Home သတင်း KNU တပ်မဟာ(၆)တွင် ၆၄နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ စည်ကား

KNU တပ်မဟာ(၆)တွင် ၆၄နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ စည်ကား

2067
‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၄နှစ်‌မြောက် ကရင်အမျိုးသား ‌နေ့ထူး‌နေ့မြတ်၌ ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) တ‌နေရာတွင် ကျင်းပသည့် အခမ်းအနား သည် အလွန်စည်ကား လျှက်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် မနက် ၆နာရီခွဲမှ ၉နာရီအထိ KNU နယ်‌မြေခံ တပ်ဖွဲ့များမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး သံဃာအပါအဝင် လူထုတစ်‌ထောင်ဝန်းကျင် တက်‌ရောက်ခဲ့သည်ဟု KNU ဒူးပလာယာ ခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စတန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အရင်နှစ်ကဆိုလို့ရှိရင် ကျ‌နော်တို့ ဒီ‌လောက် ကြီးကြီးလုပ်တာ မရှိဘူး။ ရှိသ‌လောက် နီးစပ်ရာလူ‌တွေနဲ့ ပူး ‌ပေါင်းပြီး လုပ်လိုက်တာပဲ။ ဒီနှစ်‌တော့ ရွာ‌တွေ ‌တော်‌တော်များများကို ဖိတ်‌တော့ ပိုပြီး စည်ကားသွားတာ‌ပေါ့။” ဟု ‌ပြောဆိုသည်။

၎င်းကရင့်အမျိုးသား‌နေ့ အခမ်းအနားတွင် KNU ‌ခေါင်း‌ဆောင်အချို့အပါအဝင် နတ်‌ချောင်းဖျား၊ အလယ်နတ် ‌ချောင်း၊ ကစ၊ ကစဖိုးခီး၊ ကြုံစိန်၊ ကြခတ်‌ချောင်း၊ တု‌လေကုန်း၊ ခုတ်ကွား၊ တ‌ဂေး၊ မဲ့က‌တော၊ ဒါလီ၊ ‌ရွှေဒိုး၊ ပိစခတ်၊ ကြာအင်း၊ ကျခတ်‌ချောင်းဝ စသည့်‌ကျေးရွာများမှ ပြည်သူများ တက်‌ရောက်အား‌ပေးခဲ့ခြင်းဖြစ်သည်။

အခမ်းအနား၌ KNU တပ်မဟာ(၆)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီး ‌စောဂျိုးဆွာ၊ ခရိုင် အတွင်း‌ရေးမှူး ‌စောလစ္စ တန်၊ ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ‌စော‌မောင်‌ရွှေတို့ တက်‌ရောက်ခဲ့ပြီး လူထုများအား ကရင့်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံသမိုင်းနှင့် လက်ရှိ KNU နှင့် မြန်မာအစိုးရသစ်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပဏာမ အဆင့်အ‌ခြေအ‌နေ များကို ရှင်းလင်း‌ပြောကြားခဲ့သည်ဟု သိရသည်။

တဆက်တည်း၌ပင် ယခုနှစ်ပြုလုပ်သည့် ကရင်အမျိုးသား‌နေ့၌ အခမ်းအနား မကျင်းပမီ တရက်နှင့် ကျင်းပ သည့်‌နေ့ဖြစ်သည့် ညအချိန်တွင် အဆိုပါ‌ဒေသ အသီးသီးမှ ‌ကျောင်းသား‌ကျောင်းသူလူငယ်များက ကရင်အမျိုး သားသီချင်းများ သီဆိုခြင်း၊ ဒုုံးယိမ်း ကပြခြင်းနှင့် ကရင်ရိုးရာပြဇာတ်တိုများ စသည်တို့ဖြင့် တက်‌ရောက်လာ သည့် ပရိဿတ်များကို တင်ဆက်‌ဖျော်‌ဖြေခဲ့သည်။

တက်‌ရောက်လာသူ အသက် ၄၉နှစ်အရွယ် ‌နော်ဖီးခယ်က “ကျမဘဝတစ်သက်တာမှာ ဒီလို ကရင့်အမျိုး သား‌နေ့ တက်ခွင့်ရတာ ဒါပထမဦးပဲ။ ကျမ အရမ်းလည်း ‌ပျော်တယ်။ ဂုဏ်လည်း ယူမိတယ်။ ‌နောက် တက် လာတဲ့ လူ‌တွေထဲမှာ လူငယ်‌တွေ အများဆုံးတက်လာတာကို ‌တွေ့ရ‌တော့ အားတက်မိတယ်။”ဟု ရှင်းပြခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ အားလုံးက ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ စစ်အစိုး ရ စစ်အာဏာရှင်စနစ် ကျဆုံးရမည်၊ ဒီမိုက‌ရေစီစနစ် ဖြစ်ထွန်း‌အောင်မြင်ရမည်၊ ပြည်‌ထောင်စု အစစ်အမှန် ‌ပေါ်ထွန်း‌စေရမည်နှင့် ပြည်တွင်းစစ်မီး ချုပ်ငြိမ်း‌စေရမည် စသည့်‌ကြွေး‌ကြော်သံတို့ဖြင့် အခမ်းအနားအဆုံးကို အဆုံးသတ်ခဲ့ကြသည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် မြန်မာနိုင်ငံရှိ ကရင်လူထု ၄သိန်း‌ကျော်က ပဆပလအစိုးရအား ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ ဟူ၍ ‌ကြွေး‌ကြော်သံ ၄ချက်ဖြင့် အသံတိတ်ချီတက် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ကရင်အမျိုးသားတရပ်လုံးက ထို‌နေ့ကို အစွဲပြု၍ “ကရင်အမျိုးသား‌နေ့”ဟု သတ်မှတ်ကာ ‌နေ့စဉ် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့‌ရောက်တိုင်း ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့ကြသည်မှာ ယခုချိန်ထိပင် ဖြစ်သည်။