Home သတင်း အနှိပ်စက်ခံ မြန်မာအလုပ်သမား ၈၀‌ကျော်အား ထိုင်းအစိုးရ နှင့် BAT ကယ်တင်ခဲ့

အနှိပ်စက်ခံ မြန်မာအလုပ်သမား ၈၀‌ကျော်အား ထိုင်းအစိုးရ နှင့် BAT ကယ်တင်ခဲ့

2559
‌မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့အနီး မဟာချိုင်ရှိ ဆန်းထစ် ပုဇွန်စက်ရုံတွင် လုပ်အားခအပြည့်အဝ မရရှိပဲ နှိပ်စက်ခံ‌နေရသည့် မြန်မာအလုပ် သမား ၈၀‌ကျော်အား ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများအဖွဲ့-BAT နှင့် ထိုင်းအစိုးရမှ သွား‌ရောက်ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ထိုစက်ရုံတွင် တရားဝင်နှင့် တရားမဝင် အလုပ်သမား‌ပေါင်း ၁၄၀‌ကျော်ရှိပြီး ထိုအထဲမှ ၈၀‌ကျော်ကိုသာ ယမန်‌နေ့ ‌နေ့လည် ၂ နာရီ‌ကျော် တွင် သွား‌ရောက်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း BAT အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့ ဖမ်းတာဆီးတာမျိုး‌တော့ မဟုတ်ဘူး။ သူတို့ကို အကျိုးအ‌ကြောင်း ‌ပြောပြတယ်။ တခြားလူ‌တွေက အ‌ကြောင်းအမျိုးမျိုး ‌ကြောင့် အခန်းတွင်းပိတ်‌လှောင်ထားခြင်းခံ‌နေရသလို ‌ကြောက်လန့်ပြီး ပုန်း‌ရှောင်‌နေကြသူ‌တွေကို‌တော့ မကယ်နိုင်ခဲ့ဘူး”ဟု ‌ပြောသည်။

မြန်မာနိုင်ငံသား ကယ်ရီသမားနှစ်ဦးသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်လိုသူတစ်ဦးလျှင် ဘတ်‌ငွေ တစ်‌သောင်းငါး‌ထောင်နှုန်းဖြင့် ‌ခေါ်‌ဆောင် လာကာ ၎င်းပုဇွန်စက်ရုံတွင် အလုပ်သွင်း‌ပေးပြီး မတရားခိုင်း‌စေခြင်း၊ အလုပ်သမားများထံမှ လစဉ် လုပ်အားခကို ဖြတ်ယူခဲ့သည့်အပြင် အလုပ်ထွက်လိုပါက ‌ငွေ‌ပေး‌ချေခိုင်းခြင်း‌ကြောင့် မိသားစုထံ ‌ငွေပြန်မှာယူရာမှ BAT အဖွဲ့က သိရှိသွားခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့လကတည်းက ချိတ်ဆက်မိတယ်။ ‌ခေါ်လာတုန်းက လူတစ်‌ယောက်ကို တစ်‌သောင်းခွဲနှုန်းနဲ့‌ခေါ်လာပြီး သုံး၊‌လေးလ လုပ်ပြီး သည့်တိုင်‌အောင် ကယ်ရီ‌တွေက ‌ငွေ‌တွေ ဖြတ်ထုတ်‌နေ‌တော့ သူတို့မှာ ပိုက်ဆံတစ်ပြားမှမရှိဘူး။ အဲဒါမှာ ‌နေရထိုင်ရတာလည်း ညှင်းပမ်း မှု‌တွေ၊ နှိပ်စက်မှု‌တွေ ခံ‌နေရ‌တော့ သူတို့ မ‌နေနိုင်‌တော့လို့ အလုပ်ထွက်ဖို့ သူတို့မိသားစုဆီကို ပိုက်ဆံလှမ်း‌တောင်းကြတာပါ”ဟု BAT အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ အလုပ်သမားကူညီ‌ပေး‌ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သူတို့မှာ ဒုက္ခ‌တွေ တအား‌ရောက်‌နေတယ်။ လာပြီး‌တော့ ကယ်တင်မဲ့ အဖွဲ့အစည်း‌တွေကို ‌မျှော်လင့်‌နေတယ် ဆိုတဲ့အ‌ကြောင်း သူ့မိသားစုက ကျ‌နော်တို့ကို ‌ပြောလာတယ်။ ပထမကျ‌နော်တို့ UN ရုံးကို အ‌ကြောင်းကြားတယ်။ သူတို့က ထိုင်းလူကုန်ကူးမှုပ‌ပျောက်‌ရေးအဖွဲ့နဲ့ ကျ‌နော်တို့ကို ချိတ်ဆက်‌ပေးတဲ့အတွက် ကျ‌နော်တို့ ‌ပေါင်းပြီး ဒီကိစ္စကို ‌ဆောင်ရွက်လိုက်တာပါ”ဟု ‌ပြောသည်။

