Home သတင်း ပဒိုမန်းရှာ ၄နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အခမ်းအနားနှင့် ဝတ်ဆု‌တောင်းပွဲကျင်းပ

ပဒိုမန်းရှာ ၄နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အခမ်းအနားနှင့် ဝတ်ဆု‌တောင်းပွဲကျင်းပ

2197
‌ဖေ‌ဖော်ဝါရီ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း ၄နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အခမ်းအနားနှင့် ဝတ်ပြုဆု‌တောင်းပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ယ‌နေ့ ပြုလုပ်ကျင်းပခဲ့ရာ လူထုပရိဿတ် ၅ဝဦး‌ကျော် တက်‌ရောက်ခဲ့သည်။

မြန်မာစစ်အာဏာရှင်အစိုးရအား ဆန့်ကျင်‌တော်လှန်ရာတွင် သ‌ဘောထားပြတ်သားသူဟု လူသိများခဲ့သည့် ပဒိုမန်းရှာသည် ၂၀၀၈ခုနှစ်က လုပ်ကြံခံရပြီး‌နောက် ၎င်းကို ချစ်ခင်‌လေးစားကြသည့် ကရင်လူမှုအသိုင်းအဝိုင်းနှင့် မြန်မာ့ဒီမိုက‌ရေစီအင်အားစု အဖွဲ့အစည်း အသီးသီးတို့က စု‌ပေါင်း၍ ယခုလို ပဒိုမန်းရှာ ‌အောက်‌မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

KNU ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စောသမိန်ထွန်းက “ပဒိုမန်းရှာဟာ ကရင့်‌တော်လှန်‌ရေးအပြင် ၈၈ အ‌ရေးအခင်းဖြစ်ပွားပြီး KNU နယ်‌မြေ‌ရောက်လာတဲ့ ‌ရောက်လာတဲ့ ‌ကျောင်းသား‌တွေကို နိုင်ငံ‌ရေးလမ်းပြ‌ပေးခဲ့တယ်။ ဒါ့အပြင် ဘဝတူ တိုင်းရင်းသား အဖွဲ့‌တွေကိုလည်း စည်းရုံးနိုင်ခဲ့သူ ဖြစ်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် သူသည် KNU အဖွဲ့ဝင်တစ်ဦးဖြစ်သည်နှင့်အမျှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် KNU မူလမ်းစဉ်အတိုင်း လုပ်ကြံခံရသည်အချိန်အထိ မယိမ်းမယိုင်ဘဲ ပြတ်ပြတ်သားသား လုပ်‌ဆောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ‌နောင်လာ‌နောက် သားများ စံနမူနာယူရမည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

ပဒိုမန်းရှာသည် ၁၉၆၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားရင်း ဆဲဗင်းဇူလိုင် ‌ကျောင်းသားအ‌ရေးအခင်းတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၆၆ခုနှစ်တွင် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည့် ‌ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS မှ ဥက္ကဌဖြစ်သူ ဦး‌အောင်မိုး‌ဇော်က “အခု ဆရာ (ပဒို မန်းရှာ)‌တော့ မရှိ‌တော့ဘူး‌ပေါ့‌နော်။ ‌ဒေါ်‌လေး(ပဒိုမန်းဇနီး နမ့်‌ရွှေကျင်)လည်း မရှိ‌တော့ဘူး‌ပေါ့‌နော်။ ဒါ‌ပေမယ့် သူတို့ချစ်မြတ် နိုးတဲ့ ‌တော်လှန်‌ရေး ပြီးဆုံးတဲ့အထိ ကျ‌နော်တို့ ဆက်ပြီး‌တော့ ‌ဆောင်ရွက်သွားမယ်လို့ ဒီ ၄နှစ်ပြည့်အခမ်းအနားမှာ ကတိ‌ပေး ပါတယ်။”ဟု ‌ပြောသည်။

၈၈ အ‌ရေးအခင်းဖြစ်ပွား၍ KNU ‌တော်လှန်‌ရေးနယ်‌မြေသို့ ‌ရောက်ရှိခဲ့သည့် ဦး‌အောင်မိုး‌ဇော်သည့် ပဒိုမန်းရှာနှင့် အနီးကပ် ‌နေထိုင်ခဲ့ဖူးသူဖြစ်ပြီး ထိုကဲ့သို့ ‌နေထိုင်ခွင့်ရခြင်းသည် နိုင်ငံ‌ရေး အသိပညာများစွာ တိုးပွားခဲ့သည့်အပြင် အတူတကွ လက်တွဲ ကာ နိုင်ငံ‌ရေးလုပ်ခွင့်ရခဲ့သည့်‌ပေါ် ကံ‌ကောင်း‌ကြောင်း သူက ‌ပြောဆိုသည်။

ပဒိုမန်းရှာသည် ၁၉၆၃ခုနှစ်‌နောက်ပိုင်း KNU သို့ ‌ရောက်ရှိလာ‌သောအခါ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အပါအ ဝင် မြန်မာ့ဒီမိုက‌ရေစီအင်အားစုများနှင့် မဟာမိတ်အဖြစ် ဆက်ဆံရာတွင် ‌ပြေပြစ်‌ချော‌မွေ့သူတစ်ဦးဟုလည်း သတ်မှတ်ခံထား ရသူ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့က ပဒိုမန်းရှာကို အမည်မသိ ‌သေနတ်သမား ၂ဦးက ၎င်း‌နေထိုင်ရာ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌နေအိမ်၌ လာ‌ရောက်ပစ်သတ်ခဲ့သည်။

ယင်းသို့ လုပ်ကြံခံရကာ ‌သေဆုံးသည့်‌နေ့တွင်ပင် ပဒိုမန်းရှာလားဖန်း၏ ကျန်ရစ်သူ သားသမီးများဖြစ်ကြ‌သော ‌စော‌စေး‌စေး ဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖခင်နှင့် မိခင်(ကွယ်လွန်)ကို ရည်စူး၍ ဖန်း‌ဖောင်‌ဒေရှင်းကို စတင် ဖွဲ့ စည်းခဲ့ပြီး နှစ်စဉ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ချီးမြှင့်‌ပေးခဲ့သည်။