Home သတင်း အစာငတ်ခံ ဆန္ဒပြသည့် ‌မှော်ဘီ သံမဏိစက်ရုံအလုပ်သမား ၂ဦး ‌ဆေးရုံပို့ထားရ

အစာငတ်ခံ ဆန္ဒပြသည့် ‌မှော်ဘီ သံမဏိစက်ရုံအလုပ်သမား ၂ဦး ‌ဆေးရုံပို့ထားရ

2031
‌မေလ ၂၈ရက်၊ ၂၀၁၂။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ ‌မှော်ဘီမြို့နယ် ‌မြောင်းကတာ‌ကျေးရွာရှိ ရန်ကုန်သရဖူ(Yangon Crown) သံမဏိစက်ရုံမှ အလုပ်သမားများ ‌လေးရက် ‌မြောက်‌နေ့အဖြစ် အစာငတ်ခံဆန္ဒပြ‌နေကြရာ ၂ဦးမှာ ‌မှော်ဘီ‌ဆေးရုံသို့ တင်ပို့ထားရပြီး ကျန် ၂ဦးကိုမူ ‌ခေတ္တ အနား‌ပေးထားရသည်။

လွန်ခဲ့သည့် ၂ဝရက်(တနဂင်္‌နွေ‌နေ့)မှ စတင်၍ ၎င်းစက်ရုံရှိ အလုပ်သမား ၃၀၀‌ကျော်က လုပ်ငန်းရှင်ထံသို့ အချက် ၁၃ချက်ပါ ‌တောင်းဆို ချက်များကို တင်ပြထား‌သော်လည်း အချက်အားလုံးထဲမှ အဓိကအချက်များကို ချန်ထားသဖြင့် အလုပ်သမား ၄၁ဦးက ဆက်လက် အစာ ငတ်ခံ ဆန္ဒပြရခြင်းဖြစ်‌ကြောင်း အလုပ်သမားအဖွဲ့ အတွင်း‌ရေးမှူး ကို‌ဇော်ထက်က ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ အစာငတ်ခံ‌နေသူများ၏ ကျန်းမာ‌ရေးကို ဖရဲခင်းမှတ်တိုင်ရှိ ‌ဒေါက်တာ‌စောခင်‌ဇော်ငြိမ်းက အခမဲ့ ကုသ‌ပေးသလို ဆန္ဒပြ‌တောင်း ဆို‌နေ‌သော အလုပ်သမားများအတွက် ‌နေ့လည်စာနှင့် ည‌နေစာကို ‌ရွှေညဝါဆရာ‌တော်မှ လာ‌ရောက်‌ကျွေး‌မွေးသည်ဟု သိရသည်။

အလုပ်သမားတစ်ဦးဖြစ်‌သော စမျိုး‌ဇော်လင်းက “ကျ‌နော်က ဧရာဝတီတိုင်း၊ ‌ရေကြည်က‌နေ လာလုပ်‌နေတာပါ။ နန်းထိုးအဖွဲ့ရဲ့ ‌ခေါင်း ‌ဆောင်ပါ။ တ‌နေ့လုပ်ခ ၁၆ဝပဲ ရတာပါ။ နန်းထိုးတာ တစ်တန်ကို ၁၄၅ကျပ် ရပါတယ်။ တ‌နေ့ကို သံတန်ချိန် ၈၀‌လောက် ထိုးရပါတယ်။ အဲဒီကမှ ဆု‌ကြေးရတာပါ။ မနက် ၆နာရီ ည ၆နာရီ ဆင်းရပါတယ်။ ပိတ်ရက်မရှိ‌ပေမယ့် အလုပ်ရှင်က ပိတ်ချင်ရင်ပိတ်ပါတယ်။ အလုပ် ပိတ်ရင် ၁၆ဝ ရပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် စည်းကမ်းချိုး‌ဖောက်ပါက ပုံမှန် ရက်‌ကြေး ၁၆ဝကျပ်ကို မဖြတ်ဘဲ ဆု‌ကြေးကိုဖြတ်ခြင်းဖြစ်‌ကြောင်း သူက ဆက်လက် ‌ပြောဆို သည်။

အဆိုပါအလုပ်သမားများ၏ ‌တောင်းဆိုချက်များအား ‌လေဘာရုံးရှိ တာဝန်ရှိသူများ၊ အုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူများက လာ‌ရောက်ညှိ နှိုင်းကြ‌သော်လည်း ယခုအချိန်ထိ ‌ပြေလည်မှု မရရှိ‌သေးဟု သိရသည်။

၎င်းသံမဏိစက်ရုံမှာ တရုတ်အမျိုးသား အသက် ၃၂အရွယ် ဦး‌ရှောက်စန်းဆိုသူက ပိုင်ဆိုင်ပြီး အလုပ်သမားများ၏ အ‌ရေးကိစ္စများအား အငြိမ်းစား ဗိုလ်မှူးကြီးခင်‌မောင်မြင့်က တာဝန်ယူထားသည်ဟု သိရသည်။