Home သတင်း ထိုင်းနိုင်ငံ လုပ်ငန်းခွင် ‌ဘေးကင်းလုံခြုံ‌ရေး‌နေ့ ချင်းရိုင်မြို့တွင် ကျင်းပ

ထိုင်းနိုင်ငံ လုပ်ငန်းခွင် ‌ဘေးကင်းလုံခြုံ‌ရေး‌နေ့ ချင်းရိုင်မြို့တွင် ကျင်းပ

1714
ဩဂုတ်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ချင်းရိုင်မြို့ Dusit Island ဟိုတယ်တွင် ယမန်‌နေ့ ဩဂုတ်လ ၂ဝရက်က ထိုင်းနိုင်ငံ လုပ်ငန်းခွင်‌ဘေးကင်းလုံခြုံ ‌ရေး‌နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့သည်။

အလုပ်သမားအ‌ရေးကို အ‌လေးအနက်ထားသည့်အ‌နေဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင်‌ဘေးကင်းလုံခြုံ‌ရေး‌နေ့ကို ထိုင်းနိုင်ငံ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်‌ရေးဌာန၊ ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း၊ ထိုင်းနိုင်ငံ လူမှုဖူလုံ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတို့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ထိုင်းနိုင်ငံအ‌ခြေစိုက် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ် ရှားမှု‌ကော်မတီ-JACBA တာဝန်ခံ ကိုမိုးကြိုးက “ထိုင်းဝန်ကြီး‌တွေက စက်ရုံအလုပ်ရုံတင်မကဘဲ ‌နေရာတိုင်းမှာ အ‌ရေးကြီးတဲ့အ‌ကြောင်း၊ အလုပ်သမား‌တွေ အန္တရာယ်များတဲ့ကိစ္စ၊ အသက်နဲ့‌တောင်ရင်းပြီး အလုပ်လုပ်ရတဲ့အ‌ကြောင်း‌တွေ ‌ပြောသွားကြတယ်။”ဟု ‌ပြောသည်။

လုပ်ငန်းခွင်‌ဘေးကင်းလုံခြုံ‌ရေး‌နေ့သို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ဒုဝန်ကြီးတက်‌ရောက်ခဲ့သလို ထိုင်းနိုင်ငံရှိ ခရိုင်များမှ အလုပ် သမားဆိုင်ရာဌာနများအပြင် ‌လေဆိပ်ဌာန၊ မီးရထားဌာန၊ သ‌ဘောဆိပ်ဌာနနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေ သည့်အဖွဲ့များမှ ကိုယ်စားလှယ်များ အပါအဝင် ပရိဿတ် တစ်‌ထောင်ခန့် တက်‌ရောက်ခဲ့‌ကြောင်း သူက ဆက်‌ပြောသည်။

ထိုပွဲသို့ တာ့ခ်ခရိုင် အ‌ခြေစိုက် အလုပ်သမားများလူမှုဖူလုံ‌ရေးနှင့် အလုပ်သမားကာကွယ်‌ရေးရုံး (ဆဝပ်ဒီကန်)မှ ဝန်ကြီးများ၊ တာ့ခ်ခရိုင်မှ ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့ကြပြီး သရုပ်‌ဖော်ရုပ်ပုံ ကားချပ်ပြပွဲများလည်း ပြသခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံ လုပ်ငန်း‌ဘေးကင်း လုံခြုံ‌ရေး‌နေ့တွင် “Safety for happy Workplace” ‌ပျော်ရွှင်‌သော လုပ်ငန်းခွင်တစ်ခုကို လုံခြုံ စိတ်ချစွာ တည်‌ဆောက်ကြပါစို့”ဟု ‌ဆောင်ဘုတ်ဖြင့် ‌ကြွေး‌ကြော်ခဲ့သည်ဟု ဦးမိုးကြိုးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဩဂုတ်လကလည်း ချင်းရိုင်မြို့တွင် အလားတူ ထိုင်းနိုင်ငံ လုပ်ငန်း‌ဘေးကင်းလုံခြုံ‌ရေး‌နေ့ ကျင်းပခဲ့သည်ဟု သိရ သည်။