Home သတင်း ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိ‌ရေးအတွက် ဆက်လက် ဆန္ဒထုတ်‌ဖော်

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိ‌ရေးအတွက် ဆက်လက် ဆန္ဒထုတ်‌ဖော်

2070
‌မေလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ရန်ကုန်မြို့ ဆူး‌လေဘုရားလမ်း၌ ပြည်သူ‌ပေါင်း ၂၀ဝ ‌ကျော်သည် လျှပ်စစ်မီးပုံမှန်ရရှိ‌ရေးအတွက် ၆ ရက် ‌မြောက်‌နေ့ဖြစ်သည့် ယမန်‌နေ့ ၂၇ ရက်‌နေည ၇နာရီခန့်တွင် မီးထွန်းဆု‌တောင်းပွဲပြုလုပ်၍ ဆက်လက် လှည့်လည် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

၅ ရက်‌မြောက်‌နေ့က တာဝန်ရှိသူ အ‌နောက်ပိုင်းခရိုင်ရဲဝန်ထမ်းများမှ ဆူး‌လေဂုံး‌ကျော်တံတားကို မဖြတ်‌ကျော် ရန် ‌မေတ္တာရပ်ခံခဲ့‌သော်လည်း ယမန်‌နေ့တွင် ဖြတ်‌ကျော်ခွင့်ပြုလိုက်သဖြင့် တံတားမှတဆင့် မီးပွိုင့်ကို ဖြတ်‌ကျော်ကာ ဆူး‌လေဘက်သို့ လှည့်လည်ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်‌ဖော်သည့်အဖွဲ့သည် ဆူး‌လေဘုရား ရင်ပြင်‌ပေါ်ရှိ တနဂင်္‌နွေ ‌ထောင့်တွင် ဘုရားဝတ်ပြု ဆု‌တောင်းကြ ပြီး‌နောက် လှည့်လည်ဆန္ဒထုတ်‌ဖော်ပွဲကို ‌ခေတ္တရပ်နားထားပြီး အစိုးရ တာဝန်ရှိသူများ၏ အ‌ခြေအ‌နေများအား တစ်ပတ်‌စောင့်ကြည့်မည်ဟု အဖွဲ့ကို ဦး‌ဆောင်သူ ကိုဟန်ဝင်း‌အောင်က ‌ပြောသည်။

သူက “ပြည်သူ‌တွေဟာ နိုင်ငံ‌တော်သမ္မတကို လခမယူဘဲ အကြံ‌ပေး‌နေတဲ့ ပြည်သူ‌တွေပါ။ ပြည်သူ‌တွေရဲ့ ‌တောင်းဆိုအကြံ‌ပေးမှု‌တွေကို အ‌လေးထား ‌စေချင်ပါတယ်။ မထားဘူးဆိုရင် ကျ‌နော်တို့ ဆက်လက် ဆန္ဒထုတ်‌ဖော်သွားမယ်။” ဟု ‌ပြောသည်။

အလားတူ ယမန်‌နေ့တွင် ရန်ကုန်မြို့ ‌မြောက်ဥက္ကလာပရှိ ပြည်သူများလည်း လျှပ်စစ်မီးပုံမှန်ရရှိ‌ရေးအတွက် ၃
ရက်‌မြောက်‌နေ့ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။