Home သတင်း ‌ကော့မူးမြို့နယ်တွင် လွတ်လပ်စွာ မဲ‌ပေးခွင့်ရသည်ဟု ဆို

‌ကော့မူးမြို့နယ်တွင် လွတ်လပ်စွာ မဲ‌ပေးခွင့်ရသည်ဟု ဆို

1430
ဧပြီလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည် ဝင်‌ရောက်အ‌ရွေးခံသည့် ‌ကော့မူးမြို့နယ်အတွင်းရှိ ‌ကျေးရွာ ၃ရွာမှ မဲဆန္ဒရှင်များသည် ယ‌နေ့မဲ‌ပေးသည့်အချိန်တွင် လွတ်လပ်စွာ မဲ‌ပေးခွင့်ရရှိခဲ့သည်။

‌ကော့မူးမြို့နယ် အ‌ဖျောက်‌ကျေးရွာ မဲရုံအမှတ် (၁)၊ (၂)၊ (၃)နှင့် မကျီးကန်‌ကျေးရွာ မဲရုံအမှတ် (၂)တို့တွင် သွား‌ရောက် သတင်းယူ‌နေသူ သတင်းသမားတစ်ဦးက “မဲလာ‌ပေးတဲ့လူ‌တွေ အကုန်လုံးက လုံခြုံမှုရှိပြီး‌တော့ လွပ်လွပ်လပ်လပ် မဲ‌ပေးခွင့်ရှိကြတယ်။ တစ်ခြား‌နေရာ‌တွေ မှာလည်း အဲဒီလိုပါပဲ။”ဟု ‌ပြောသည်။

ယ‌နေ့ မဲလာထည့်သည့် မဲဆန္ဒရှင်အများစုသည် ‌ပျော်‌ပျော်ရွှင်ရွှင်ဖြင့် မဲလာထည့်ကြသလို ‌ကော့မှူးမြို့နယ်ရှိ အ‌ဖျောက်‌ကျေးရွာ၊ မကျီး ကန်‌ကျေးရွာနှင့် နတ်စင်ကုန်း‌ကျေးရွာမှ မဲဆန္ဒရှင်အများစုသည် ‌ဒေါ်‌အောင်ဆန်းစုကြည်အား မဲထည့်ကြသည်ဟု ၎င်းက ဆက်‌ပြော သည်။

နတ်စင်ကုန်း ရွာသူတစ်ဦးက “‌ဒေါ်စုကိုချစ်လို့။ ‌ဒေါ်စုကို ယုံကြည်လို့။ ‌အောင်မြင်မယ်ထင်လို့ သူ့ကို မဲ‌ပေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ကော့မူးမြို့နယ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် မဲအနိုင်ရရှိရန် အလားအလာ အ‌ကောင်းဆုံး အ‌ခြေအ‌နေတွင်ရှိသည်ဟု အများက ယုံကြည် ‌နေကြသည်။

NLD ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် ကူညီ‌ဆောင်ရွက်‌ပေး‌နေသူတစ်ဦးက “‌ဒေါ်‌အောင်ဆန်းစုကြည်ပဲ အားသာမယ်လို့ ထင်ရပါ တယ်။ သူ့ရဲ့ စည်းရုံး‌ရေးအား‌တွေ အများကြီးကိုး”ဟု ‌ပြောသည်။