Home သတင်း အဖွဲ့ဝင်များ အစိုးရနှင့် ‌တွေ့ဆုံသည့်ကိစ္စ UNFC ပြန်လည်သုံးသပ်

အဖွဲ့ဝင်များ အစိုးရနှင့် ‌တွေ့ဆုံသည့်ကိစ္စ UNFC ပြန်လည်သုံးသပ်

1692
ဒီဇင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ညီညွတ်‌သော တိုင်းရင်းသားများ ဖယ်ဒရယ်‌ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အစိုးရ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်တို့ ‌တွေ့ဆုံ မှုတွင် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ‌နောက်ဆုံးအပတ်က ထိုင်း-မြန်မာနယ်စပ် တ‌နေရာ၌ ပြုလုပ်သည့် UNFC၏ ဗဟို‌ကော်မတီ အစည်း အ‌ဝေးတွင် အဖွဲ့ဝင်များနှင့် အစိုးရတို့ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည့် အ‌ကြောင်းအရာများကို အဖွဲ့ဝင်များအားလုံး တက်‌ရောက်ခဲ့ပြီး ယခုလို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်ဟု UNFCက ‌ပြောသည်။

UNFC နှင့် မွန်ပြည်သစ်ပါတီ၏ အတွင်း‌ရေးမှူး နိုင်ဟံသာက “အစိုးရ ‌တွေ့ဆုံတာနဲ့ ပတ်သက်ပြီး‌တော့ သီးခြား ‌တွေ့‌နေကြတဲ့ အ‌ပေါ်မှာ ကျ‌နော်တို့ ပြန်လည်စိစစ်သုံးသပ်ကြတယ်။ အဖွဲ့ဝင်တိုင်းရဲ့ ‌ဆွေး‌နွေးမှု အ‌နေအထားကို နား‌ထောင်တယ်။ အဲဒီအ ‌ပေါ်မှာ ပြန်သုံးသပ်တယ်။ အခု ကျ‌နော်တို့ အဖွဲ့ဝင်‌တွေအားလုံးက UNFC မူ‌ပေါ်မှာပဲ ရပ်တည်ပြီး‌တော့ ‌ပြောဆိုခဲ့ကြတာပါ။” ဟု ‌ပြောသည်။

UNFC အဖွဲ့ဝင်များနှင့် အစိုးရတို့ သီးခြား‌တွေ့ဆုံမှုများတွင် မမှန်ကန်သည့် ‌တွေ့ဆုံမှုသာဖြစ်‌သော‌ကြောင့် မည်သည့်အဖွဲ့ဝင် များမှ သ‌ဘောတူညီချက် တစုံတရာ ရယူခြင်းမရှိခဲ့ကြ‌ကြောင်း ၎င်းက ဖြည့်စွက် ‌ပြောဆိုသည်။

UNFC အဖွဲ့ဝင်များအ‌နေဖြင့် ‌ရှေ့ဆက်တွင် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်၍ အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်‌သော်လည်း နိုင်ငံ‌ရေးနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် ‌ဆွေး‌နွေးမည်ဆိုပါက UNFC မူဖြင့်သာ ဆုံးဖြတ်သွားမည်ဟု UNFC က ‌ပြောသည်။

UNFC ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌ဒေါ‌လေးမူက “UNFC ‌တွေ့ဖို့က အစိုးရဘက်က လက်မခံဘူး။ အဲဒါ‌ကြောင့် ကျ‌နော်တို့ တဖွဲ့ချင်းစီ ‌တွေ့ဆုံတဲ့‌နေရာ ပထမအဆင့်အ‌နေနဲ့ အပစ်အခတ်ရပ်စဲ‌ရေးကို ‌ဆွေး‌နွေးကြမယ်။ ပဏာမအဆင့် ရတဲ့ ရလဒ်အ‌ပေါ်မှာ အပစ်အခတ်ရပ်စဲ‌ရေးရတဲ့အထိ ‌ဆွေး‌နွေးသွားမယ်။ ဒုတိယတဆင့်က‌တော့ နိုင်ငံ‌ရေးကိစ္စ ‌ဆွေး‌နွေးတဲ့အခါကျ မှ UNFC တဖွဲ့လုံးအ‌နေနဲ့ ‌ဆွေး‌နွေးဖို့ သ‌ဘောထားရှိတယ်။”ဟု ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံမှုတွင် UNFC အဖွဲ့၏ ယခင် အ‌ခြေခံအဖွဲ့ ၆ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၆ဖွဲ့အား အ‌ခြေခံအဖွဲ့ ၁၂ဖွဲ့ဟူ၍ တစ်‌ပြေး ညီတည်း ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု UNFC က ‌ပြောသည်။

ယခုလို ပြန်လည်ဖွဲ့စည်းရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါ တီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP)၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)၊ ပ‌လောင်ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသား ‌ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)နှင့် ကချင်အမျိုးသားအစည်းအရုံး (KNO)တို့ ပါဝင်ကြသည်။

လက်ရှိအချိန်တွင် UNFC ၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အင်ဘန်လ-KIO၊ ဒုဥက္ကဋ္ဌ(၁) ‌အေဘယ်တွီ-KNPP၊ ဒုဥက္ကဋ္ဌ(၂) ပဒို‌စော ‌ဒေးဗစ်သက‌ဘော-KNU၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာ-NMSP နှင့် တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌ဒေါ‌လေးမူ-KNU၊ တွဲဘက်အတွင်း‌ရေမှူး(၂) ဗိုလ်မှူးကြီးခွန်ဥက္ကာ-BNLO တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် UNFC အဖွဲ့၏ ယခင် အ‌ခြေခံအဖွဲ့ဝင် ၆ဖွဲ့မှ အဖွဲ့အစည်း အားလုံးနီးပါးသည် သမ္မတဦးသိန်းစိန် ၏ အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ကိုယ်စားလှယ်တို့နှင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း ဆက်စပ်အဖွဲ့ ဝင် ၆ဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိ‌ပေ။