Home သတင်း မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေး တံတား ပြန်လည် ဖွင့်လှစ်

မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေး တံတား ပြန်လည် ဖွင့်လှစ်

2352
ဒီဇင်ဘာလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေးတံတားကို ယ‌နေ့နံနက်(၇)နာရီခွဲတွင် နှစ် ဘက်အာဏာပိုင် များက ပြန်လည် ဖွင့်လှစ်လိုက်ပြီး ဖြစ်သည်။

အဆိုပါ တံတားကို မြန်မာအစိုးရဘက်မှ ၁နှစ်‌ကျော်ကြာ ပိတ်ထားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်‌ရေး အ‌ရေးကြီးသည့်အ တွက် ထိုင်းအာဏာပိုင်များက မြန်မာဘက်ကို သွား‌ရောက်ညှိနှိုင်းရာမှ ယခုလို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်‌ကြောင်း သိရသည်။

တံတား ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို နှစ်ဘက်အာဏာပိုင်များက တံတား၏အလယ်တွင် ယ‌နေ့ ဖဲကြိုးဖြတ်ကာ ဖွင့်လှစ် ‌ပေးခဲ့ပြီး တံတားဖွင့်ပွဲသို့ မြန်မာဘက်က မြို့နယ်အဆင့် နယ်ခြား‌ကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး သက်ခိုင်ဦးနှင့် ထိုင်းဘက်ခြမ်းက ဗိုလ်မှူးကြီးအူကရစ်နို့ကန်ဖဲ ဦး‌ဆောင်ဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန် ကြီး ဦးဝင်းမြင့်တို့ အပါအဝင် ပရိဿတ် ၂၀ဝခန့် လာ‌ရောက်ခဲ့သည်ဟု ကိုယ်တိုင်သွားခဲ့သူတစ်ဦးက ‌ပြောသည်။

ယခုလို နှစ်နိုင်ငံအတွက် ကုန်သွယ်‌ရေးတွင် အ‌ရေးကြီးသည့် တံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အ‌ပေါ် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများနှင့် ကုန်သည်များက ကြိုဆိုလိုက်ကြသည်။

မြဝတီမြို့ရှိ ကုန်သည်အမျိုးသမီးတစ်ဦးက “တံတားဖွင့်‌တော့ သွားရတာအဆင်‌ပြေတယ်‌လေ။ ‌လှေနဲ့ကျ‌တော့ အဆင်းအတက်နဲ့ စရိတ်ကုန်များတယ် မဟုတ်လား။ တံတားဘက်က ဆိုလို့ရှိရင် ‌တော‌မောခ မ‌ပေးရ‌တော့ဘူး။ ‌လှေနဲ့ကျ‌တော့ အသွားအပြန် ၁,၅၀ဝ ကုန်ပြီ။ ‌တော‌မောခ ၂ဝလည်း ‌ပေးရ‌သေးတယ်။”ဟု ‌ပြောသည်။

ချစ်ကြည်‌ရေးတံတားဖွင့်လှစ်ပြီးသည်နှင့် တဆက်တည်း မြန်မာစံ‌တော်ချိန် ၈နာရီခွဲ‌ကျော်တွင် မြဝတီမြို့နယ်တွင်းရှိ နယ်စပ်ကုန် သွယ်‌ရေးဇုံကိုလည်း အထူးစီးပွား‌ရေးဇုံအဖြစ် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ ထိုင်းအာဏာပိုင်များလည်း သွား‌ရောက်အား‌ပေး ကြည့်ရှုခဲ့သည်ဟု မြဝတီမြို့ခံများက ‌ပြောဆိုသည်။

မြို့ခံတစ်ဦးက “တံတားဖွင့်ပြီးတာနဲ့ ကုန်သွယ်‌ရေးဇုံဘက်ကို လူကြီး‌တွေ သွားကြတာပဲ။ ထိုင်းဘက်က‌တော့ ကား ၅စီး‌လောက် ဝင်လာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်-မြဝတီတံတားကို ထိုင်းဘက်ခြမ်းမှ ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်‌ဆောက်မှု‌ကြောင့် ဟူ‌သော အ‌ကြောင်းပြချက်ဖြင့် ၂၀၁ဝခုနှစ် ဇူလိုင်လ ၁၈ရက်‌နေ့တွင် မြန်မာအာဏာပိုင်များက တစ်ဖက်သတ် ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။

၎င်းတံတားမပိတ်ခင်က တလအတွင်း နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ ထိုင်းကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၃,၀၀ဝဖိုးအထိ ရှိ ပြီး ကုန်သွယ်‌ရေးတံတား ပိတ်လိုက်သည့်‌နောက်ပိုင်း ထိုင်းမှ မြန်မာပြည်သို့ ကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀ဝခန့်သာရှိ‌တော့ သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

တံတားပိတ်ထားသည့် ကာလအတွင်း မြန်မာကုန်သည်များက တရားမဝင် လမ်း‌ကြောင်းမှ အဓိကထား သယ်ယူပို့‌ဆောင်‌နေရသ လို မြန်မာအာဏာပိုင်များက ထိုင်းကုန်ပစ္စည်းတင်သွင်းခြင်းကို တားမြစ်ပိတ်ပင်မှုများလည်း ရှိခဲ့‌ကြောင်း ကုန်သည်များက ‌ပြောဆို သည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်‌ရေး ကုန်သွယ်မှုတံတားကို ၁၉၉၇ခုနှစ်၊ ဩဂုတ်လ ၁၅ရက်‌နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘက်မှ အကုန်ကျခံ တည်‌ဆောက်‌ပေးခဲ့ခြင်း ဖြစ်သည်။