Home ထိပ်တန်းသတင်း တတိယအကြိမ်‌တွေ့ဆုံပွဲတွင် လူထုဘဝ အာမခံချက်ကိုသာ KNU အဓိကထား ‌ဆွေး‌နွေးမည်

တတိယအကြိမ်‌တွေ့ဆုံပွဲတွင် လူထုဘဝ အာမခံချက်ကိုသာ KNU အဓိကထား ‌ဆွေး‌နွေးမည်

1766
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)က မြန်မာအစိုးရနှင့် မကြာမီ ‌တွေ့ဆုံမည့် တတိယအကြိမ်‌မြောက်‌ဆွေး‌နွေးပွဲတွင် ကရင်ပြည် သူလူထု၏ အသက်အိုးအိမ်နှင့် ဘဝလုံခြုံမှု အာမခံချက်ရရှိ‌ရေးကိုသာအဓိကထား ‌ဆွေး‌နွေးသွားမည် ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

လာမည့် ဩဂုတ်လ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်ဖက် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များ ‌တွေ့ဆုံကြမည် ဖြစ်ပြီး ဒုတိယအကြိမ် ‌တွေ့ဆုံပွဲတွင် သ‌ဘောတူညီထားသည့် အချက်အလက်များကို ထပ်မံ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဘက်မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်‌မေဦးက ယခုလို ‌ပြောသည်။

“ယုံကြည်မှုတည်‌ဆောက်ဖို့ ဆိုတဲ့အခါမှာလည်း ပြည်သူလူထုဘဝကို လုံခြုံမှုအာမခံ‌ပေးဖို့က အဓိကဖြစ်တဲ့အတွက်‌ကြောင့် ဒီအချက်ကိုပဲ အဓိကထားပြီး ‌ဆွေး‌နွေးသွားမှာပါ” ဟု ‌နော်‌မေဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းအပြင် ကရင်‌ဒေသအသီးသီးတွင် ရှိ‌နေသည့် အစိုးရတပ်အင်အား ‌လျော့ချ‌ရေးနှင့် ရုပ်သိမ်း‌ပေး‌ရေး အပါအဝင် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်၍လည်း ထပ်မံ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သူမက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ KNU နှင့် အစိုးရတို့၏ ဒုတိယအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန် အပြင် ပြည်သူများဘဝ ‌ကြောက်ရွံ့ခြင်းကင်းစွာ ရပ်တည်‌ရေး အာမခံနိုင်ရန်နှင့် ယုံကြည်မှု အ‌ခြေအ‌နေတည်‌ဆောက်ရန်၊ လူထုဘဝ ပြန် လည်ထူ‌ထောင်‌ရေးနှင့် လူထု၏ ‌မြေယာကိစ္စများ ‌ဖြေရှင်း‌ပေးရန်၊ အဓမ္မလုပ်အားခိုင်း‌စေခြင်း၊ ‌ငွေ‌ကြေး‌ကောက်ခံမှုများ မပြုလုပ်ရန်တို့ ပါဝင်သည်။

လက်ရှိ အစိုးရနှင့် ‌ကေအဲန်ယူတို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုနှင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရာတွင် နှစ်ဦးနှစ်ဖက်လုံး က တိုင်းပြည်၏အကျိုးကို ‌ရှေ့ရှုပြီး လုပ်‌ဆောင်ကာ စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို အ‌ကောင်းအထည်‌ဖော်နိုင်‌ရေးအတွက် သွား‌နေခြင်းဖြစ် သည်ဟုလည်း ‌နော်‌မေဦးက ယခုလို ရှင်းပြသည်။

သူမက “နှစ် (၆၀)‌ကျော်ကြာ ပဋိပက္ခအ‌ရေးကို ‌ဖြေရှင်းဖို့သွားတဲ့အခါ သွားချင်သလိုသွားလို့ မရတာ အမှန်ပဲ။ သတိထားပြီး မှန်မှန်‌လေး သွား‌နေတဲ့ ကြားထဲက‌နေ‌တောင်မှ အမှားအယွင်း‌လေး‌တွေ ရှိတာကိုလည်း ‌တွေ့ရမယ်ဆို‌တော့ ‌ကျေနပ်‌လောက်တဲ့ ယုံကြည်မှု အတိုင်း အတာက‌တော့ အချိန်တို‌လေးအတွင်းမှာ ကျမတို့ မရနိုင်ဘူး။ အ‌ကောင်းဆုံးဖြစ်‌အောင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်‌နေကြပါတယ်”ဟု ဆိုသည်။

အစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးမည့် ခရီးစဉ်တွင် ‌ကေအဲန်ယူဘက်မှ သွား‌ရောက်မည့် ကိုယ်စားလှယ်များကို ယခုအချိန်ထိ မ‌ရွေး ချယ်ရ‌သေးသလို ထိုကိစ္စအတွက် KNU ဗဟိုဘက်မှ မဆုံးဖြတ်ရ‌သေး‌ကြောင်းလည်း သိရသည်။

KNU သည် ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က မြန်မာအစိုးရနှင့် ‌တွေ့ဆုံကာ ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်‌ရေး သ‌ဘောတူ လက် မှတ်ထိုးပြီး ဧပြီလ ၆ရက်‌နေ့က ပြည်‌ထောင်စုအဆင့်အဖြစ် ထပ်မံ ‌ဆွေး‌နွေး၍ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သ‌ဘောတူညီမှုများ ရရှိ ထားသည်။