Home သတင်း ကယားပြည်နယ်အတွင်း ‌ဒေ သခံအချို့ အစိုးရဌာနအပြင် KNPP သို့ အခွန်‌ငွေ‌ပေး‌ဆောင်ရ

ကယားပြည်နယ်အတွင်း ‌ဒေ သခံအချို့ အစိုးရဌာနအပြင် KNPP သို့ အခွန်‌ငွေ‌ပေး‌ဆောင်ရ

2217
‌မေလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကယားပြည်နယ်ရှိ ‌ကျေးရွာအချို့အတွင်းမှ ‌ဒေ သခံရွာသားများသည် မြန်မာအစိုးရဌာနအပါအဝင် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)မှ အဖွဲ့ဝင်အချို့ထံသို့ အခွန်‌ငွေများ ‌ပေး‌ဆောင်ရ‌သော ‌ကြောင့် အခက်အခဲများနှင့်ကြုံ‌တွေ့‌နေရ‌ကြောင်း ‌လောပိ တမြို့နယ်‌နေ ‌ဒေသခံများထံမှ သိရသည်။

တစ်နှစ်စာအတွက် အခွန်‌ငွေအဖြစ် ‌ထော်လာဂျီတစ်စီးလျှင် ငါး‌သောင်းကျပ် (၅၀၀၀၀)၊ ဆန်ကြိတ်စက်တစ်လုံးလျှင် တစ်သိန်းငါး‌သောင်းကျပ်(၁၅၀၀၀၀)နှင့် အိမ်‌ထောင်စု တစ်စုလျှင် ‌ခြောက်‌ထောင်ကျပ် (၆၀၀၀) ဖြင့် KNPP အဖွဲ့ကို ‌ပေး‌ဆောင်ရလို အဆို ‌ထော်လာဂျီများအား နှစ်လုံးထိုး တစ်စီးလျှင် ‌လေးသိန်းကျပ်(၄၀၀၀၀၀) နှုန်းဖြင့် ပြည်နယ်အစိုးရ အခွန်ဦးစီးဌာနသို့ ‌ပေး‌ဆောင်ရသည်ဟု သိရသည်။

အခွန်‌ငွေများ ‌ပေး‌ဆောင်ရ‌သော ‌ဒေသများမှာ ကယားပြည်နယ်အတွင်းရှိ ဖရူဆို၊ ဒီး‌မော့ဆို၊ ‌လောပိတ၊ လွိုင်လင်‌လေးမြို့နယ်များအတွင်းရှိ ‌ကျေးရွာများဖြစ်ကြပြီး အချို့‌ကျေးရွာများမှာ အစိုးရနှင့် KNPP အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီးသည့်အချိန်မှစတင်၍ KNNP ဘက်မှ ယခုကဲ့သို့ ‌ကောက်ခံလာခြင်းဖြစ်‌ကြောင်း အခွန်‌ပေး‌ဆောင်ရ‌သော ရွာသားတဦးက ယခုလိုရှင်းပြသည်။

“ဘာစာရွက်စာတမ်းမှ မပါဘဲနဲ့ လာ‌ကောက်တာပါ။ ‌လောပိတာဘက်ကဆို ‌ကောက်ခံတဲ့လူက ဦးပိုးရယ်ပါ။ ဖရူဆိုမှာ KNPP နဲ့ လူထု‌တွေ့ဆုံပွဲလုပ်‌တော့ ဆရာ ခူးဦးရယ်က အခွန်‌ပေးရတဲ့ ရွာသားနာမည်ရယ် ရွာနာမည်ရယ် ‌တောင်းပါတယ်။ ဘယ်သူ့မှ မ‌ပေးရဲပါဘူး၊ ‌ကြောက်ကြတာကိုး” ဟု ၎င်းက ‌ကေအိုင်စီကို ‌ပြောသည်။

ထိုကဲ့သို့ ဖြစ်‌ပေါ်‌နေမှုများကို လွိုင်‌ကော်မြို့ရှိ KNPP ဆက်ဆံ‌ရေးရုံးသို့ ဖုန်းဖြင့်ဆက်သွယ်‌မေးမြန်းရာတွင် တာဝန်ခံ‌ဖြေကြားမည့်သူ မရှိ‌ကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်‌ဖြေကြားသည်။

KNPPသည် အစိုးရနှင့် ၂၀၁၂ ခုနှစ် ‌မေလတွင် အပစ်အခတ်ရပ်စဲ သ‌ဘောတူညီမှုရရှိခဲ့ပြီး ဆက်ဆံ‌ရေးရုံး များကို လွိုင်‌ကော်၊ ရှား‌တော ၊ ဒီး‌မော့ဆို ၊ဖရူဆိုမြို့များတွင် ဖွင့်လှစ်ခဲ့သည်။