Home သတင်း ပုဂ္ဂိုလ်‌ရေးထိခိုက်မှုမျိုးမီဒီယာ များ ‌ရှောင်ကြဉ်ကြရန် ပြည်တွင်း NGO ကျန်းမာ‌ရေးအဖွဲ့များ ‌ပြောဆို

ပုဂ္ဂိုလ်‌ရေးထိခိုက်မှုမျိုးမီဒီယာ များ ‌ရှောင်ကြဉ်ကြရန် ပြည်တွင်း NGO ကျန်းမာ‌ရေးအဖွဲ့များ ‌ပြောဆို

2311
‌အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


မြန်မာမီဒီယာများအ‌နေဖြင့် သတင်း‌ရေးသားသည့်အခါ ပုဂ္ဂိုလ်‌ရေးထိခိုက်‌စေမည့်သတင်းမျိုး ‌ရှောင်ကြဉ်ကြရန် မြန် မာနိုင်ငံအ‌ခြေစိုက် ကျန်းမာ‌ရေးနှင့် ဆက်စပ်သည့် အစိုးရမဟုတ်‌သောအဖွဲ့-NGO များက ယခုအပတ်အတွင်း ‌ပြောကြားလိုက်သည်။

‌အောက်တိုဘာလ ဒုတိယပတ်က ထွက်ရှိ‌သော ပြည်တွင်းထုတ် မဇိ္ဈမဂျာနယ်ပါ သတင်းတစ်ပုဒ်အရ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် သည်ဟု ယူဆရသည့် အမျိုးသမီးတဦး၏ ဓါတ်ပုံကို ‌ဖေ့စ်ဘွတ်ခ်(Facebook) တစ်ခုမှ ထုတ်ယူသုံးစွဲ‌ဖော်ပြပြီး‌နောက်ပိုင်း ယင်းအဖွဲ့များ က ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ HIV ပိုးကူးစက်ခံရသူများကို ကူညီ‌ပေး‌နေသည့် UNAIDS မှ Social Mobilization Officer ‌ဒေါက်တာစိုးနိုင်က သတင်းမီဒီယာများအ‌နေဖြင့် ပုဂ္ဂိုလ်‌ရေးနှင့် ပတ်သက်သည့် သတင်းမျိုးကို မ‌ရေးမီ ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာနိုင်သည့် အ‌ခြေအ‌နေ များကို ထည့်သွင်းစဉ်းစားသင့်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကိုယ်‌ရေးတင်လိုက်တဲ့ သတင်းဟာ တစ်နိုင်ငံလုံးကို ‌ရောက်တာဖြစ်ပါတယ်။ ‌ရေးသားသူ တင်ပြသူများဟာ တာဝန်သိရပါမယ်။ ငါသာ သူ့‌နေရာဆို ဘယ်လိုဖြစ်မလဲဆိုတာ ထည့်စဉ်းစား‌စေချင်ပါတယ်။ ရည်ရွယ်ချက် ‌ကောင်း‌ပေမယ့် အကျိုးမရှိရင် ဘာလို့‌ပြော‌နေ၊ ‌ရေး‌နေ မှာလဲ။ မှန်လို့‌ရေးတာဆို‌ပေမယ့် စဉ်းစားကြ‌စေချင်ပါတယ်”ဟု ‌ပြောဆိုသည်။

ထိုသို့ ဓာတ်ပုံ ‌ဖော်ပြခံရခဲ့မှုအ‌ပေါ် သူမအား နာမည်ကြီး‌အောင် လုပ်သလို ဖြစ်‌နေမှာ‌ကြောက်သည်ဟု ဂျာနယ်တွင် ‌ဖော်ပြခံရသူ အမျိုး သမီးနှင့် နီးစပ်သည့် အသိမိတ်‌ဆွေတစ်ဦးက ‌ကေအိုင်စီသို့ ပြန်လည် ‌ပြောပြခဲ့သည်။

မြန်မာ‌ပေါ့စ်တစ်ကွန်ယက်၏ အကြံ‌ပေး ဦးသီဟကြိုင်ကလည်း သတင်း‌ရေးသား‌ဖော်ပြမှုများတွင် လူသားဆန်‌စေချင်‌ကြောင်း ‌ပြောသည်။ သူက “ပြည့်တန်ဆာတို့ HIV တို့ကို သုံးစွဲတာမှားတာထက် လူသားတစ်‌ယောက်ရဲ့ဂုဏ်သိက္ခာကို ‌လေးစားဖို့ လိုပါတယ်။ နားမလည်ရင် လည်း ‌လေ့လာပါလို့ ‌ပြောချင်ပါတယ်”ဟု ဆိုသည်။

ဆက်လက်၍ Facebook စာမျက်နှာများ‌ပေါ်မှ ခွင့်မ‌တောင်းဘဲ ဓာတ်ပုံများကူးယူခြင်းသည် မီဒီယာစည်းကမ်းအား မထိန်းခြင်းဖြစ်သည် ဟု ယူဆ‌ကြောင်း HIV အပါအဝင် ‌ရောဂါသုံးမျိုးအတွက် မြန်မာနိုင်ငံ ပြည်တွင်းညှိနှိုင်း‌ရေးယန္တယားအဖွဲ့-CCM ၏ ကိုုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးစိုးမိုး‌ကျော်ကလည်း ‌ပြောဆိုသည်။

၎င်း‌ရေးသား‌ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ မဇိ္ဈမဂျာနယ်က ‌အောက်တိုဘာလ တတိယပတ် ထုတ်စာ‌စောင်တွင် ယခင်က လိင်အလုပ်သမား လုပ်ခဲ့ဖူးသူဟု ‌ဖော်ပြခြင်း၊ ဓာတ်ပုံအား ခွင့်မ‌တောင်းဘဲ ယူသုံးခြင်းအ‌ပေါ် ‌တောင်းပန်စာတစ်‌စောင်ကို ပြန်လည်‌ဖော်ပြခဲ့သည်။

သို့‌သော် လိင်အလုပ်သမများအား နှစ်သိမ့်‌ဆွေး‌နွေးပညာ‌ပေးသူ AZG မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးက “ဂျာနယ်မှာ အတိအလင်း ‌တောင်းပန်တာထက် ကိုယ်တိုင်သွားပြီး ‌တောင်းပန်သင့်တဲ့ ကိစ္စပါ။ ကာယကံရှင်ဟာ အမျိုးသမီးတစ်ဦး၊ မိခင်တစ်ဦးဆိုတာလည်း ထည့်စဉ်းစား‌စေချင်ပါတယ်”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ စက်တင်ဘာလတွင် သတင်းသမားများအား အိပ်ချ်အိုင်ဗွီ/‌အေအိုင်ဒီအက်စ်နှင့် ပတ်သက်‌သော အချက်အလက် များ ‌ရေးသားပါက လိုက်နာ‌စောင့်ထိန်းသင့်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို Pyo Pin နှင့် DFID တို့မှ ပံ့ပိုးမှုဖြင့် မီဒီယာဆရာအဖြစ် ဆရာရဲနိုင်မိုးမှ ဦး‌ဆောင်ကာ ပြုလုပ်‌ပေးခဲ့ပြီး လိုက်နာရမည့် အချက်များပါဝင်‌သော စာအုပ်များလည်း ထုတ်‌ဝေဖြန်ချိခဲ့သည်။