Home သတင်း ‌နေပြည်‌တော် တရားဥပ‌ဒေ စိုးမိုး‌ရေး‌ကော်မတီအဖွဲ့ ဘားအံမြို့ တရားရုံးကို လာ‌ရောက်ကြည့်ရှု စစ်‌ဆေး

‌နေပြည်‌တော် တရားဥပ‌ဒေ စိုးမိုး‌ရေး‌ကော်မတီအဖွဲ့ ဘားအံမြို့ တရားရုံးကို လာ‌ရောက်ကြည့်ရှု စစ်‌ဆေး

1653
‌မေလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)
တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီ ဖားအံတရားရုံး၌ လာ‌ရောက်ကြည့်ရှု‌လေ့လာ‌နေစဉ်
တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီ ဖားအံတရားရုံး၌ လာ‌ရောက်ကြည့် ရှု‌လေ့လာ‌နေစဉ်

‌နေပြည်‌တော်ရှိ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီ အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ မြို့ နယ်တရားရုံးနှင့် ခရိုင်ရုံးကို ယ‌နေ့ နံနက် ၉နာရီခွဲက လာ‌ရောက်ကြည့်ရှု စစ်‌ဆေးခဲ့သည်။

ယင်း‌ကော်မတီ ဖွဲ့စည်းပြီး သက်တမ်းတနှစ်အတွင်း တစ်နိုင်ငံလုံး၏ အ‌ခြေအ‌နေမှာ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌ရေးတို့ အတန်အသင့် ‌ပြောင်းလဲလာသကဲ့သို့ တရားစီရင်‌ရေးတွင် အာဏာပိုင်များက ဝင်‌ရောက်ချယ်လှယ်မှုများ မရှိသ‌လောက် ‌တွေ့ ရှိရ‌ကြောင်း တည်ငြိမ်‌ရေးနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ဦးဝင်းမြင့်က ‌ပြောသည်။

ဦးဝင်းမြင့်က “အရင်တုန်းကဆိုရင် တရားစီရင်‌ရေးမှာ အာဏာပိုင်‌တွေ ဝင်‌ရောက်ချယ်လှယ်မှု၊ လာဘ်‌ပေးလာဘ်ယူမှု၊ လွတ် လပ်စွာ တရားစီရင်မှု မရှိတာရယ်၊ သက်‌သေခံပစ္စည်းများက နိုင်ငံ‌တော်ဘဏ္ဍာမှာ မ‌ရောက်ရှိတာတို့ ရှိခဲ့တယ်‌လေ။ အခုချိန်မှာ ဒီပြဿနာ‌တွေ ‌လျော့ပါးလာတာ ကျ‌နော်တို့ ‌တွေ့ရှိရတယ်။”ဟု သူက ‌ပြောသည်။

၎င်းတို့‌ကော်မတီအ‌နေဖြင့် ဖားအံမြို့သို့ လာ‌ရောက်ကြည့်ရှု စစ်‌ဆေးရာတွင် ‌တွေ့ရှိရသည့် ထူးခြားချက်နှစ်ချက်မှာ မြို့နယ်၊ ခရိုင်တို့တွင် လာဘ်‌ပေးလာဘ်ယူမှုများကို ကျယ်‌လောင်စွာ မကြားရ‌တော့သကဲ့သို့ ဖားအံမြို့ တရားရုံးမှာလည်း အခြားတိုင်း ‌ဒေသကြီးများနှင့် ပြည်နယ်များလိုမျိုး မဟုတ်ဘဲ ‌သေသပ်စွာ လုပ်ကိုင်ကြသည် ကို ‌တွေ့ရှိရ‌ကြောင်း သူက ထပ်‌လောင်း ‌ပြောဆို သည်။

DSC02581
သို့‌သော် အမှုသည်တစ်ဦးဖြစ်သူ ကိုသက်ကိုကိုက ၎င်းအ‌နေဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရသည့်အချိန် အလွန်ကြာမြင့်ပြီး အမှုရင်ဆိုင်ဆဲကာလ ၈လခန့်တွင် ‌ငွေ ၁ဝသိန်း‌ကျော် ကုန်ခဲ့ပြီဖြစ်‌သော်လည်း အမှုပြီးဆုံးမည့်ရက်ကို အတိအကျ မသိရှိရ‌သေး ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော့်အမှုက (၈)လရှိပြီး။ ‌ရှေ့‌နေငှားခတို့ အားလုံး ‌ငွေ ၁ဝသိန်း‌ကျော်ကုန်‌နေပြီဆို‌ပေမဲ့ အမှုက မပြီး‌သေးဘူး။ ဒီမှာမပြီးရင် ခရိုင်တရားရုံးကို ဆက်သွားရဖို့ ရှိတယ်။”ဟု ကိုသက်ကိုကိုက ‌ပြောဆိုသည်။

ဖားအံမြို့ တရားရုံးတွင် လာ‌ရောက်ကြည့်ရှုစစ်‌ဆေးသည့် တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီဝင်များ သည် ဖားအံမြို့နယ် တရားသူကြီး ဦးမြစံတို့နှင့် တရားဥပ‌ဒေစိုးမိုး‌ရေးအ‌ကြောင်းများ ‌ဆွေး‌နွေးတိုင်ပင်ကြပြီး အမှုသယ်များ၊ တရားရုံးဝန်ထမ်းများကို လိုက်လံ‌တွေ့ဆုံ‌မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဖားအံမြို့ခံများက ‌ပြောသည်။

တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီသည် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနသင်္ာရီ တိုင်း‌ဒေသကြီးများမှလွဲ၍ ကျန်ရှိသည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များတွင် သွား‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီးဖြစ်သည်။ ၎င်း ‌ကော်မတီကို ပြည်သူ့လွှတ်‌တော်က ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၇ရက်‌နေ့တွင် စတင် ဖွဲ့စည်း‌ပေးခဲ့ပြီး ဥက္ကဌမှာ ‌ဒေါ်‌အောင်ဆန်းစု ကြည် ဖြစ်သည်။