Home သတင်း ကချင်ဒုက္ခသည် ၉‌သောင်း‌ကျော်တိုးလာဟု ကချင်အဖွဲ့များ ထုတ်ပြန်‌ကြေညာ

ကချင်ဒုက္ခသည် ၉‌သောင်း‌ကျော်တိုးလာဟု ကချင်အဖွဲ့များ ထုတ်ပြန်‌ကြေညာ

1530
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO နှင့် မြန်မာအစိုးရတို့ အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲ‌ကြောင့် ကချင်ပြည်နယ်တွင် ယခုဆိုလျှင် စစ်‌ပြေး ဒုက္ခသည် ၉‌သောင်း‌ကျော် တိုးလာသည်ဟု (ကချင်အမျိုးသားအဖွဲ့အစည်းများ)မှ ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ‌ရောက် ကချင်အဖွဲ့များနှင့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက်အဖွဲ့တို့ စု‌ပေါင်းထားသည့် အဖွဲ့ ၁၁ဖွဲ့ပါသည့် ၎င်းအဖွဲ့သည် ကချင်‌ဒေသရှိ ဒုက္ခသည်ဦး‌ရေ တဟုန်ထိုး များပြားလာသည်ကို ‌ထောက်ပြလို၍ သမ္မတဦးသိန်းစိန် အစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် တရုတ် အစိုးရတို့ သိ‌စေရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏‌ပြောခွင့်ရသူ အမျိုးသမီး မွန်း‌နေလီက ‌ပြောသည်။

သူမက “ကချင်ပြည်နယ်မှာ ဆက်လက် ထိုးစစ်ဆင်‌နေတဲ့အတွက် ဒုက္ခသည်‌တွေ တိုးလာတာဖြစ်တယ်။ ဒါ‌ကြောင့် ဒီလို ထုတ်ပြန်လိုက် တာပါ။ ‌ဒေသခံ‌တွေဟာ ရွာ‌တွေ မီးရှို့ခံရတာ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရတယ်။ အခု ဒုက္ခသည်များဆုံးရှိတာက မိုင်ဂျာယန်မှာပါ။ ၂‌သောင်း‌ကျော်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရပ်တန့်ပြီး တိုင်းရင်းသားအားလုံး ပါဝင်‌သော အမျိုး သားတန်းတူ‌ရေး အုပ်ချုပ်ခွင့်တို့ကို အ‌ခြေခံ၍ စစ်မှန်‌သော နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကြီး ဖြစ်‌မြောက်လာရန် ရည်ရွယ်သည်ဟုလည်း သူမက ‌ပြောသည်။

(ကချင်အမျိုးသားအဖွဲ့အစည်းများ)အဖွဲ့၏ ထုတ်ပြန်ချက်အရ ကချင်‌ဒေသရှိ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရမှုများကို စုံစမ်း‌ဖေါ်ထုတ်ရန် ကုလသမဂ္ဂမှစုံစမ်း စစ်‌ဆေး‌ရေး‌ကော်မရှင် တစ်ရပ်ဖွဲ့စည်း‌ရေး၊ မြန်မာအာဏာပိုင်နှင့် KIO/KIAတို့အား ညှိနှိုင်း‌ပေးပြီး ကချင်အဖွဲ့အစည်း များနှင့် လူထုအ‌ခြေအပြုလူ့အဖွဲ့အစည်းများနှင့်အတူ ဒုက္ခသည် ၉‌သောင်း‌ကျော်အား ကူညီ‌ပေးနိုင်‌ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂမှ ‌ဆောင် ရွက်‌ပေးရန် ‌တောင်းဆိုထားသည်။

တဆက်တည်း၌ပင် ကချင်‌ဒေသတွင် ထိုးစစ်ဆင်‌နေမှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ရပ်တန့်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါဝင်သည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC နှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲပြုလုပ်ရန် ၎င်းအဖွဲ့က ဦးသိန်းစိန်အစိုးရအား ‌တောင်းဆိုထားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ‌ကြောင့် တရုတ်နိုင်ငံသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌သော ဒုက္ခသည်များကို တရုတ်အစိုးရ အ‌နေဖြင့် အတင်းအဓမ္မ ‌မောင်းထုတ်‌နေခြင်းများ ရပ်တန့်‌ပေးရန်လည်း (ကချင်အမျိုးသားအဖွဲ့အစည်းများ)အဖွဲ့၏ ‌ကြေညာချက်တွင် ထည့်သွင်းပါရှိသည်။

မွန်း‌နေလီက “တရုတ်အစိုးရအ‌နေနဲ့ ဒီဒုက္ခသည်‌တွေကို ယာယီခိုလှုံခွင့်‌ပေးပြီး ကာကွယ်‌စောင့်‌ရှောက်ဖို့ စဉ်းစားထားတာရှိတယ်လို့ ‌ပြော‌ပေမယ့် အ‌ပြောပဲရှိတယ်”ဟု ‌ပြောသည်။

လက်ရှိ ကချင်ပြည်နယ်မှ ဒုက္ခသည်စခန်း ၅ဝနှင့် ၈ဝတွင် ဒုက္ခသည်ဦး‌ရေ စုစု‌ပေါင်း ၉‌သောင်း‌ကျော်ရှိပြီး ကချင်အမျိုးသားအဖွဲ့များက အလားတူ ‌ကြေညာချက်မျိုးကို မြန်မာအစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြည့်ဖြစ်‌သော ယခုနှစ် ဇွန်လကလည်း ထုတ်ပြန်ခဲ့သည်။