Home သတင်း တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်

တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်

2904
နိုဝင်ဘာလ ၆ရက်။ ‌ကေအိုင်စီ

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အစိုးရတပ် ‌ရှေ့တန်းရုံးမှ တပ်သား နှစ်ဦးတို့သည် ယမန်‌နေ့က ခိုက်ရန်ဖြစ်ပွားကာ အချင်း ချင်း ပစ်ခတ်မှု‌ကြောင့် တစ်ဦးမှာ ‌သေနတ်ထိမှန်သွားခဲ့သည်။

၎င်း‌နေ့လည်ဘက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု‌ကြောင့် ‌သေနတ်ဒဏ်ရာရရှိသွားသူ တပ်သားကို မြဝတီ‌ဆေးရုံ၌ ခွဲစိတ်ကုသ ခဲ့ရသည်ဟု မြို့ခံတစ်ဦးက ‌ပြောသည်။

“‌ရှေ့တန်းရုံးက ရဲ‌ဘော် နှစ်‌ယောက် အချင်းချင်း စကားများပြီး ပစ်ကြတာပဲ။ ဒါ‌ပေမဲ့ တ‌ယောက်ပဲ ‌သေနတ်ထိတယ်။ အဲဒီရဲ ‌ဘော်က အသည်းကိုထိ‌တော့ ခွဲစိတ်လိုက်ရတယ်။ မွန်းလွဲ ၂နာရီ‌လောက်မှ ခွဲစိတ်မှုက ပြီးတာ‌လေ။”ဟု ၎င်းမြို့ခံက ဆိုသည်။

အလားတူ ထို‌နေ့ည ၇နာရီမှစ၍ မြဝတီအာဏာပိုင်များသည် မြစန္ဒီပန်းခြံတွင်းရှိ ခမ်းမ‌ဆောင်၌ အစိုးရသစ် တနှစ်ပြည့် နှစ် ပတ်လည် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟုလည်း နီးစပ်သူများက ‌ပြောသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂)မှူး၊ ဗျူဟာမှူး၊ ခယက/မယက ဥက္ကဌ၊ ရဲမှူး၊ ဌာနဆိုင်ရာ ဝန်ကြီးများ နှင့် ဗိုလ်မှူးမုတ်သုန် ပါဝင်သည့် နယ်ခြား‌စောင့်တပ်များလည်း တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတစ်ဦးက “သူတို့ လူကြီး‌တွေက‌တော့ ‌ပျော်‌ပျော်‌နေ၊ ‌ကောင်း‌ကောင်းစားပဲ။ သာမန်လူထု‌တွေက‌တော့ ငတ်‌နေကြတယ်‌လေ။”ဟု သူမ၏အမြင်ကို ‌ပြောသည်။