Home သတင်း KNU တပ်မဟာ(၆)တွင် အ‌ခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

KNU တပ်မဟာ(၆)တွင် အ‌ခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

2540
ဩဂုတ်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ KNLA တပ်မဟာ(၆) တပ်ရင်း (၂၀၁) ဌာနချုပ် ‌ဝေါ်‌လေခီးတွင် သတ္တမအကြိမ်‌မြောက် အ‌ခြေခံစစ်သင်တန်းဆင်းပွဲကို ယ‌နေ့ ပြုလုပ်ကျင်းပခဲ့သည်။

(၂၀၁)တပ်ရင်းမှ ဦးစီး၍ သင်တန်းသူ ၃ဦး၊ သင်တန်းသား ၄၅ဦး တက်‌ရောက်ခဲ့သည့် ၎င်းစစ်သင်တန်းကို ပြီးခဲ့သည့် ဇူလိုင်လက စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်လကြာသင်တန်းရက်ပြည့်ပြီး‌နောက် ယခုလို အခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု ၎င်းတပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်မှူး‌စောဘူး‌ဖောက ‌ပြောသည်။

“အမျိုးသား‌ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ သင်တန်း‌တော့ ‌အောင်မြင်စွာ ပြီးဆုံးသွားပြီ။ သင်တန်းပြီးသွားတဲ့ စစ်သည်‌တွေလည်း သူတို့ ရဲ့တပ်ရင်း‌တွေဆီ ပြန်သွားကြပြီး‌တော့ တတ်သွားတဲ့ပညာ‌တွေနဲ့ အမျိုးသား‌ရေးအတွက် ဆက်လုပ်ကြမယ်လို့ ‌မျှော်လင့်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တပ်ရင်း(၂၀၁)နှင့် တပ်ရင်း(၁၀၃)တို့မှ စစ်သည်များ တက်‌ရောက်ခဲ့သည့် အဆိုပါအ‌ခြေခံစစ်သင်တန်းတွင် သင်တန်းဆရာ ၅ဦးက စစ် ‌ရေးအပြင် နိုင်ငံ‌ရေးအသိပညာများကိုလည်း သင်ကြား‌ပေးခဲ့ပြီး ထူးချွန်သည့် သင်တန်းသူ၊ သင်တန်းသားများကို (၂၀၁)တပ်ရင်းမှအဆင့် တစ်၊ နှစ်၊ သုံး ‌ရွေးချယ်ကာ ဆုချီးမြှင့်‌ပေးအပ်ခဲ့သည်။

သင်တန်းဆရာ ဗိုလ်ကြီး‌စော‌ဖော‌ခေးက “အခု သင်တန်း‌ပေးတာ ‌တော်‌တော်‌လေး အားရတယ်။ အထူးသဖြင့် အမျိုးသမီး ၃‌ယောက်ပဲ။ ဒါ‌ပေမယ့် တစ်‌ယောက်စီ ‌တော်တာကို ‌တွေ့ရတယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အ‌ခြေခံစစ်သင်တန်းပိတ်ပွဲတွင် သင်တန်းတက်‌ရောက်သူ စစ်သည်များ အပါအဝင် တပ်မဟာ(၆)‌ခေါင်း‌ဆောင်များနှင့် မိသားစုဝင် စုစု‌ပေါင်း လူ ၇ဝဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်တွင် ဆဌမအကြိမ်‌မြောက် အ‌ခြေခံစစ်သင်တန်းကို ပြုလုပ်ခဲ့သလို ယခု ဩဂုတ်လအလယ်၌ KNU တပ်မဟာ(၆)၊ တပ်ရင်း(၁၈)၌လည်း အ‌ခြေခံစစ်သင်တန်းဆင်းပွဲတစ်ခု ကျင်းပခဲ့သည်။