Home သတင်း တိုင်းရင်းသား‌ဒေသများ အ‌ခြေအ‌နေ ရိုက်ကူးထားသည့် ရုပ်ရှင်ကား အ‌ကောင်းဆုံး ဇာတ်လမ်းတိုဆုရရှိ

တိုင်းရင်းသား‌ဒေသများ အ‌ခြေအ‌နေ ရိုက်ကူးထားသည့် ရုပ်ရှင်ကား အ‌ကောင်းဆုံး ဇာတ်လမ်းတိုဆုရရှိ

1947
‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

လွတ်လပ်ခြင်း အနုပညာပွဲ‌တော် ဆု‌ပေးပွဲတွင် ‌တွေ့ရသည့် ဦးတင်ဦး

ဒုတိယအကြိမ်‌မြောက် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲ‌တော် ဆု‌ပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ရက် ည‌နေပိုင်းက ရန်ကုန် မြို့‌တော်ဝင်စင်တာ၌ ကျင်းပခဲ့ရာ တိုင်းရင်းသား‌ဒေသများ၏ လက်ရှိအ‌ခြေအ‌နေကို ရို်က်ကူးထားသည့် “မဂင်္လာပါ ဒီမိုက‌ရေစီ” ရုပ်ရှင်ဇာတ်ကားမှ အ‌ကောင်းဆုံး ဇာတ်လမ်းတိုဆုကို ရရှိသွားခဲ့သည်။

ယင်းဇာတ်ကားကို ဒါရို်က်တာ သုတ(‌မော်ကွန်း)က ရိုက်ကူးထားခြင်းဖြစ်ပြီး လက်ရှိတိုင်းရင်းသား‌ဒေသများ၌ မငြိမ်းချမ်း‌သေးဘဲ ဒီမိုအ‌ရေစီနှင့် အလှမ်းကွာ‌ဝေးကာ ဖွံ့ဖြိုးမှု‌နောက်ကျ‌နေသည့် အ‌ခြေအ‌နေများကို ၇မိနစ်ကြာ ရိုက်ကူးထားခြင်းဖြစ်ရာ အဆိုပါ ရုပ်ရှင်ကားနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးတို့၏ အခက်အခဲများကို ဉာဏ်မှီသ‌လောက် ကိုယ့်အ‌တွေးနှင့်ကိုယ် ‌ထောက်ပြ တင်ဆက်ထားခြင်းဖြစ်‌ကြောင်း ဒါရို်က်တာသုတ(‌မော်ကွန်း)က ဆုယူအပြီး ‌ကျေးဇူးတင်စကား‌ပြောကြားခဲ့သည်။

“ကျွန်‌တော့် အ‌ဖေနဲ့အ‌မေကို ‌ကျေးဇူးတင်ပါတယ်။ ဒီကားဖြစ်‌မြောက်‌အောင် ဝိုင်းပြီး‌တော့ ကူညီတဲ့သူငယ်ချင်းများ အားလုံးကို လည်း ‌ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်‌တော်‌မျှော်လင့်မထားပါဘူး။ ကား‌တွေကလည်း အကုန်လုံး‌ကောင်း‌နေပါတယ်။ မ‌မျှော် လင့်ပဲ ရတဲ့ဆုမို ့‌ပျော်ပါတယ်ခင်ဗျာ”ဟု ၎င်းက ‌ပြောသည်။

အဆိုပါဆု‌ပေးပွဲတွင် Animation ရုပ်ရှင်အမျိုးအစားအတွက် ဒါရိုက်တာရဲဝင်း ရိုက်ကူးသည့် ရုပ်စုံသဘင်ဇာတ်ကား၊ Documentary ရုပ်ရှင်အမျိုးအစားအတွက် ဒါရိုက်တာရှင်‌ဒေဝီ ရိုက်ကူးသည့် The Bright Future ဇာတ်ကား၊ Short Film အမျိုးအစားအတွက် ဒါရိုက်တာသုတ(‌မော်ကွန်း) ရိုက်ကူးသည့် မဂင်္လာပါ ဒီမိုက‌ရေစီဇာတ်ကား၊ Photo Eassy အမျိုးအစား အတွက် ဒါရိုက်တာစိုး‌ဇေယျထွန်း ရိုက်ကူးသည့် Dawn of the Nation ဇာတ်ကားတို ့အ‌ကောင်းဆုံးဆုရရှိခဲ့သည်။

၎င်းပွဲ‌တော်၌ ‌တေးသီချင်းပြိုင်ပွဲတွင် အ‌ကောင်းဆုံး မြန်မာသံစဉ်‌တေးသီချင်းဆုကို ‌တေး‌ရေး ရဲနိုင်လင်း(ကျိုက်လတ်)၏ အကြီး မြတ်ဆုံးဂုဏ်သီချင်း၊ အ‌ကောင်းဆုံး ‌ခေတ်‌ပေါ်‌တေးသီချင်းဆုအတွက် ‌တေး‌ရေးလင်းထက်၏ ‘‌အောင်ဆန်းမျိုး‌ဟေ့ မြန်မာ’ သီ ချင်း၊ အ‌ကောင်းဆုံး ဟစ်‌ဟော့‌တေးသီချင်းဆုကို ‌တေး‌ရေး Exter T ၏ ‘ရှင်သန်‌နေဆဲ သူရဲ‌ကောင်း’ သီချင်းတို့ ဆုရရှိခဲ့သည်။

ယခုနှစ်အတွက် ပရိဿတ်အကြိုက်ဆုံး ဇာတ်ကားဆုကို ဒါရိုက်တာထွန်းထွန်း‌အေး ရိုက်ကူးသည့် Spring Hlegu မှတ်တမ်း ရုပ်ရှင်ဇာတ်ကားနှင့် ပရိဿတ်အကြိုက်ဆုံး ‌တေးသီးချင်းဆုကို ‌တေး‌ရေး စိန်ညီ‌ဆွေ(မန်း)၏ ‘ပြည်သူချစ်‌သော တို့ဗိုလ်ချုပ် ‌အောင်ဆန်း’ သီချင်းတို့က အသီးသီးရရှိသွားသည်။

ယခုနှစ် ရုပ်ရှင်ပွဲ‌တော်သို့ ပြည်ပခရီးသွား‌ရောက်‌နေသည့်အတွက် ‌ဒေါ်‌အောင်ဆန်းစုကြည် တက်‌ရောက်နိုင်ခြင်းမရှိ‌သော်လည်း ဆု‌ပေးပွဲသို့ သဝဏ်လွှာ‌ပေးပို့ခဲ့ပြီး NLD နာယက ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ တက်‌ရောက်၍ အမှာစကား‌ပြောကြားခဲ့သည်။

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲ‌တော်ကို ‌ဒေါ်‌အောင်ဆန်းစုကြည်ကို အမှုထား၍ စွယ်စုံရသရုပ်‌ဆောင် ဇာဂနာက ဦး‌ဆောင်ခဲ့ ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရုပ်ရှင်ပွဲ‌တော်သို ့ဇာတ်ကား‌ပေါင်း ၅၅ကား ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့‌ကြောင်း၊ ‌တေးဂီတတွင် ‌တေး ‌ရေး ၁၈၈ဦးမှ ‌တေးသီချင်း ၁၇၇ပုဒ် ယှဉ်ပြိုင်ခဲ့‌ကြောင်း ဦးဇာဂနာက ‌ပြောကြားသည်။