Home သတင်း ဝက်သက်ဖြစ်ပွားသည့် ကချင်ဒုက္ခသည်များကို တရုတ်‌ဆေးဆရာများ စစ်‌ဆေးကုသ

ဝက်သက်ဖြစ်ပွားသည့် ကချင်ဒုက္ခသည်များကို တရုတ်‌ဆေးဆရာများ စစ်‌ဆေးကုသ

1746
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လိုင်းရင်းဒုက္ခသည်စခန်းတွင် ဝက်သက်‌ရောဂါ ဖြစ်ပွားသူများ ပြားလာ၍ တရုတ်ဆရာဝန် အပါအဝင် ‌ဆေးမှူး ၁ဝဦး‌ကျော်က သွား‌ရောက်စစ်‌ဆေးကုသမှုများ ယ‌နေ့ပြုလုပ်‌နေသည်ဟု လိုင်းရင်းရှိ ကချင်ကယ်ဆယ်‌ရေးအဖွဲ့ WPN က ‌ပြောသည်။

“ဝက်သက်ဖြစ်ပွားသူ‌တွေ ဒီသုံးရက်အတွင်းမှာပဲ ‌ဆေးခန်းလာပြတဲ့သူ ဆယ်‌ယောက်‌ကျော်တယ်။ အကုန်လုံး ၁ဝနှစ်‌အောက် က‌လေး ‌တွေချည်းပဲ။ ကူးစက်မြန်တဲ့ ဒီ‌ရောဂါကို တရုတ်က သူတို့နိုင်ငံက လူထု‌တွေကို ကူးစက်မှာစိုးလို့ လာ‌ရောက်စစ်‌ဆေးကုသမှု‌တွေ လုပ်တာ ပါ”ဟု လိုင်းရင်းစခန်း၌ ဒုက္ခသည်များကို ‌ဆေးကုသ‌နေသည့် WPN မှ ဆရာမဒွဲဇင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ လိုင်းရင်းစခန်းတွင် ဝက်သက်‌ရောဂါဖြစ်ပွားသူများထဲတွင် ‌ဆေးခန်းလာ‌ရောက်၍ စစ်‌ဆေးကုသမှု ခံယူသူမှာ သုံးပုံလျှင် တပုံသာ ရှိပြီး အများစုမှာ ရိုးရာဓ‌လေ့ကုထုံးဖြင့် ကုသကြကာ ‌နောက်ဆုံးကုမရဘဲ ‌ရောဂါရင့်လာမှသာ ‌ဆေးခန်းသို့ လာ‌ရောက်ကြသူ များပြား သည်ဟု သူမက ဆက်‌ပြောသည်။

ဝက်သက်‌ရောဂါ ဖြစ်ပွားသူက‌လေးငယ်၏ မိခင် လိုင်းရင်းဒုက္ခသည် အမျိုးသမီးတဦးက “ရိုးရာကုသနှုန်းနဲ့ ကျမတို့ကုတာ မရလို့ ‌ဆေး ခန်းလာပြရတာပဲ။ ရိုးရာကုထုံးအရဆိုရင် ‌ရေမချိုးဘဲ တစ်ပတ်အထိ‌နေတာ ‌ပျောက်ကင်းသွားတဲ့ အယူအဆရှိတယ်‌လေ”ဟု ‌ပြောသည်။

လတ်တ‌လော ဝက်သက်ဖြစ်ပွားသူ ဒုက္ခသည်များကို လာ‌ရောက်စစ်‌ဆေးကုသသည့် တရုတ်‌ဆေးမှူးများသည် လိုင်းရင်းစခန်းအတွင်းရှိ ‌နေရာများကို သန့်ရှင်း‌ရေးလုပ်‌စေပြီး ကလိုရင်းပိုးသတ်‌ဆေးများဖြင့် လိုက်လံဖျန်း‌ပေးခဲ့သည့်အပြင် ဝက်သက်လူနာများကို ၁ဝရက်အ တွင်း ‌ဆေးထိုးရမည်ဟု‌ပြောဆိုခဲ့သည်။

လိုင်းရင်းစခန်းမှာ တရုတ်နိုင်ငံ၏ မသန့်ရှင်း‌သော အမှိုက်ပုံ‌နေရာဖြစ်ခြင်းနှင့် လူထူထပ်၍ ‌သောက်သုံး‌ရေများကို မျှ‌ဝေသုံးစွဲရခြင်းတို့ ‌ကြောင့် စခန်းတွင်း ‌နေထိုင်ကြရသည့် ဒုက္ခသည်များမှာ ဝက်သက်ဖြစ်ပွားသူဦး‌ရေ များလာခြင်းဖြစ်နိုင်‌ကြောင်း WPN ‌ဆေးဝန်ထမ်းများ က ‌ပြောဆို‌နေကြသည်။

တရုတ်‌ဆေးဝန်ထမ်းများသည် မိမိတို့နိုင်ငံအတွင်းရှိ လိုင်းရင်းဒုက္ခသည်စခန်းမှ ‌ရောဂါဖြစ်ပွားသူများကို ယခု ပထမဆုံးအကြိမ် သွား ‌ရောက် စစ်‌ဆေးကုသ‌ပေးခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ လိုင်းရင်းဒုက္ခသည်စခန်းတွင် စစ်‌ပြေးဒုက္ခသည်ဦး‌ရေ ၂,၀၀ဝခန့် အ‌ခြေချ ‌နေထိုင်လျှက်ရှိသည်ဟု WPN က ‌ပြောသည်။