Home သတင်း ကရင်လူငယ်များငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ် ပံ့ပိုးရန် ပဲခူးတိုင်းကရင် ‌ရေးရာဝန် ကြီးတိုက်တွန်း

ကရင်လူငယ်များငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ် ပံ့ပိုးရန် ပဲခူးတိုင်းကရင် ‌ရေးရာဝန် ကြီးတိုက်တွန်း

1584
ဇွန်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Saw Jublie San Hla“ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ကရင်လူငယ်များ၏ပါဝင်မှု အခန်းကဏ္ဍ” ‌ခေါင်းစဉ်ဖြင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုတွင် “ကရင်လူငယ်များအ‌နေဖြင့် အနာဂတ်‌ခေါင်း‌ဆောင်များ ဖြစ်လာမည်ဖြစ်ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၌ လက်တွဲညီညီဖြင့် ပါဝင်ပံ့ပိုးလုပ်‌ဆောင်ရန် လို‌ကြောင်း” ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူးဗလီစံလှက ယ‌နေ့ ‌ပြောကြားလိုက်သည်။

ကရင်လူငယ်များအစည်းအရုံး KYO နှင့် ‌ကျောက်ကြီးကရင်လူငယ်များအဖွဲ့-KYDG တို့မှ ဦး‌ဆောင်ပြီး ပဲခူးတိုင်း ‌ဒေသကြီး ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့၊ ‌မေတ္ထာရပ်ကွက်ရှိ ဖူး‌စောထူးခန်းမ၌ ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၁၃ရက်မှ ၁၅ရက် ‌နေ့အထိ ပြုလုပ်သွားမည့် ၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ထိုသို့ ‌ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်ပါဝင်သူ KYDG ၏ ‌ကျောက်ကြီးတာဝန်ခံ ‌စောအယ်မွီးက “ကရင် လူငယ်‌တွေဟာ အနာဂတ်‌ခေါင်း‌ဆောင်‌တွေ ဖြစ်တဲ့အတွက် အခု ‌ဖော်‌ဆောင်တဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်း‌တွေမှာ တက်တက်ကြွကြွ ပံ့ပိုးကူညီသွားဖို့လိုတဲ့အ‌ကြောင်းကို သူ(‌စောဂျူးဗလီစံလှ)‌ပြောတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့မနက် ၈နာရီခွဲ၌ စတင်ခဲ့ပြီး ပဲခူးတိုင်း‌ဒေသကြီးရှိ ‌စောဂျူးဗလီစံလှ အပါအဝင် တိုင်း လွှတ်‌တော်ကိုယ်စားလှယ် ‌စောလင်း‌အောင်၊ ‌ကျောက်ကြီးမြို့နယ် ရဲမှူး ဦးခင်‌မောင်တင့်၊ KNU မှ ပဒို‌စောလှထွန်း၊ ပဒို‌စောအဲ့က လူ‌စေးတို့အပြင် KPF၊ BGF၊ DKBA၊ KNU/KNLA (PC) လက်နက်ကိုင်အဖွဲ့များ၊ ပြည်တွင်းပြည်ပ လူထုအ‌ခြေပြုအဖွဲ့အစည်းများ နှင့် အစိုးရအရာရှိများ စသည့်အဖွဲ့ အစည်း‌ပေါင်း ၃၆ဖွဲ့မှ ကိုယ်စားလှယ်စုစု‌ပေါင်း ၁၈ဝဦး တက်‌ရောက်ခဲ့ကြသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ယခင်က ‌ကျောက်ကြီးတွင် ယာယီဖွဲ့စည်းထား‌သော ကရင်လူငယ်ကွန်ယက်တခုကိုလည်း ခိုင်မာ ‌အောင် ပြန်လည်ဖွဲ့စည်းရန်ရှိသလို ကရင်လူငယ်များ၏ စည်းလုံးညီညွတ်‌ရေးကို ဖြစ်‌ပေါ်‌စေမည့် အ‌ကြောင်းအရာများနှင့် ပျက်စီး‌စေမည့် အ‌ကြောင်းအရာများကိုပါ ထည့်သွင်း‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ပါ ဝင်သူ ‌ကော့ကရိတ်မြို့နယ်မှ မန်းသိန်း‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက ‌မျှော်လင့်ထားတာက‌တော့ ပြည်တွင်းရယ်၊ နယ်စပ်အ‌ခြေစိုက်အဖွဲ့အစည်းမှာရှိတဲ့ ကရင်လူငယ်‌တွေ၊ CBO၊ CSO ‌တွေ အားလုံး ပါဝင်ပြီး တစုတစည်းတည်းဖြစ်တဲ့ ကရင်လူငယ်ကွန်ယက်ကို ပိုမိုခိုင်မာလာ‌အောင် ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ‌မျှော်လင့်ပါ တယ်”ဟု မန်းသိန်း‌ဇော်က ဆိုသည်။

ထို့အပြင် ‌ရှေ့ဆက်လုပ်‌ဆောင်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်‌ရောက်လာသူများ၏ သ‌ဘောတူညီချက်အရ ‌ဆွေး ‌နွေးပွဲအပြီးတွင် လုပ်ငန်းတာဝန်များကို အသီးသီးခွဲ‌ဝေမည်ပြီး ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်သွားမည်ဟု သိရသည်။