Home သတင်း ‌ဒေါ်စုတည်းခိုမည့် ဝါးသခင်္အိမ်တွင် ကရင်လူငယ်များလုံခြုံ‌ရေးတာဝန်ယူ

‌ဒေါ်စုတည်းခိုမည့် ဝါးသခင်္အိမ်တွင် ကရင်လူငယ်များလုံခြုံ‌ရေးတာဝန်ယူ

2050
မတ်လ ၃၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌ဒေါ်‌အောင်ဆန်းစုကြည် ညအိပ်ခရီး သွား‌ရောက်‌နေထိုင်မည့် ဝါးသခင်္‌ကျေးရွာရှိ ‌နေအိမ်တွင် ‌ဒေသခံကရင် လူငယ်အ‌ယောက် (၃၀) က လုံခြုံ‌ရေးတာဝန်ယူထားသည်။

“အန်တီ‌နေမ‌ကောင်းလို့ ‌နောက်ပြီး သူတည်းမယ့် အိမ်တစ်ခုထဲအတွက်မဟုတ်ဘူး။ သူသွားတဲ့‌နေရာမှာ နှုတ် ဆက်သူ ‌တွေ လမ်းတစ်‌လျှောက်လုံး လမ်းမပိတ်‌အောင် မီဒီယာ‌တွေက ပိတ်ပြီး ဓါတ်ပုံရိုက်တာ‌တွေ မရှိ‌အောင် တာဝန်‌ပေးထားတာလို့ သိရတယ် ” ဟု ‌ရွေး‌ကောက်ပွဲ‌စောင့်ကြည့်မည့် သတင်း‌ထောက်တစ်ဦးက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲကျင်းပမည့် ဧပြီလ(၁)ရက်‌နေ့အမှီ ယ‌နေ့ ည‌နေ(၄)နာရီတွင် ‌ဒေါ်‌အောင်ဆန်းစုကြည် သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်မှ အိမ်‌ထောင်စုစာရင်းဝင်ထားသည့် ‌ကော့မှူးမြို့နယ်သို့ ထွက်ခွာခဲ့ပြီး ယ‌နေ့ညတွင် ဝါးသခင်္‌နေအိမ်၌ ညအိပ်မည်ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအ‌ရေး အ‌လေးနက်ထားသည့်အ‌နေဖြင့် ‌ကော့မှူးမြို့နယ် ဝါးသခင်္ ‌ကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုထံတွင် အိမ်‌ထောင်စုစာရင်းဝင်ကာ ‌ရွေး‌ကောက် ပွဲဝင်ပြိုင်ခြင်းဖြစ်သည် ဟု ‌ပြောထားသည်။

‌ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်တွင် ‌ဒေါ်‌အောင်‌အောင်ဆန်းစုကြည်နှင့် ဝင်‌ရောက်ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ်‌လောင်းများမှာ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့‌ရေးပါတီက ‌ဒေါက်တာစိုးမင်းနှင့် ညီညွတ် ‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီက ဦးတင်ရီ ဖြစ်သည်။