Home သတင်း ၈နှစ်အရွယ် မိန်းက‌လေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူတရားခံအား ထိုင်းရဲ တရားစွဲ

၈နှစ်အရွယ် မိန်းက‌လေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူတရားခံအား ထိုင်းရဲ တရားစွဲ

2689
မတ်လ ၂၂ ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ပြင် မဲ့‌တောင်းဖက်အရပ်ရှိ ‌ပြောင်းခင်းထဲတွင် အသက် ၈နှစ်အရွယ် မြန်မာမိန်းက‌လေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသား ‌စောအချိုင်း ၃၅နှစ်ကို မဲ‌ဆောက်ရဲက ဥပ‌ဒေ‌ကြောင်းအရ ယ‌နေ့မှစတင်ကာ တရားစွဲဆိုလိုက်ပြီး ဖြစ်သည်။

‌သေဆုံးသူ၏ ဖခင်ဖြစ်သူနှင့် ရန်ငြိုး ရန်စရှိသည့် ‌စောအချိုင်းသည် ယခုလ ၁၈ရက်‌နေ့ ည‌နေ ၅နာရီခန့်တွင် ပြဿနာ‌ဖြေရှင်းရန် အိမ်သို့ သွား‌ရောက်ရာ ဖခင်ဖြစ်သူကို မ‌တွေ့သဖြင့် အိမ်တွင်ရှိ‌နေသည့် အသက် ၈နှစ်အရွယ် မိန်းခ‌လေးငယ်ကို ဖမ်းဆီးကာ ‌ပြောင်းခင်းသို့ ‌ခေါ်‌ဆောင်လာပြီး မုဒိမ်းကျင့်ကာ လည်ပင်းကို ကြိုးဖြင့် ညစ်သတ်လိုက်ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့်‌နေ့မှ စ၍ ‌စောအချိုင်းသည် ထွက်‌ပြေးတိမ်း‌ရှောင်လျက်ရှိပြီး မဲ‌ဆောက်ရဲက ၎င်းကို ယမန်‌နေ့ ည‌နေ ၄ နာရီခန့်က မဲ‌ဆောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအမှုနှင့် ပတ်သက်၍ ‌စောအချိုင်းက မဲ‌ဆောက်ရဲစခန်းတွင် ပြစ်မှုကျူးလွန်ခဲ့သည်ကို ဝန်ခံခဲ့သည်ဟု ယ‌နေ့မဲ‌ဆောက်မြို့ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ တက်‌ရောက်ခဲ့သည့် တာ့ခ်ခရိုင်ရဲချုပ် ရဲဗိုလ်ချုပ် စုံဖွန်းအခရပ်‌ဒေချိုချိုင်းက ‘တရားခံက ရဲစခန်းမှာ ‌ဖြောင့်ချက်‌ပေးခဲ့တယ် မုဒိမ်းကျင့်သတ်ဖြတ်မှု အသက် ၁၃နှစ်‌အောက် က‌လေးငယ်ကို အစီအစဉ်ရှိရှိ သတ်ဖြတ်မှု စတဲ့စွဲချက်‌တွေနဲ့ အ‌ရေးယူမှာ ဖြစ်တဲ့အတွက် တရားခံဟာ ‌သေဒဏ် (သို့) တသက်တကျွန်း ပြစ်ဒဏ်‌တွေ ကျခံရနိုင်တယ်’’ဟု ‌ဒေသခံသတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။

ယခုအမှုနှင့် ပတ်သက်၍ ဥပ‌ဒေ‌ကြောင်းအရ ‌စောအချိုင်းဘက်မှ လိုက်ပါ‌ဆောင်ရွက်‌ပေးမည့် လူများ မရှိ‌သေးဟု မဲ‌ဆောက်ရဲစခန်းမှ ရဲမှူးကြီးတဦးက ‌ပြောသည်။

မဲ‌ဆောက်မြို့ရှိ ‌တောရမြန်မာဘုန်း‌တော်ကြီး‌ကျောင်းတွင် သီတင်းသုံးသည့် ကရင်ဘုန်း‌တော်ကြီး အရှင်သုမနက “ဒီနိုင်ငံကို အကြာင်းအမျိုးမျိုး‌ကြောင့် ‌ရောက်‌နေတဲ့ မြန်မာနိုင်ငံသား‌တွေ တဦးကိုတဦး ‌ဖေးမကူညီရမဲ့အစား အခုလိုမျိုး အချင်းချင်း သတ်ဖြတ်ကျတာ‌တွေဟာ ‌ရေရှည်မှာ မြန်မာ‌တွေအတွက် ရင်‌လေးဖို့‌ကောင်းတယ်၊ ဘုန်းကြီး‌ပြောချင်တာက‌တော့ တဦးကိုတဦး ‌မေတ္တာထားကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်”ဟု မိန့်ကြားသည်။

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်အပါအဝင် ဆက်စပ် ၃မြို့နယ်အတွင်း အလုပ်ရုံစက်ရုံများနှင့် စိုက်ပျိုး‌ရေး လုပ်ငန်းခွင်များတွင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၄သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ‌ပြောသည်။