Home သတင်း ဂျပန်နိုင်ငံ သွား‌ရောက်အ‌ခြေချရန် ဒုက္ခသည်များ စိတ်ဝင်စားမှုနည်းပါး

ဂျပန်နိုင်ငံ သွား‌ရောက်အ‌ခြေချရန် ဒုက္ခသည်များ စိတ်ဝင်စားမှုနည်းပါး

1954
မတ်လ ၂၇ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ဒုက္ခသည်များအား ဂျပန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချရန် ‌ခေါ်ယူသည့် အစီအစဉ်ကို ယခုနှစ်အတွင်း ဒုက္ခသည်အများစုက စိတ်ဝင် စားမှု နည်းပါးသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့‌မြောက်ဘက်ရှိ မယ်လဒုက္ခသည်စခန်း ဥက္ကဌ ‌စောထွန်းထွန်းက “မယ်လစခန်းမှာ သတ်မှတ်ထားတာက အ‌ယောက် ၃၀‌လေ။ အခု အိမ်‌ထောင်စု နှစ်စုပဲ သွားတယ်။ ဒုက္ခသည်‌တွေက ဂျပန်ကို သွားဖို့ စိတ်မဝင်စားကြဘူး။ သတ်မှတ်ထားတဲ့ စံနှုန်းထားနဲ့ ကိုက်ညီတဲ့ မိသားစု‌တွေလည်း နည်းတယ်”ဟု ‌ပြောသည်။

ထို့အပြင် ဘာသာစကား အခက်အခဲ၊ ဂျပန်နိုင်ငံ၏ ပညာ‌ရေးအ‌ခြေအ‌နေ၊ ဆူနာမီ‌ရေလှိုင်းနှင့် နျူးကလီးယားဓာတ်‌ပေါင်းဖို ‌ပေါက်ကွဲမှုမှာ ဒုက္ခသည်များအား ဂျပန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချ‌ရေးတွင် အဟန့်အတားဖြစ်‌စေသည်ဟု ‌စောထွန်းထွန်းက ‌ပြောသည်။

၂၀၁ဝခုနှစ်က စတင်ခဲ့သည့် ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည် လက်ခံ‌နေရာချထား‌ရေး အစီအစဉ်ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃၁ရက်‌နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုသုံးနှစ်အတွင်း တနှစ်လျှင် လူ ၃ဝဦးနှုန်းဖြင့် စုစု‌ပေါင်း ကရင်ဒုက္ခသည် ဦး‌ရေ ၉ဝ လက်ခံရန် သတ်မှတ်ထားခြင်း ဖြစ်သည်။

ယခုအချိန်ထိ မယ်လဒုက္ခသည် မိသားစု ၉စု၊ လူဦး‌ရေ စုစု‌ပေါင်း ၄၅ဦးကို ဂျပန်နိုင်ငံတွင် ‌နေရာချထားပြီးခဲ့‌သော်လည်း ၂၀၁၂ခုနှစ်အ တွက် ‌လျှောက်ထားသူများမှာ လူဦး‌ရေ ၁ဝဦးသာရှိသည့် မိသားစု ၂စုဖြစ်သည်ဟု ဂျပန်အစိုးရက ဆိုသည်။

ဂျပန်အစိုးရသည် မယ်လအပြင် အုန်းဖျန်နှင့် နို့ဖိုးစခန်းရှိ ဒုက္ခသည်များကို ‌ခေါ်ယူရန် စီစဉ်မှုရှိခဲ့‌သော်လည်း ယခုအထိ မ‌သေချာ‌သေး ‌ကြောင်း အုန်းဖျန်စခန်း ဥက္ကဌ ‌စောဝါးထီးက ‌ပြောသည်။ “လွန်ခဲ့တဲ့ ၄၊ ၅ လတုန်းက‌တော့ ဒီကဒုက္ခသည်‌တွေကို ‌ခေါ်မယ်လို့‌ပြောတယ်။ ပြီးခဲ့တဲ့ ၂လ‌လောက်က မ‌ခေါ်‌သေးဘူးလို့ လာ‌ပြောပြန်တယ်။ ‌လော‌လောဆယ် တိတိကျကျတစ်ခုမှ မသိရ‌သေးဘူး”ဟု ဆိုသည်။

ဂျပန်နိုင်ငံသို့ ‌လျှောက်ထားသူများသည် ‌ခြေပြတ်၊ လက်ပြတ် ဒုက္ခိတ မဖြစ်ရ၊ အိမ်‌ထောင်သည်များ ဖြစ်ရမည်၊ သို့‌သော် မိသားစုဦး‌ရေ ၄ဦးထက် မများသူ၊ အသက် ၄ဝနှစ်‌အောက် အရွယ်ရှိသူ ဖြစ်ရမည်ဟု ဂျပန်အစိုးရက သတ်မှတ်ထားခဲ့သည်။

မယ်လစခန်း‌နေ ‌စောသူ့ဂယ်က “ ဂျပန်နိုင်ငံက ကန့်သတ်ချက်‌တွေ များတယ်‌လေ။ အသက်အရွယ်၊ ကျန်းမာ‌ရေး၊ လူဦး‌ရေကအစ သတ် မှတ်ထားတယ်ဆို‌တော့ ကျ‌နော့်မိသားစုဆို လုံးဝ သွားလို့မရဘူး”ဟု ‌ပြောသည်။

ဂျပန်နိုင်ငံတွင် အ‌ခြေချသည့် ဒုက္ခသည်များကို ဂျပန်အစိုးရက ‌ငွေ‌ကြေးနှင့်အတူ ဂျပန်ဘာသာစကား၊ စာ‌ပေ ယဉ်‌ကျေးမှုနှင့် အသက်‌မွေး ဝမ်း‌ကျောင်း အတတ်ပညာတို့ကို ၆လကြာ သင်ကြားရင်း ကူညီ‌ထောက်ပံ့‌ပေးခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦး‌ရေ တစ်သိန်း‌ကျော်ရှိသည်ဟု သိရသည်။