Home သတင်း ‌တောင်ငူခရိုင်၌ လူ‌နေအိမ် (၄)လုံး မီးရှို့ဖျက်ဆီးခံရ

‌တောင်ငူခရိုင်၌ လူ‌နေအိမ် (၄)လုံး မီးရှို့ဖျက်ဆီးခံရ

1774
မတ်လ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လှုပ်ရှား‌နေသည့် နအဖစစ်တပ်ဖွဲ့ ဝင်များသည် တိပ်ပု‌ကျေးရွာအုပ်စုမှ လူ‌နေအိမ် (၄)လုံးနှင့် ဥယျာဉ်ခြံများကို ပြီးခဲ့သည့် မတ်လ ၄ရက်‌နေ့ က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရရှိသည်။

ထို‌နေ့တွင် နအဖ စစ်ကွပ်ကဲ‌ရေး ဌာနချုပ် (စကခ)(၇)လက်‌အောက်ခံ ခလရ (၂၆၁) တပ်ရင်းသည် ထန်း တပင်မြို့နယ်၊ တိပ်ပု‌ကျေးရွာအုပ်စုအတွင်း အိမ်‌ထောင်စု (၁၀)‌ကျော်ရှိသည့် ခလိုး‌ဒေါခိုလူ ‌ကျေးရွာသို့ ဝင်‌ရောက်ခဲ့ရာ လူ‌နေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မြင်‌တွေ့သမျှ ရွာသားများ၏ဥယျာဉ် ခြံများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ‌ဒေသခံတဦးဖြစ်သူ ‌စောအယ်ဝါးက ယ‌နေ့ ‌ကေအိုင်စီ သို့‌ေ‌ပြောသည်။

၎င်းက “ဒီလ ၄ရက်‌နေ့က တိပ်ပု‌ကျေးရွာအုပ်စုမှာ လှုပ်ရှား‌နေတဲ့ စကခ (၇)လက်‌အောက်ခံ ခလရ ၂၆၁ တပ်ရင်းဟာ တိပ်ပု‌ကျေးရွာခွဲ စုစည်း‌ကျေးရွာတခုဖြစ်တဲ့ ခလိုး‌ဒေါခိုလူ‌ကျေးရွာကို ဝင်‌ရောက်ပြီး လူ‌နေ အိမ် ၄လုံး မီးရှို့ပစ်လိုက်တယ်။ စားစရာ ဆန်၊ ဆီ၊ ဆားနဲ့ အဝတ်အစား‌တော်‌တော်များများ မီးထဲပါသွား တယ်။ တဆက်တည်းမှာပဲ ရွာသား‌တွေရဲ့ဥယျာဉ်ခြံ‌တွေရယ်၊ မီးရှို့ချိန်မတန်‌သေးတဲ့ ‌တောင်ယာ‌တွေကို လည်း အကုန်လုံး မီးရှို့ပစ်တယ်”ဟု ‌ပြောသည်။

နအဖ စစ်တပ်က ရွာသားများ၏‌နေအိမ်၊ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးပစ်ရခြင်းမှာ ကရင်အမျိုးသား လွှတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)တပ်ဖွဲ့ဝင်များကို ‌ထောက်ပံ့မည်ကို စိုးရိမ်‌သော ‌ကြောင့် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ‌တောင်ငူခရိုင်မှ ‌ကေအဲန်အယ်လ်‌အေ တပ်မှူးတဦးက ‌ပြော သည်။

၎င်းက “နအဖက ရွာသား‌တွေ စားစရာပစ္စည်း‌တွေရှိရင် ကရင့်‌တော်လှန်‌ရေးသမား‌တွေကို ‌ထောက်ပံ့မှာ စိုးရိမ်လို့ ကြိုတင်ဖျက်ဆီးတာဖြစ်တယ်။ ‌နောက်တခုက ကရင်လူမျိုး‌တွေကို ဘယ်လိုမှ လုပ်စားကိုင်စား လို့မရ‌အောင် တမင်တကာလုပ်ပစ်တာပဲဖြစ်တယ် ” ဟု ‌ပြောသည်။

ယခု မီးရှို့ဖျက်ဆီးခံရသည့် ခလိုး‌ဒေါခိုလူရွာသည် ထန်းတပင်မြို့နှင့် (၁၅)မိုင် ကွာ‌ဝေးပြီး ၎င်းတိပ်ပု ‌ကျေးရွာအုပ်စုကို လွန်ခဲ့သည့် (၂၀၀၆)ခုနှစ်က ‌မျောက်‌ချောင်း၊ ဟန်တို၊ ဘီဘဲ၊ ကံဘက်‌မြောင် စသည့် ရွာများမှ နအဖ စစ်တပ်များ၏ အတင်းအဓမ္မ စုစည်းခံရသည့် လူဦး‌ရေ ၈၀၀‌ကျော်ရှိ‌သော စုစည်း‌ကျေး ရွာ များဖြစ်သည်။

ထန်းတပင်မြို့နယ်တွင် နအဖ စကခ (၇)လက်‌အောက်ခံ ခမရ (၄၂၁)၊ ခလရ (၂၆၁)၊ ခမရ (၄၂၇) တပ် ရင်းများနှင့် ‌ကေအဲန်ယူ တပ်မဟာ (၂)လက်‌အောက်ခံ ‌ကေအဲန်အဲလ်‌အေ တပ်ရင်း (၆)၊ တပ်မဟာ စစ်ဆင်‌ရေးတပ်ဖွဲ့တို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။