Home သတင်း ဒဂုံ‌မြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပို‌ငွေပြန်မအမ်းမှု တိုင်ကြားခံရ

ဒဂုံ‌မြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပို‌ငွေပြန်မအမ်းမှု တိုင်ကြားခံရ

3135
စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်‌မြောက်ပိုင်း ၃၇ရပ်ကွက် စွမ်းအင်မှတ်တိုင်ရှိ မီတာ‌ဆောင်ရ‌သောရုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲခများကို ‌ပေး ‌ဆောင်ရာ၌ ပို‌ငွေများကို ပြန်မအမ်းသည့်အ‌ပေါ် စက်တင်ဘာလ ၂၁ရက် (‌သောကြာ‌နေ့)တွင် ရပ်ကွက်‌နေသူများက မြို့နယ်အုပ်ချုပ်‌ရေး ရုံးသို့ တိုင်ကြားမှုများ ရှိသည်။

ယင်းသို့ တိုင်ကြားလာမှု‌ကြောင့် ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်‌မြောက်ပိုင်း မြို့နယ်အုပ်ချုပ်‌ရေးမှူးရုံး တာဝန်ရှိသူများက ပြန်လည်စိ စစ် ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း အုပ်ချုပ်‌ရေးရုံးမှ ‌ပြောဆိုခွင့်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သွား‌ရောက်ပြီး စစ်‌ဆေး‌ဆောင်ရွက်‌ပေးပါ့မယ်။ ဒဂုံ‌မြောက်ပိုင်းမှာက ရုံးခွဲ‌တွေ အများကြီးရှိတာဖြစ်လို့ ဘယ်ရပ်ကွက် မှာ ရှိတဲ့ရုံးလဲဆိုတာ ‌သေချာ‌ပြောပြရပါမယ်။ ဘယ်‌နေ့မှာ သွား‌ဆောင်လို့ ဖြစ်တာလဲဆိုတာကိုလည်း ‌ပြောပြရပါမယ်။ နာမည်လိပ်စာနဲ့ ‌ဖော်ပြရင် ပို‌ကောင်းမှာပါ။ အဲဒါဆို ကျ‌နော်တို့ ချက်ချင်းလုပ်‌ဆောင်‌ပေးမှာပါ”ဟု ‌ပြောသည်။

ထို‌နေ့တွင် မီတာခ သွား‌ရောက်‌ပေး‌ဆောင်သူ ၃၆ရပ်ကွက်မှ ဦး‌စောဖရပ်က “ကျ‌နော်‌ရှေ့မှာ အမျိုးသမီးတစ်‌ယောက် မီတာရုံးက
စာ‌ရေးမ‌လေးကို ‌မေး‌နေတာ‌တွေ့တယ်။ ပို‌ငွေပြန်အမ်းသလားတဲ့။ မျက်မှန်တပ်ထားတဲ့ စာ‌ရေးမက အမ်းစရာမလိုဘူးတဲ့။ အဲဒီအမျိုးသမီး က ဘာမှမ‌ပြောဘူး။ သူ့‌ငွေနဲ့ ‌ဘောက်ချာစာရွက်ကို ‌သေချာကြည့်ပြီး ပြန်သွားတာ ‌တွေ့ရတယ်”ဟု ဆိုသည်။

ထိုကဲ့သို့ မီတာခအပို‌ငွေများမှာ ပမာဏ မများ‌သော်လည်း ပုံမှန်အားဖြင့် ပြန်လည်အမ်း‌ပေးရမည်ဖြစ်ပြီး ယခုလို ပြန်မအမ်းသည်မှာ ယခင် လများကလည်း ရှိခဲ့‌ကြောင်း ၎င်းလျှပ်စစ်ရုံးတွင် မီတာခ သွား‌ရောက်‌ပေး‌ဆောင်‌နေသူများက ‌ပြောဆိုသည်။

“ကျ‌နော်တို့အတွက် ပို‌ငွေက ဘယ်‌လောက်မှမများပါဘူး။ တစ်ခါတ‌လေ ၄၅ကျပ်။ တစ်ခါတ‌လေ ၇ဝကျပ်ပါပဲ။ ဒါ‌ပေမယ့် သူတို့စားပွဲ‌ပေါ် မှာ အ‌ကြွေ ၅ကျပ်ကအစ တင်ထားတာမို့ ပြန်အမ်းရမယ်‌လေ။ အ‌ကြွေမရှိဘူးဆိုရင်လည်း ရှိ‌အောင်၊ အဆင်‌ပြေ‌အောင် လုပ်‌ပေးရမယ့် တာဝန်ရှိတယ်လို့ ကျ‌နော်မြင်တယ်။ အ‌ကြွေပြန်အမ်းဖို့ ‌ပြောရင်လည်း အမ်းဖို့ မလိုဘူးလို့ ‌ပြော‌သေးတာ”ဟု ၃၇ရပ်ကွက်မှ ဦးမျိုးဆန်းက ‌ပြောသည်။

မြို့နယ်လျှစ်စစ်ဌာနသို့ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ မီတာခ‌ဆောင်‌သောဌာနများအတွက် ‌ငွေအ‌ကြွေများ အဆင်‌ပြေ‌စေရန် ထားရှိ ‌ပေးထား‌ကြောင်း တာဝန်ရှိသူတစ်ဦးက ‌ပြော‌သော်လည်း လက်‌တွေ့တွင်မူ ပြန်လည် အမ်း‌ပေးခြင်းမရှိဘဲ ယခင် စစ်အစိုးရလက်ထက်အ တိုင်း လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဝေဖန်မှုများ ရှိ‌နေသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း‌ဒေသကြီးရှိ မြို့နယ်များမှာ လျှပ်စစ်မီတာ ထိန်းသိမ်း‌စောင့်‌ရှောက်ခကို ၅၀ဝကျပ်မှ ၁၀ဝကျပ်သို့ တိုးမြှင့်ဝန် ‌ဆောင်မှု ‌ပေးရပြီး‌နောက် လျှပ်စစ်မီးနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်ဌာန ဖုန်း(၀၉- ၅၁၂၆ ၁၇၂)အပြင် မြို့နယ်အုပ်ချုပ်‌ရေးရုံး ဖုန်း(၀၉- ၅၁၉၇ ဝ၂၈)သို့လည်း တိုင်ကြားအသိ‌ပေးနိုင်‌ကြောင်း သိရသည်။