Home သတင်း စစ်‌ပြေး‌ရှောင် တိုင်းရင်းသား ဒုက္ခသည်များ အကူအညီ ရရှိ‌ရေးအတွက် UNFC ဂျပန်နိုင်ငံ‌ရောက်ရှိ

စစ်‌ပြေး‌ရှောင် တိုင်းရင်းသား ဒုက္ခသည်များ အကူအညီ ရရှိ‌ရေးအတွက် UNFC ဂျပန်နိုင်ငံ‌ရောက်ရှိ

1980
‌အောက်တိုဘာလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

မြန်မာနိုင်ငံရှိ စစ်‌ပြေး‌ရှောင် တိုင်းရင်းသားဒုက္ခသည်များ အကူအညီရရှိ‌စေ‌ရေးအတွက် ညီညွတ်‌သောတိုင်းရင်း သားလူမျိုးများ ဖယ်ဒရယ်‌ကောင်စီ(UNFC)သည် နိပွန်‌ဖေါင်‌ဒေးရှင်းနှင့် ‌တွေ့ဆုံရန် ‌အောက်တိုဘာလ ၁၇ ရက်‌နေ့ ညအချိန်တွင် ဂျပန်နိုင်ငံသို့ ‌ရောက်ရှိခဲ့သည်။

ယင်းခရီးစဉ်ကို ခွန်ဥက္ကာ ဦး‌ဆောင်ကာ နိုင်ငံခြား‌ရေးဒုတာဝန်ခံ ‌ဒေါက်တာခင်‌မောင်အပါအဝင် ဦးခွန်ဝါး၊ ဗိုလ်မှူး ကြီး လှ‌အောင်၊ ကို‌အောင်ဝင်းကြည် စသည့် အဖွဲ့ဝင် ၁၉ဦးပါဝင်ပြီး ဂျပန်နိုင်ငံရှိ လူသားချင်းစာနာမှု အကူအညီ ‌ပေးသည့် နိပွန်‌ဖေါင်‌ဒေးရှင်း၏ ဖိတ်‌ခေါ်ခြင်းဖြင့် ၇ ရက်ကြာသွား‌ရောက်မည့် ခရီးစဉ်ဖြစ်သည်ဟု UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာက ‌ပြောသည်။

နိုင်ဟံသာ “အဓိက‌တော့ တိုင်းရင်းသား ဒုက္ခသည်‌တွေကို ကူညီ‌ရေး‌ပေါ့။ ပြီး‌တော့ (မြန်မာနိုင်ငံအတွင်း) တိုင်းရင်းသား‌တွေက စစ်ဒဏ်‌ကြောင့် ဆင်းရဲ၊ ဒုက္ခ‌ရောက်ရတဲ့ အ‌ကြောင်း‌တွေကို နိပွန်‌ဖေါင်း‌ဒေးရှင်းရဲ့ ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌တွေ သိ‌စေရန် ‌ဆွေး‌နွေးတင်ပြဖို့ သွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဂျပန်နိုင်ငံသို့ ‌ရောက်ရှိသွား‌သော UNFC ကိုယ်စားလှယ်အဖွဲ့ကို နိပွန်‌ဖောင်‌ဒေးရှင်းက ယမန်‌နေ့က တိုကျိုမြို့ တွင် ‌တွေ့ဆုံခဲ့ပြီး ယခင် UNFC နှင့် သ‌ဘောထားသည့် လမ်းပမ်းဆက်သွယ်‌ရေး၊ စားနပ်ရိက္ခာ၊ ‌ဆေးဝါး စသည့် လူသားချင်းစာ နာမှုဆိုင်ရာ အကူအညီအတွက် အ‌မေရိကန်‌ဒေါ်လာ ၃ သန်း ‌ပေးအပ်ရန် သ‌ဘောတူလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ဂျပန် နိပွန်‌ဖေါင်း‌ဒေးရှင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်များကို အကူအညီ‌ပေးရန် ယခု ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်‌နေ့က ဇင်းမယ်မြို့တွင် UNFC နှင့် သ‌ဘောတူထားခဲ့ခြင်းလည်း ဖြစ်သည်။

သို့‌သော် နိပွန်‌ဖေါင်း‌ဒေးရှင်းသည် ဇွန်လ ၂၇ ရက်‌နေ့တွင် မြန်မာနိုင်ငံသို့ သွား‌ရောက်ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြန်လည်‌တွေ့ဆုံး‌ဆွေး‌နွေးခဲ့သည့်အခါ ၎င်းအကူအညီကို မ‌ပေးသင့်‌သေး ‌ကြောင်း အစိုးရဝန်ကြီးများက ‌ပြောဆိုခဲ့ကြသည်။
ထို့‌နောက် ဩဂုတ်လ ၈ ရက်‌နေ့တွင် နိပွန်‌ဖေါင်း‌ဒေးရှင်းမှ ‌ပေးမည့် အကူအညီကို ရုပ်သိမ်းလိုက်‌ကြောင်း အ‌ကြောင်းကြားစာတစ်‌စောင် UNFC က လက်ခံရရှိခဲ့‌သေးသည်။

ယခု ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် စီစဉ်ခြင်းဖြစ်‌ကြောင်းနှင့် တိုင်းရင်းသားများ အတွက် လူမှု‌ရေးအားဖြင့် ဂျပန်ကူညီမည့်ကိစ္စသည် မြန်မာအစိုးရက သ‌ဘောတူလိုက်သည်ဟု UNFC နိုင်ဟံသာက ဆက်‌ပြောသည်။
“အစိုးရနဲ့ နိပွန်‌ဖေါင်‌ဒေးရှင်း‌တွေ ပြန်လည်ညှိနှိုင်း‌ဆွေး‌နွေးပြီး‌တော့ ဒီတိုင်းရင်းသားဒုက္ခသည်‌တွေ အကူညီ‌ပေး ‌ရေးကို အစိုးရကလည်း လက်ခံသ‌ဘောတူလိုက်တာ ဖြစ်ပါတယ်”ဟု နိုင်ဟံသာက ‌ပြောသည်။

UNFC ကို တိုင်းရင်းသားလက်ကိုင်အဖွဲ့ (၁၂)ဖွဲ့ဖြင့် ၂၀၁ဝ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ ရက်‌နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်‌နေရာတွင် ဖွဲ့စည်းထူ‌ထောင်ခဲ့ပြီး လက်ရှိ ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA မှလွဲ၍ ကျန်အဖွဲ့များမှာ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိထားသည်။