Home သတင်း နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်ရန် KNU ‌တောင်းဆို

နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်ရန် KNU ‌တောင်းဆို

1553
မတ်လ ၂၆ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

သမ္မတ ဦးသိန်းစိန်အ‌နေဖြင့် မြန်မာပြည် အကျဉ်း‌ထောင်အတွင်း ကျန်ရှိ‌နေ‌သေးသည့် တိုင်းရင်းသားများ အပါအဝင် နိုင်ငံ‌ရေး အကျဉ်း သားများကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU)က ယ‌နေ့ ‌ကြေညာချက်ထုတ်ကာ ‌တောင်း ဆိုလိုက်သည်။

၎င်းထုတ်ပြန်‌ကြေညာချက်၌ မြန်မာပြည် ငြိမ်းချမ်း‌ရေးရရှိရန်နှင့် ပြုပြင်‌ပြောင်းလဲမှု ဖြစ်စဉ်တွင် နိုင်ငံ‌ရေးအကျဉ်းသားများ ပြန်လည် လွတ် ‌မြောက်မှုသည် အ‌ရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်ဟုလည်း ‌ဖော်ပြထားသည်။

KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ဒီမိုက‌ရေစီ အ‌ခြေခံအရ ‌ထောင်ထဲမှာ ကျန်‌နေ‌သေးတဲ့ ‌ကေအဲန်ယူနဲ့ ကရင်အရပ်သား အကျဉ်းသား‌တွေကို လွှတ်‌ပေးဖို့ လိုတယ်။ အဲဒါက ဒီမိုက‌ရေစီ ပြုပြင်‌ပြောင်းလဲမှုမှာ ဖြစ်သင့်လုပ်သင့်တဲ့ အလုပ်မို့ ‌တောင်းဆိုရခြင်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်၌ အစိုးရအကျဉ်း‌ထောင်များတွင် ကရင်အကျဉ်းသား‌ပေါင်း ၆ဝဦး‌ကျော် ပြစ်ဒဏ်ကျခံ‌နေရဆဲ ဖြစ်သည်ဟု သူက ထပ်မံ ‌ပြောဆိုသည်။

အစိုးရသည် KNU ၏ ဗဟို အမြဲတမ်း‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်အား နိုင်ငံ‌တော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် မတ် လ ၁၃ရက်‌နေ့က တစ်သက်တစ်ကျွန်းနှင့် ‌ထောင်ဒဏ် ၃နှစ် စီရင်ချက် ချမှတ်ခဲ့ပြီး‌နောက် မတ်လ ၁၉ရက်‌နေ့တွင် သမ္မတ၏ တိုက်ရိုက် ညွှန်ကြားချက်အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာ‌ပေးခဲ့ရာမှ ၂၄ရက်‌နေ့တွင် KNU အဖွဲ့အစည်းထံသို့ ပြန်လည် ‌ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤသို့ အစိုးရ၏ လုပ်‌ဆောင်ချက်မှာ KNU နှင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေသည့် ကာလအတွင်း ပွင့်လင်းခိုင်မာသည့် ဆက်ဆံ‌ရေး ကို တည်‌ဆောက်ရန် အ‌ထောက်အကူ ဖြစ်‌စေသည်ဟု ယုံကြည်‌ကြောင်း KNU ၏ ‌ကြေညာချက်တွင် ‌ဖော်ပြပါရှိသည်။

ပဒိုမန်းငြိမ်း‌မောင် ပြန်လည်‌ရောက်ရှိလာသည့်အ‌ပေါ် ကြိုဆိုသည့်အ‌နေဖြင့် မတ်လ ၂၄ရက်‌နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်း‌ကြေညာချက်ထဲတွင် ကရင်ပြည်နယ်အတွင်း အဓမ္မလုပ်အားခိုင်း‌စေမှု၊ ‌မြေယာသိမ်းဆည်းမှု၊ တပ်ရိက္ခာပစ္စည်းများ သယ်‌ဆောင်‌နေမှု အပြင် အသက် ၂၂နှစ်အရွယ် အမျိုးသမီးအား စစ်တပ်မှ အဓမ္မပြုကျင့်ရန် ကြံစည်မှု စသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ဆက်လက် ဖြစ်တည်‌နေသည်ကို ရပ်တန့်‌ပေးရန်နှင့် မြန်မာစစ်တပ်များ ကရင်ပြည်နယ်အတွင်းမှ ပြန်လည်ရုတ်သိမ်း‌ပေးရန် KWO က တိုက်တွန်း ထားသည်။

KWO အ‌နေဖြင့် မိမိတို့‌မျှော်လင့်သည့် မြန်မာပြည်၏ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးနှင့် အခွင့်အ‌ရေးများအတွက် ပဏာမ အပစ်အခတ်ရပ်စဲ ‌ရေးနှင့် ပဒိုမန်းငြိမ်း‌မောင် လွတ်‌မြောက်လာမှုကို ပထမ ‌ခြေလှမ်းအဖြစ် ကြိုဆို‌ကြောင်းလည်း ‌ကြေညာချက်တွင် ‌ပြောဆိုထားသည်။