Home သတင်း ပဒိုမန်းငြိမ်း‌မောင်ကို ‌ကေအဲန်ယူ လက်ထဲသို့ အစိုးရပြန်လည်အပ်နှံ

ပဒိုမန်းငြိမ်း‌မောင်ကို ‌ကေအဲန်ယူ လက်ထဲသို့ အစိုးရပြန်လည်အပ်နှံ

1956
မတ်လ ၂၄ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

‌ထောင်ဒဏ် ၃နှစ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် ကို ယ‌နေ့ ‌နေ့လည်တွင် မိခင်အဖွဲ့အစည်းလက်ထဲသို့ အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များမှ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်သည်။

ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ အပါအဝင် မြန်မာအစိုးရ ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုအဖွဲ့ ကိုယ်စားလှယ် ၇ဦးသည် ‌နေ့လည် ၁၁နာရီဝန်းကျင်အချိန်၌ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် လာ ‌ရောက်ပို့‌ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်‌မြောက်လာသူ ပဒိုမန်းငြိမ်း‌မောင်က “နိုင်ငံ‌ရေး အ‌ပြောင်းအလဲ ဖြစ်‌နေချိန်မှာ အခုလို အစိုးရက ပြန်လွှတ်‌ပေးလိုက်တဲ့အ တွက် အတိုင်းမသိ ဝမ်းသာပါတယ်”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

အဆိုပါ အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ‌ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက် ‌ခေါင်း‌ဆောင် ၁ဝဦး ခန့် ယ‌နေ့ ‌နေ့လည်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးကြ‌သော်လည်း အ‌သေးစိတ် သတင်းအချက်အလက်ကိုမူ ‌ကေအိုင် စီမှ ဆက်လက် ‌ဖော်ပြသွားမည် ဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်အား လာ‌ရောက်အပ်နှံသည့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဦး‌အောင်မင်းက မိမိအ‌နေဖြင့် ကတိအတိုင်း လုပ်‌ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ သတင်း‌ထောက်များကို ယခုလို ‌ပြောသည်။

“ကျ‌နော် ‌ပေးထားတဲ့ ကတိအတိုင်း Complete လုပ်တဲ့ သ‌ဘောပါပဲ။”ဟု ခပ်တိုတို ‌ပြောဆိုခဲ့သည်။

ထို‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် ‌ကေအဲန်ယူဘက်မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊
ဗိုလ်ချုပ်မဲ‌အေစိန်၊ ဗိုလ်မှူး‌ရောဂျာခင်၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌ရွှေ‌မောင်း၊ ဗိုလ်မှူးချုပ်ဒါး‌ကျော်လု၊ ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ပဒို‌စော‌သော သီဘွဲ၊ ဗိုလ်မှူးထူးထူး‌လေးနှင့် ဩစ‌တြေးလျား‌ရောက် ‌ကေအဲန်ယူ ဗိုလ်မှူး‌ဟောင်းကနဲမီတို့ ပါဝင်ခဲ့ကြသည်။