Home သတင်း ထိုင်းအထက်လွှတ်‌တော်အမတ်နှင့် (AIPMC) အဖွဲ့ဝင်များ နယ်စပ်အ‌ခြေအ‌နေ လာ‌ရောက်‌လေ့လာခဲ့

ထိုင်းအထက်လွှတ်‌တော်အမတ်နှင့် (AIPMC) အဖွဲ့ဝင်များ နယ်စပ်အ‌ခြေအ‌နေ လာ‌ရောက်‌လေ့လာခဲ့

1671
မတ်လ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)
သတင်း‌ထောက်‌တွေကို ‌ပြောကြား‌နေတဲ့ Mr. Kraisak ပုံ။

ထိုင်းအထက်လွှတ်‌တော်အမတ် နိုင်ကရိုင်ဆတ်ချွန်ဟာဗန် (Mr. Kraisak Choomhavan) ဦး‌ဆောင်သည့် မြန်မာ့အ‌ရေးဆိုင် ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (AIPMC) သည် ယ‌နေ့မနက်တွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းအ လုပ်သမားများ၏ အ‌ခြေအ‌နေများကို လာ‌ရောက်‌လေ့လာခဲ့သည်ဟု သိရသည်။

အဆိုပါ ပါလီမန်အမတ်များသည် ယမန်‌နေ့ကတည်းက ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ယာယီစစ်‌ပြေးဒုက္ခသည်များရှိရာ သွား ‌ရောက်ကြည့်ရှုခဲ့ကြပြီး ယ‌နေ့တွင် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း အပါအဝင် လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးအဖွဲ့အ စည်းများနှင့် ‌တွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်း‌တွေ့ဆုံမှုတွင် လက်ရှိ ‌ရွှေ့‌ပြောင်းမြန်မာနိုင်ငံသားများ ကြုံ‌တွေ့‌နေရသည့် ယာယီနိုင်ငံကူးလက်မှတ်ပြဿနာများ၊ ထိုင်း နိုင်ငံအတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများကို အတိုင်းအတာတခုထိ ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုရန်နှင့် နအဖ စစ်တပ်များ တိုင်းရင်းသား‌ဒေသများတွင် ထိုးစစ်ဆင်မှုရပ်တန့်‌ပေးရန်တို့ကို အဓိက ‌တောင်းဆိုခဲ့သည်ဟု မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများ ပညာ‌ရေး ‌ကော်မတီ (BMWEC)ဥက္ကဌ ဆရာမ ‌နော်‌ဖော‌ရေက ‌ပြောသည်။

သူမက “ကျမတို့ လတ်တ‌လော ရင်ဆိုင်‌နေတဲ့ အခက်အခဲ ပြဿနာ‌တွေကို လာ‌ရောက်‌လေ့လာတာ ဖြစ်တယ်။ ပြီး‌တော့ သူ တို့ ‌တွေ့မြင်ရတဲ့ အခက်အခဲ‌တွေကို ပါလီမန်ကို တိုက်တွန်းတင်ပြသွားမယ်လို့ (AIPMC) အဖွဲ့ဝင်‌တွေက ‌ပြောသွားပါတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းအပြင် ထိုင်းအထက်လွှတ်‌တော်အမတ်က မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် စစ်အစိုးရ အာ ဏာတည်မြဲ‌ရေးအတွက် ဟန်ပြ‌ရွေး‌ကောက်ပွဲသာဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်းသို့ လာ‌ရောက်စဉ် မဲ‌ဆောက်အ‌ခြေစိုက် သတင်း‌ထောက်များကို ယခုလို ‌ပြောကြားခဲ့သည်။

သူက “မြန်မာပြည်မှာ လုပ်မယ့် ‌ရွေး‌ကောက်ပွဲက ဒီမိုက‌ရေစီစနစ်ကို အ‌ခြေခံတာ မဟုတ်တဲ့အတွက် တရားမျှတတဲ့ ‌ရွေး ‌ကောက်ပွဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာစစ်တပ်ကလည်း သူ့အတွက်ပဲ ကြည့်တဲ့အတွက် ဒီ‌ရွေး‌ကောက်ပွဲဟာ ဘယ်လိုနည်းနဲ့ မှ ‌ကောင်းတဲ့ရလာဒ်ကို ရမှာမဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် လူမျိုးစုလက်နက်ကိုင်အဖွဲ့‌တွေအ‌နေနဲ့ သူတို့ ‌တောင်းဆို‌နေတာ‌တွေ မရရှိနိုင်တဲ့အတွက် မြန်မာပြည်ရဲ့ အ‌ခြေအ‌နေက ဒီထက် ဆိုးလာဖို့ပဲ ရှိတယ်။ မြန်မာနဲ့ ငြိမ်းချမ်း‌ရေး ယူထားတဲ့ အပစ်ရပ်အဖွဲ့‌တွေထဲကလည်း ဒီ‌ရွေး‌ကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် မြန်မာပြည်မှာ စစ်ပွဲ‌တွေ အချိန်မ‌ရွေး ပြန် ဖြစ်လာဖို့ရှိတယ်”ဟု ‌ပြောသည်။

မဲ‌ဆောက်က လူမှုအဖွဲ့အစည်း‌တွေနဲ့ အာဆီယံပါလီမန်အမတ်‌တွေ ‌တွေ့ဆုံ‌ဆွေး‌နွေးစဉ်။

ထိုအဖွဲ့သည် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ် နိုဘိုးနှင့် မဲ့အူစူ‌ကျေးရွာအတွင်း ခိုလှုံ‌နေကြသည့် ယာယီစစ်‌ပြေးဒုက္ခသည် များကို သွား‌ရောက်‌တွေ့ဆုံခဲ့ရာတွင် ထိုင်းအထက်လွှတ်‌တော်အမတ် နိုင်ကရိုင်ဆတ်ချွန်ဟာဗန်က စိုးရိမ်ဖွယ်ရာ လူ့အခွင့်အ ‌ရေး ချိုး‌ဖောက်မှုများရှိသည့်အတွက် စစ်‌ပြေးဒုက္ခသည်များအား ‌နေရပ်ပြန်ပို့မည့်အ‌ရေးကို အထူးစိုးရိမ်မိသည်ဟု ယမန်‌နေ့က ‌ပြောကြားခဲ့သည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များသည် ယမန်နှစ် ဇွန်လက မြန်မာစစ်တပ်၊ တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ပူး‌ပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှ ထိုင်းနိုင်ငံသို့ ထွက်‌ပြေးလာကြသည့် ဖားအံခရိုင် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသားများ ဖြစ်ကြသည်။

မြန်မာ့အ‌ရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC ကို မြန်မာပြည် ဒီမိုက‌ရေစီရရှိ‌ရေးအတွက် အာဆီယံ (၅)နိုင်ငံ မှ လွှတ်‌တော်အမတ်များဖြင့် ဖွဲ့စည်းထား‌သော်လည်း ယခု လာ‌ရောက်သည့် အမတ်များမှာ ထိုင်း၊ မ‌လေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ ဖြစ်သည်။