Home သတင်း DKBAကလို့ထူး‌ဘောမှ နိုင်ငံ‌ရေးKKO ဖွဲ့စည်း

DKBAကလို့ထူး‌ဘောမှ နိုင်ငံ‌ရေးKKO ဖွဲ့စည်း

2513
ဧပြီ ၃ရက်၊၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်‌ကျေးရွာ၊ သူးမွဲခီးဘုန်း‌တော်ကြီး‌ကျောင်းတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA)ကလို့ထူး‌ဘောအဖွဲ့မှ ဦးစီးကျင်းပသည့် လူထုအစည်းအ‌ဝေးတွင် ကလို့ထူး‌ဘော ကရင်အစည်းအရုံး(KKO) အား ယမန်‌နေ့က စတင် ဖွဲ့စည်းလိုက်သည်။

ဧပြီလ ၁ရက်‌နေ့မှ ၂ရက်‌နေ့အထိ ကျင်းပပြုလုပ်သည့် ၎င်းလူထုအစည်းအ‌ဝေးသို့ တက်‌ရောက်လာသည့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူနှင့် စစ်ဘက်ဆိုင်ရာ တပ်မှူးတပ်သားများက ဖွဲ့စည်းပုံများ‌ရေးဆွဲပြီး ယခုလို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

၎င်း KKOအဖွဲ့အား ဥက္ကဌအဖြစ် မန်း‌ရောဘတ်ဇန်၊ ဒု-ဥက္ကဌ ဗိုလ်ချုပ်မို‌ရှေး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်၊ တွဲဘက်အ တွင်း‌ရေးမှူး(၁) ‌နော်‌ကော်သူး‌လေလားဖိုး၊ တွဲဘက်အတွင်း‌ရေးမှူး(၂) ဗိုလ်မှူးလုံ့လုံနှင့် ဌာနဆိုင်ရာတာဝန်ခံ ၁၄ဦးဖြင့် ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့သည်ဟု KKO က ‌ပြောသည်။

KKO အဖွဲ့၏ တွဲဘက်အတွင်း‌ရေးမှူး (၂)ဗိုလ်မှူးလုံ့လုံက “ကလို့ထူး‌ဘောတပ်က ရှိတုန်းပါပဲ။ သို့‌သော် တပ်နဲ့ လက်တွဲရမဲ့ အဖွဲ့အစည်း ရှိရမယ်။ အဲဒီအဖွဲ့အစည်းက လွှတ်‌တော်မှာ နိုင်ငံ‌ရေးအရ သွား‌ရောက်‌ဆွေး‌နွေးဖို့ ဖြစ်လာမယ်ဆိုရင် အဆင်သင့်ဖြစ်‌အောင် ဒီ KKO အဖွဲ့အစည်းကို ကျ‌နော်တို့ ဖွဲ့စည်းလိုက်တာပါ”ဟု ‌ပြောသည်။

KKO အဖွဲ့အား ဦး‌ဆောင်ကြီးကြပ်ရန် ဆရာ‌တော် ဦးသုဇန၊ ရမ်ဘိုဆရာ‌တော်၊ ရဟန်း‌တော် အရှင် ဦးက္ကန္ဒက၊ ရဟန်း‌တော် ဦးစန္ဒိမာ၊ သိက္ခာ‌တော်ရ ဆရာ‌တော် Rev.Fr.Mahn Justin၊ သိက္ခာ‌တော်ရ ဆရာ‌တော် ‌စောသာဝါး၊ သိက္ခာ‌တော်ရ ဆရာ‌တော်အယ်ဒါး၊ ဗိုလ်ချုပ် ‌စောလားပွယ်၊ မန်းသာစိန်နှင့် ဒုဗိုလ်မှူးကြီး ‌စော‌ဖောဒို၊ ဖူး‌နော်‌ဝေး(‌စော‌မောသို)တို့အား ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည်ဟု အစည်းအ ‌ဝေးအပြီးတွင် KKOမှ ထုတ်ပြန်‌ကြေညာခဲ့သည်။

KKO အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)အား မိခင်အဖွဲ့အစည်းအဖြစ်ခံယူပြီး ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ(၄)ချက်ကို ခိုင်မြဲစွာဆွဲကိုင်ကာ ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာ၊ ကရင့်တန်ဖိုးနှင့် ကရင်အမျိုးသား လက္ခဏာများကို ထိန်းသိမ်းကာ ကွယ်‌စောင့်‌ရှောက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး၊ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်နယ်‌ပေါင်းစု ဖယ်ဒရယ် ပြည်‌ထောင်စုတည်‌ရေးနှင့် ထာဝရငြိမ်းချမ်း‌ရေးတို့အတွက် အ‌ကောင်အထည်‌ဖော် လုပ်ကိုင်သွားမည့်အပြင် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ် ‌ဖောက်ကားမှု၊ စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုများကို လုံးဝခွင့်မပြု၊ မှုယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအတွက် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး ‌အေဂျင် စီများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူထုအစည်းအ‌ဝေးသို့ မြို့နယ် ၁ဝမြို့နယ်မှ လူထုကိုယ်စားလှယ်နှင့် ‌လေ့လာသူ ၅၀၀‌ကျော်၊ ဗုဒ္ဓဘာသာ ရဟန်း‌တော်များ၊ ခရစ်ယာန် သိက္ခာ‌တော်ရ ဆရာ‌တော်များ၊ မဟာမိတ်များဖြစ်ကြသည့် NLD-LA, BLC, FTUB, NCUB, AASYC နှင့် SSA-N တို့မှ ကိုယ် စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။

DKBA အဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) မှ ခွဲထွက်ကာ အစိုးရနှင့် ၁၅နှစ်ကြာ လက်တွဲခဲ့ပြီး ၂၀၁ဝခုနှစ် ဩဂုတ်လတွင် နအဖစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် ဖွဲ့စည်း‌ရေးကို အများစုက လက်ခံခဲ့ကြသည်။

သို့‌သော် ဗိုလ်ချုပ်‌စောလားပွယ်ဦး‌ဆောင်သည့် DKBA ကလို့ထူး‌ဘောဗျူဟာအဖွဲ့ကမူ နယ်ခြား‌စောင့်တပ်ကို လက်မခံဘဲ စစ်အစိုးရ၏ ၂၀၁၀‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ နိုဝင်ဘာလ (၈)ရက်‌နေ့တွင် အစိုးရအား ပြန်လည်ခုခံ‌တော်လှန်ခဲ့ပြီး နိုဝင်ဘာလ ၃ရက်‌နေ့တွင် ဦး‌အောင်‌သောင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ကိုယ်လှယ်အဖွဲ့တို့နှင့် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ပဏာမ သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။