Home သတင်း အစိုးရနှင့် ‌ကေအဲန်ယူတို့ ဇူလိုင်လအတွင်း အလွတ်သ‌ဘော ထပ်မံ‌တွေ့ဆုံရန်ရှိ

အစိုးရနှင့် ‌ကေအဲန်ယူတို့ ဇူလိုင်လအတွင်း အလွတ်သ‌ဘော ထပ်မံ‌တွေ့ဆုံရန်ရှိ

1577
ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Meeting Timeကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ဝင်များ လာမည့် ဇူလိုင်လအတွင်း နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)နှင့် ပတ်သက်၍ အလွတ်သ‌ဘော ထပ်မံ ‌တွေ့ဆုံရန်ရှိ‌ကြောင်း သိရသည်။

ဇွန်လ ၁၅ရက်‌နေ့မှ ၁၆ရက်‌နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ MPC ၌ ပြုလုပ်ခဲ့‌သော Code of Conduct ကိစ္စ အလွတ်သ‌ဘောမျိုး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီးတွင် ‌နောက်ထပ်တစ်ကြိမ် ထပ်မံ‌တွေ့ဆုံရန် ထိုသို့ သ‌ဘောတူခဲ့ခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးသို့ လိုက်ပါခဲ့သူတစ်ဦးဖြစ်သည့် ‌ကေအဲန်ယူ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက ‌ပြောသည်။

“အခု ကျ‌နော်တို့ ‌ဆွေး‌နွေးတာက အလွတ်သ‌ဘောမျိုး ညှိနှိုင်း‌ဆွေး‌နွေးတာပဲ ရှိပါ‌သေးတယ်။ အကြမ်းဖျင်း ညှိနှိုင်း‌ဆွေး‌နွေးထား တာ‌တွေကို နှစ်ဖက်အ‌နေနဲ့ သက်ဆိုင်ရာ လူကြီး‌တွေနဲ့ ပြန်လည်တင်ပြပြီးမှ အတည်ပြုချက်ယူရပါမယ်။ အဲဒါ‌ကြောင့် ‌နောက်လ အတွင်းမှာ ပြန်လည်‌တွေ့ဆုံဖို့ ရှိတာက အလွတ်သ‌ဘောပဲဖြစ်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Code of Conduct ‌ဆွေး‌နွေးရာတွင် နည်းပညာအ‌ထောက်အကူပြုအဖွဲ့အဖြစ် ‌ကေအဲန်ယူဘက်မှ ဗဟိုအလုပ်အမှု‌ဆောင်‌ကော် မတီအဖွဲ့ဝင် ပဒို‌စောတာဒို့မူး၊ တရား‌ရေးဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ‌စေး၊ ဗိုလ်မှူးတာမလာ‌သော၊ ဗဟိုအမြဲတမ်း‌ကော်မတီအ ဖွဲ့ဝင် ပဒို‌စောလှထွန်း၊ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေနှင့် ‌စောတာမူလာတို့ ပါဝင်တက်‌ရောက်ခဲ့သည်။

မြန်မာငြိမ်းချမ်း‌ရေးစင်တာမှ ‌ဒေါက်တာ‌ကျော်ရင်လှိုင်၊ ‌ဒေါက်တာမင်း‌ဇော်ဦး၊ ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဗိုလ်မှူး ကြီး‌ကျော်စိုးဝင်း၊ ‌ဒေါက်တာ‌နော်ရီဘက်ခါတင်၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်တို့ ပါဝင်‌ဆွေး‌နွေးခဲ့ကြ ခြင်း ဖြစ်သည်။

‌ဆွေး‌နွေးမှုတွင် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပတ်သက်ပြီး အချက် ၃၀‌ကျော်ရှိသည့်အနက် တခြားအ‌သေးအစိတ် အချက်များကို အခန်းလိုက် ‌ဆွေး‌နွေးခဲ့ကြပြီး ပြင်ဆင်ရန် လိုအပ်သည့် စကားလုံး အသုံးအနှုန်းများကိုလည်း ပြန်လည်ဖြည့်စွက် ခြင်းများ ပြုလုပ်ခဲ့သည်ဟု တရား‌ရေးဌာနတာဝန်ခံ ပဒို‌စောအယ်ကလူ‌စေးက ‌ပြောသည်။

“ကျ‌နော်တို့‌ဆွေး‌နွေးတာက အဓိက‌တော့ တပ်‌နေရာပြန်လည်ချထား‌ရေးနဲ့ ‌စောင့်ကြည့်‌လေ့လာ‌ရေး အဖွဲ့ထားရှိ ဖွဲ့စည်းတာကို ‌ဆွေး‌နွေးခဲ့ကြတဲ့အပြင် အချို့‌သော မရှင်းလင်းသည့်အချက်များ၊ စကားလုံးအသုံးအနှုန်းများကို နားလည်ရ လွယ်ကူ‌အောင် နှစ်ဖက်ညှိနှိုင်းပြီး ပြင်ဆင်ဖြည့်စွက်‌ဆွေး‌နွေးခဲ့ကြပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရသည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးကို ဖားအံတွင်တစ် ကြိမ်၊ ဧပြီလ ၆ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲကို ရန်ကုန်မြို့တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၃ရက်နှင့် ၄ရက်တို့ တွင် ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် တစ်ကြိမ်‌တွေ့ဆုံပြီး‌နောက်ပိုင်း ယခုအချိန်ထိ တရားဝင် ထပ်မံ ‌တွေ့ဆုံနိုင်ခြင်း မရှိ‌သေး‌ပေ။