Home သတင်း ကိုယ်ပိုင်စာ‌ပေဖြင့် သတင်းစာ ထုတ်‌ဝေသွားမည်ဟု ညီ‌နောင် တိုင်းရင်းသားပါတီ ထုတ်ပြန်

ကိုယ်ပိုင်စာ‌ပေဖြင့် သတင်းစာ ထုတ်‌ဝေသွားမည်ဟု ညီ‌နောင် တိုင်းရင်းသားပါတီ ထုတ်ပြန်

1334
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


တိုင်းရင်းသားပါတီများဖြင့် စု‌ပေါင်းဖွဲ့စည်းထားသည့် ညီ‌နောင်တိုင်းရင်းသားပါတီများ-NBF က တိုင်းရင်းသား စာ‌ပေ ပိုမို‌လေ့လာနိုင်‌ရေးအ တွက် သတင်းစာ၊ ဂျာနယ်၊ စာ‌စောင်တို့ကို ‌ဒေသအလိုက် သက်ဆိုင်ရာ တိုင်းရင်းသားစာ‌ပေဖြင့်ထုတ်‌ဝေသွားကြရန် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၁၈ရက်မှ ၁၉ရက်‌နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့‌သော ချင်းအမျိုးသားပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီနှင့် ကယန်းအမျိုးသား ပါတီတို့၏ ၄လတကြိမ် ပုံမှန်အစည်းအ‌ဝေးဖြစ်သည့် ၁၁ကြိမ်‌မြောက်တွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရအ‌နေဖြင့် ‌ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသားဘာသာ စာ‌ပေသင်ကြားခွင့်ပြုထား‌သော်လည်း မိမိတို့၏ ဘာသာစကားနှင့် စာ‌ပေ ကို ပိုမို ‌လေ့လာနိုင်ရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟု အစည်းအ‌ဝေး တက်‌ရောက်ခဲ့သူ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး စဘီကျင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ ကိုယ့်တိုင်းရင်းသားစာ‌ပေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုချင်တယ်။ အစိုးရက‌တော့ တိုင်းရင်းသားစာ‌ပေနဲ့ သတင်းစာ၊ ဂျာနယ်‌တွေ ထုတ်မှာ မဟုတ်ဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့‌တွေက သူတို့ မလုပ်လည်း ကိုယ့်ဖာသာကိုယ်လုပ်ဖို့ ဆုံးဖြတ်လိုက် ကြတာပါ။ ဘယ်‌တော့‌လောက် စထုတ်ဖြစ်မလဲဆိုတာ‌တော့ ‌သေချာမ‌ပြောနိုင်‌သေးပါဘူး”ဟု ၎င်းက ‌ပြောသည်။

ညီ‌နောင်ပါတီ၏ ထုတ်ပြန်ချက်ထဲ၌ မကြာမီ နိုင်ငံ‌တော်မှ ‌ကောက်ယူမည့် သန်း‌ခေါင်စာရင်းတွင် တိုင်းရင်းသားများ၏ အမည်အရင်း၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာတို့ကို တိတိကျကျ မှန်ကန်စွာ ထည့်သွင်း‌ဖော်ပြ‌ပေးရန်အပြင် ပြည်တွင်း ငြိမ်းချမ်း‌ရေး အမှန်တကယ် ရရှိ ရန်အတွက် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နိုင်ငံ‌တော်သမ္မတ၏ အမိန့်ညွှန်ကြားချက်အား တပ်မ‌တော်မှ ‌လေးစားလိုက်နာရန်ကိုလည်း တိုက်တွန်းချက်အဖြစ် ‌ဖော်ပြထားသည်။

ဆက်လက်၍ ‌နောင်လာမည့် ‌ရွေး‌ကောက်ပွဲများတွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးကာ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့် အ‌ရေး ဆုံးရှုံးနစ်နာမှု မရှိ‌စေရန် သု‌တေသန ပြုသင့်‌ကြောင်း၊ အဖွဲ့အစည်းနှင့် ကဏ္ဍအသီးသီးတွင် “ပါတီနိုင်ငံ‌ရေး ကင်းရှင်းရမည်”ဟူ ‌သော ကန့်သတ်ချက်ကို ကန့်ကွက်ထားသည့်အပြင် ဌာနဆိုင်ရာဝန်ထမ်းများ ခန့်အပ်ခြင်း၊ ‌ပြောင်း‌ရွှေ့တာဝန်ချထားခြင်းနှင့် ရာထူးတိုး မြှင့်ခန့်ထားခြင်းများ၌လည်း ‌ဒေသခံတိုင်းရင်းသားများအား ဦးစား‌ပေးရန် တိုက်တွန်းထားခဲ့သည်။

ယမန်‌နေ့ ဩဂုတ်လ ၁၉ရက်‌နေ့က ပြုလုပ်ပြီးစီးသွားသည့် ညီ‌နောင်ပါတီအစည်းအ‌ဝေးတွင် ညီ‌နောင်တိုင်းရင်းသားပါတီအဖွဲ့ဝင်များအ ပြင် ‌လေ့လာသူအဖြစ် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီတို့ တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။