Home သတင်း ပဒိုမန်းငြိမ်း‌မောင် ပြန်လွှတ်လာပြီ

ပဒိုမန်းငြိမ်း‌မောင် ပြန်လွှတ်လာပြီ

1529
မတ်လ ၁၉ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)


ပြစ်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ‌ထောင်ဒဏ် ၃နှစ် စီရင်ချက် ချမှတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်ကို အစိုးရက ယ‌နေ့မနက်တွင် ပြန်လည် လွှတ်‌ပေးလိုက်ပြီဟု ‌ကေအိုင်စီမှ စုံစမ်းသိရှိရသည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ပဒိုမန်းငြိမ်း‌မောင် ပြန်လွှတ်လာပြီလို့ ဒီမနက် ၁ဝနာရီ‌လောက်မှာ ကျမကို ဆက် သွယ်လာတယ်။ သူကိုယ်တိုင်(မန်းငြိမ်း)နဲ့လည်း ကျမ ခန ဖုန်း‌ပြောရတယ်။ ပြန်လွှတ်လာပြီလား။ ဒါဆို ကျမတို့ ဝမ်းသာတာ‌ပေါ့လို့ ‌ပြော လိုက်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ပြန်လည် လွတ်‌မြောက်လာသည့် ပဒိုမန်းငြိမ်း‌မောင်မှာ ပြည်တွင်း ကရင်အသိုင်းအဝိုင်းမှ ရပ်မိရပ်ဖများနှင့် ယ‌နေ့ ‌နေ့လည်ပိုင်း အထိ ‌တွေ့ဆုံခြင်း မရှိ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ ရန်ကုန်ရှိ ကရင်အမျိုးသားတစ်ဦးက ‌ပြောသည်။

“ကျ‌နော်တို့က သူ လွှတ်လာပြီကြားလို့ အင်းစိန်‌ထောင်ကိုသွား‌တော့ သူ ‌ထောင်မှာ မရှိ‌တော့ဘူး။ ဒါ‌ပေမဲ့ ဘယ်သူနဲ့အတူ ရှိ‌နေလဲ မသိ ‌သေးဘူး။ ကျ‌နော်တို့နဲ့လည်း မဆုံ‌သေးဘူး‌လေ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြန်လည်လွတ်‌မြောက်လာသည့် ပဒိုမန်းငြိမ်း‌မောင်နှင့် တိုက်ရိုက် ဆက်သွယ်မှုရရှိရန် ‌ကေအိုင်စီက ကြိုးစား‌နေဆဲ ဖြစ် သည်။

ပဒိုမန်းငြိမ်း‌မောင်ကို အင်းစိန်‌မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားသူကြီး ဦးလှဝင်းမှ မတ်လ ၁၃ရက်‌နေ့တွင် ပုဒ်မ ၁၇(၁)နှင့် ပုဒ်မ ၁၂၂(၁)ဖြင့် ပြစ်မှုနှစ်မှု‌ပေါင်း တစ်သက်တကျွန်းနှင့် ‌ထောင်ဒဏ် ၃နှစ် စီရင်ချက် ချခဲ့သည်။