Home သတင်း ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး အလုပ် ရုံ‌ဆွေး‌နွေးပွဲတွင် အချက် ၅ချက်သ‌ဘောတူ

ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး အလုပ် ရုံ‌ဆွေး‌နွေးပွဲတွင် အချက် ၅ချက်သ‌ဘောတူ

1806
‌မေလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

IMG_6483
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ‌မေလ ၂ဝရက်မှ ၂၁ရက်‌နေ့အထိ ကျင်းပသည့် ကရင်ပြည်နယ်ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အ‌ခြေခံအချက် ၅ချက်ကို သ‌ဘောတူညီမှုရရှိခဲ့‌ကြောင်း သိရှိရသည်။

‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ဖူး‌သော‌နေရာတွင် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်‌သော လူ့ပတ်ဝန်းကျင်တည်‌ဆောက်ရန် လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေးနှင့် ပတ်သတ်၍ ပြည်တွင်းလူမှုအဖွဲ့အစည်း များ၊ ပြည်နယ်အစိုးအရဖွဲ့တာဝန်ရှိသူများနှင့် KNU ထိန်းချုပ်‌ဒေသများတွင် လူထုအကျိုးပြုလုပ်ငန်းများ‌ဆောင် ရွက်‌နေသည့် လူမှုအဖွဲ့ အစည်းတို့မှ ‌ဆွေး‌နွေးကြပြီး‌နောက် ထိုသို့ သ‌ဘောတူညီမှု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ပါ သ‌ဘောတူညီချက်များအရ ပိုမိုထိ‌ရောက်‌သောပညာ‌ရေးစနစ်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ၊ ဘဝအာမခံချက်‌ပေးနိုင်သည့် အသက်‌မွေး ဝမ်း‌ကြောင်းမှုဆိုင်ရာပညာသင်ကြားနိုင်‌ရေး၊ ခိုင်မာ ‌သောငြိမ်းချမ်း‌ရေးတည်‌ဆောက်ပြီးချိန်တွင် ဒုက္ခသည်များနှင့် ဌာ‌နေစွန့်ခွာသူများ လုံခြုံစိတ်ချစွာဖြင့် ပြန်လည် အ‌ခြေချရန်၊ အ‌ခြေပြုလူမှုအဖွဲ့အစည်းများအကြား ပွင့်လင်းမြင်သာ‌သော အပြုသ‌ဘော‌ဆောင်သည့် ‌တွေ့ဆုံညှိ နှိုင်းမှုများ‌ဖေါ်‌ဆောင်ရန်အတွက် တိုက်တွန်းရန်နှင့် စသည့် အခြားချက်တို့ ပါဝင်သည်။

‌ဆွေး‌နွေးပွဲသို ့တတ်‌ရောက် ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည့် လူမှုဝန်းထမ်း ကယ်ဆယ်‌ရေးနှင့်ပြန်လည်‌နေရာချထား ‌ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှုးချူပ်ဦး‌အောင်ထွန်းခိုင်က “အခု အချက်ငါးချက်ကို မှတ်တမ်းတင်ထား ပြီး‌ဒေသဖွံ့ဖြိုး‌ရေး လူမှုဘဝစီမံချက်များ‌ရေးဆွဲရာမှာ ကျ‌နော်တို့ ထည့်သွင်း‌ရေးဆွဲသွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ဗဟိုအလုပ်အမှု‌ဆောင် ‌နော်ဘလူးမင်းနိုက်ဇန်ကလည်း အစိုးရ‌နေဖြင့် ပြည်သူလူထုနှင့်ကင်းကွာ၍ မရ‌ကြောင်း၊ တိုင်းပြည်ပြန်လည်ထူး‌ထောင်ရာတွင် အစိုးရမှ လုပ်‌ဆောင်သင့်သည် များကို အစိုးရမှလုပ်ကာ အစိုးရလက်လှမ်းမမှီသည့် ကိစ္စများကို တိုင်းရင်းသားများအားလုပ်‌ဆောင်ခွင့်‌ပေးသင့် ‌ကြောင်း ထိုသို ့ခွဲလုပ်‌ဆောင်မည်ဆိုပါက တိုင်းပြည်သည် ဆယ်နှစ်အတွင်း တိုးတတ်သွားမည်ဟု ယုံကြည် ‌ကြောင်း ‌ဆွေး‌နွေးပွဲအပြီး အမှာစကား‌ပြောကြားရာတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

၎င်းက “အခု တိုင်းပြည်ပြန်လည်ထူး‌ထောင်ရမဲ့အချိန်မှာ အစိုးရဟာ အစိုးရတာဝန်သူလုပ်ရလိမ့်မယ်။ ထိုနည်း လည်း‌ကောင်းပဲ တစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဲဆိုဆို နိုင်ငံ‌ရေးအဖွဲ့ပဲ ဆိုဆို၊ သူတို့တာဝန်သူတို့ အပိုင်းရှိတယ်။ သူတို့ လုပ်ရလိမ့်မယ်။ ထိုနည်းတူ CBOCS ‌တွေ ့သုံးခု‌ပေါင်းပြီး အလုပ်လုပ်လို့ ယှဉ်ရင် ကျမတို ့ နိုင်ငံဟာ အချိန်တိုအတွင်း ထိပ်သီးနိုင်ငံဖြစ်လာလိမ့်မယ်”ဟု ‌ပြောကြားခဲ့သည်။

ယခုပြုလုပ်သည် အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်လွှတ်‌တော်ဥက္ကဌနှင့်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှု‌ရေးအဖွဲ ့အစည်းများနှင့် KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ KED၊ နယ်လှည့်‌ကျောပိုးအိတ်အဖွဲ့၊ CIDKP အဖွဲ့တို့ တတ်‌ရောက်ခဲ့‌ကြောင်း သိရသည်။