Home သတင်း လားရှိုး‌ရေ‌ဘေးဒုက္ခသည်များကို ဒုသမ္မတက ‌ငွေကျပ်သိန်း ၁၀၀ဝခန့် သွား‌ရောက်ကူညီခဲ့

လားရှိုး‌ရေ‌ဘေးဒုက္ခသည်များကို ဒုသမ္မတက ‌ငွေကျပ်သိန်း ၁၀၀ဝခန့် သွား‌ရောက်ကူညီခဲ့

1859
စက်တင်ဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


‌ရေ‌ဘေးကြုံ‌တွေ့ခဲ့သည့် သျှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ‌ရေ‌ဘေးဒုက္ခသည်များကို ဒု-သမ္မတ ‌ဒေါက်တာ စိုင်း‌မောက်ခမ်းဦး‌ဆောင်အဖွဲ့တို့က ကူညီ‌ထောက်ပံ့မှု စုစု‌ပေါင်း ‌ငွေကျပ်သိန်း ၁,၀၀ဝခန့် ယမန်‌နေ့ည‌နေပိုင်းက သွား‌ရောက်အကူအညီ‌ပေးခဲ့သည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် စိုင်းစံမင်းက “ကူညီ ‌ထောက်ပံ့‌ပေးတဲ့အ‌နေနဲ့ ‌ငွေ‌တွေ အစားအ‌သောက်‌တွေ အသုံးအ‌ဆောင်‌တွေ‌ပေးတယ်ခင်ဗျ။ သမ္မတနဲ့ ပါလာတဲ့ ကုမ္ပဏီ‌တွေလည်း ‌ထောက်ပံ့‌ပေးတာရှိတယ်။ သျမ်းစာ‌ပေ နဲ့ ယဉ်‌ကျေးမှုကို ‌ပေးလှူခဲ့တယ် ခင်ဗျ”ဟု ‌ပြောသည်။

ဩဂုတ်လ ၁၉ရက်‌နေ့မှစပြီး နှစ် ၄ဝအတွင်း ဖြစ်ပွားခဲ့သည့် လားရှိုးမြို့တွင် အနည်းဆုံး ရပ်ကွက် ၆ခုခန့် ‌ရေမြုပ်ခဲ့ပြီး ‌ရေ‌ဘေးဒုက္ခသည် ‌ပေါင်း ၂,၀၀၀‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

‌ရေ‌ဘေးဒုက္ခသည်များကို သျှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှုရုံးများအပြင် ဒုက္ခသည်အများဆုံးရှိသည့် ခိုလှုံ‌နေထိုင်‌နေကြသည့် အမှတ်-၉ ကယ် ဆယ်‌ရေးစခန်းသို့လည်း ဒု-သမ္မတက သွား‌ရောက်ခဲ့သည်ဟု သိရသည်။

‌ရေ‌ဘေးကြုံ‌တွေ့‌နေကြရသည့် လားရှိုး‌ဒေသခံများမှာ ဒုသမ္မတမှ လာ‌ရောက်ကူညီ ‌ထောက်ပံ့အား‌ပေးခဲ့သည့်အ‌ပေါ် ‌ကျေနပ်ဝမ်းသာ‌နေ ကြ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

မိုးဆက်တိုက်ရွာသွန်း၍ နမ့်‌ယောင်‌ချောင်း၊ နမ်းလျှိုး‌ချောင်းနှင့် နမ်းပါခီး‌ချောင်းတို့ ‌ရေလျှံတက်လာခြင်းနှင့် အာဏာပိုင်တို့ ကန်‌ရေ‌ဖောက် ချမှု‌ကြောင့် ‌ရေကြီးခဲ့ရသလို ‌ရေကြီးမှုတွင် အိုးအိမ်ပျက်စီးကာ လယ်ယာ‌မြေများလည်း အများအပြား ပျက်စီးခဲ့ရသည်။

ယခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ မြစ်‌ရေလျှံတက်မှု‌ကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် ‌ရေကြီးပြီး ‌ရေ‌ဘေးအန္တရာယ် ကြုံ‌တွေ့ခဲ့ကြ သည်။

အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အပြင် မြို့နယ် ၅၅မြို့နယ်တို့တွင် အဆိုးရွားဆုံး ‌ရေလွှမ်းခံခဲ့ရခြင်း ဖြစ်ပြီး လယ်‌မြေဧက ငါးသိန်း‌ကျော် နစ်မြုပ်ပျက်စီးခဲ့သည်ဟု ‌ရေ‌ဘေးအကူညီ‌ပေး‌ရေးအဖွဲ့များက ခန့်မှန်းထားသည်။