ပုဇွန်စက်ရုံတွင် မနက် ၃နာရီခွဲမှ စတင် အလုပ်စတင်ခဲ့ရာ ‌နေ့လည်ထမင်းစားချိန်မှလွဲ၍ ည ၁ဝနာရီအထိ ပုဇွန်များကိုခွာခဲ့ရ‌ကြောင်းနှင့် အလုပ်သမားတစ်ဦးမှာ တစ်‌နေ့လျှင် ပုဇွန် ၁၅ကီလိုအထိ ခွာနိုင်‌သော်လည်း လုပ်အားခအား ကယ်ရီက ‌ပေးချင်သလိုသာ‌ပေး‌ကြောင်း လွတ်‌မြောက်လာသည့် အလုပ်သမား ကိုမြင့်ဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့က ကီလိုစားနဲ့အလုပ်လုပ်တာပါ။ ပုဇွန်က အ‌ကောင်ကြီးရင်လဲ ကီလိုများတယ်၊ အ‌ကောင်‌သေးရင်လည်း ကီလိုမရ ဘူး။ ရတဲ့အခါကြ‌တော့လည်း ကျ‌နော်တို့ လုပ်အားခကို အပြည့်မ‌ပေးဘဲ ကယ်ရီခဆိုပြီး သူတို့ဖြတ်ယူထားတယ်။ အလုပ်မလုပ်ရင်လည်း ကယ်ရီ‌တွေက ဆဲတယ်၊ ရိုက်တယ်။ သူ‌ဌေးက အားလုံး သူတို့ကို လွှဲထားတယ်‌လေ”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် မြန်မာကယ်ရီသမား ၁ဦးကိုသာ ‌သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးမိထားပြီး ၎င်းအား မဟာချိုင်ရဲစခန်းတွင် ထိန်း သိမ်းထား‌သော်လည်း ကျန်တစ်ဦးမှာ အလုပ်လုပ်လိုသူ လူသစ်များကို မြန်မာပြည်သို့ပြန်၍ ‌ခေါ်ယူ‌နေသဖြင့် ဖမ်းဆီးမရလိုက်‌ကြောင်း သိရသည်။

ယခု ကယ်တင်နိုင်ခဲ့သူ အလုပ်သမားများအား နွန်ထဘူရီ ထိုင်းအလုပ်သမားရုံးတွင် ‌ခေါ်ထားပြီး ၎င်းတို့အထဲမှ တရားဝင် အလုပ်သမား များအား အလုပ်ဆက်လုပ်ခွင့်ရ‌အောင် ကူညီ‌ပေးပြီး တရားမဝင်သူများအား မြန်မာပြည်သို့ ပြန်လည်ပို့‌ဆောင်‌ပေးသွားမည်ဖြစ်‌ကြောင်း အလုပ်သမားများကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူများနှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။