Home သတင်း အီးယူ‌ကော်မရှင်အဖွဲ့ နယ်စပ်ဒုက္ခသည် အ‌ခြေအ‌နေ လာ‌ရောက်ကြည့်ရှု

အီးယူ‌ကော်မရှင်အဖွဲ့ နယ်စပ်ဒုက္ခသည် အ‌ခြေအ‌နေ လာ‌ရောက်ကြည့်ရှု

1634
နိုဝင်ဘာ ၂၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

အီးယူ‌ကော်မရှင်အဖွဲ့တဖွဲ့သည် နိုဝင်ဘာလ ၂၃ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း တခုဖြစ်သည့် မယ်လစခန်းသို့ လာ‌ရောက်၍ ဒုက္ခသည်များ၏ အ‌ခြေအ‌နေများကို ကြည့်ရှု‌လေ့လာခဲ့သည်ဟု စခန်း‌ကော်မတီဝင်များ ၏ ‌ပြောပြချက်အရ သိရသည်။

ဥ‌ရောပနိုင်ငံများဖြစ်သည့် ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်စသည့် နိုင်ငံ‌ပေါင်း (၁၈)နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဝင် ၃ဝဦးသည် ဒုက္ခသည်များ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ‌သောက်သုံး‌ရေရရှိ‌ရေး၊ ‌နေထိုင် ‌ရေး၊ စား‌သောက်‌ရေးအ‌ခြေအ‌နေများကို ‌လေ့လာရန် လာ‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်း ဥက္ကဌ ‌စောသာကဲက ‌ပြော သည်။

သူက “အခုလာတဲ့ အီးယူ‌ကော်မရှင်အဖွဲ့က ပထမ အမ်အိုအိုင်နဲ့‌တွေ့တယ်။ ‌နောက်ပြီး ကျ‌နော်တို့ စခန်း‌ကော်မတီနဲ့ ‌နေ့လည် စာစားတယ်။ ပြီး‌တော့ အဖွဲ့သုံးဖွဲ့ခွဲပြီး ‌ရေ‌ပေး‌ဝေတဲ့ (Solidarities) အဖွဲ့၊ ‌အေအမ်အိုင်‌ဆေးရုံနဲ့ စာသင်‌ကျောင်း‌တွေကို သွား ‌ရောက်ကြည့်ရှုခဲ့ကြတယ်”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

အဆိုပါ အီးယူ‌ကော်မရှင်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များအား စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို ကူ ညီ‌ပေး‌နေသည့် တီဘီဘီစီအဖွဲ့၊ စခန်းဆိုင်ရာ အခြားအဲန်ဂျီအိုများနှင့် ‌တွေ့ဆုံ၍ လက်ရှိ‌ထောက်ပံ့မှုအ‌ခြေအ‌နေနှင့် ‌ရှေ့ဆက် ကူညီ‌ပေးသွားမည့် လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

မယ်လစခန်းရှိ ‌အေအမ်အိုင်‌ဆေးရုံအုပ် ဆရာ‌စော‌နေစဲန်က “သူတို့အဖွဲ့‌တွေက ‌ကေဒဗလျူအိုရုံး အပါအဝင် ‌နေရာအ‌တော် များများကို သွားခဲ့တယ်။ ‌နောက်ဆုံးမှ သုံးဖွဲ့စလုံး ကျ‌နော်တို့‌ဆေးရုံကို ‌ရောက်လာတယ်။ ဘာမှ‌တော့ ထူးထူးခြားခြား ‌ဆွေး ‌နွေးတာ‌တော့ မရှိပါဘူး။ လူနာ‌တွေ အ‌ခြေအ‌နေကို နည်းနည်းပါးပါး ‌မေးမြန်းပြီး ‌ဆေးရုံအ‌ဆောက်အဦး‌တွေကို လိုက်ကြည့် တာပါပဲ”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ‌နေရာချထား‌ရေးအစီအစဉ်တွင် အ‌မေရိကန်၊ ဩစ‌တြေးလျား နိုင်ငံပြီးလျှင် ဥ‌ရောပနိုင်ငံများသည် ဒုက္ခသည်‌ခေါ်ယူရာတွင် တတိယအများဆုံးနိုင်ငံများဖြစ်သည်။

မယ်လစခန်းတွင်းရှိ AMI ‌ဆေးရုံသို့သွားရာလမ်း
မယ်လစခန်းတွင်းရှိ AMI ‌ဆေးရုံသို့သွားရာလမ်း

အီးယူ‌ကော်မရှင်အဖွဲ့သည် ယ‌နေ့တွင် မဲ‌ဆောက်မြို့ရှိ ယူအဲန်အိတ်ချ်စီအာရ်၊ ZOA၊ OPE၊ IOMနှင့် ထိုင်း‌ကျေးရွာများသို့ သွား ‌ရောက်လည်ပတ်ခဲ့ကြ‌ကြောင်း ၎င်းတို့၏ ခရီးသွားလာ‌ရေး အစီအစဉ်အရ သိရသည်။ အဆိုပါအဖွဲ့သည် ၂၀၀ဝခုနှစ်ကတည်း က မယ်လဒုက္ခသည်စခန်းသို့ ယခုလို နှစ်စဉ် လာ‌ရောက်‌လေ့ရှိသည်ဟု မယ်လစခန်းဥက္ကဌက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ တတိယနိုင်ငံများသို့ သွား‌ရောက်အ‌ခြေချသည့် ဒုက္ခသည်‌ပေါင်း (၁၉,၀၀၀)ဦးရှိပြီး လက်ရှိအချိန်တွင် ဒုက္ခသည် လူသစ်လူ‌ဟောင်း စုစု‌ပေါင်း ၅၀,၀၀ဝနီးပါးရှိသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားပြီး တီဘီဘီစီမှ ကူညီ ‌ထောက်ပံ့‌ပေး‌နေသည့် ကရင်ဒုက္ခသည်စခန်း ၇ခုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ခုရှိသည်။