်လုပ်‌ပေးမယ်။ ‌သောက်‌ရေလည်း ‌ဝေ‌ပေးမယ်လို့ တာဝန်ရှိသူ‌တွေက ရှင်းပြပါတယ်။ ၅၀ဝဆို‌တော့ မများပါဘူး။ ‌နေရာ‌ကောင်း‌ကောင်းနဲ့ ‌ရေရမယ်ဆိုရင် တန်ပါတယ်။ ဝန်‌ဆောင်မှုကို စစချင်းသာမ ကဘဲ ‌နောက်လည်း ဆက်ပြီး ‌ကောင်း‌စေချင်ပါတယ်။”ဟု ရန်ကုန်-ဘိုက‌လေး သွားသည့် ခရီးသည်တစ်ဦးက ဆိုသည်။

မြစ်ဝကျွန်း‌ပေါ်သို့ ‌ပြေးဆွဲ‌နေ‌သော ပြည်တွင်း‌ရေ‌ကြောင်းပိုင် သ‌ဘောင်္များတွင် အိမ်သာ မသန့်ရှင်းခြင်း၊ ‌သောက်သုံး‌ရေမသန့် ခြင်းများအပြင် ‌နေရာထိုင်ခင်းများ မသန့်ရှင်းတို့သည် ခရီးသွားသူများအတွက် အဓိက ပြဿနာများဖြစ်သည်ဟုလည်း ခရီးသည် များက ‌ပြောဆို‌နေကြသည်။