Home Authors Posts by poe moo

poe moo

102 POSTS 0 COMMENTS

ယခုနှစ် လောင်းကိုင် ဒူးရင်းသီးပွဲတော် မကျင်းပနိုင်သေး

မေလ ၁၀ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ နှစ်စဉ်ကျင်းပသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ လောင်းကိုင်ကျေးရွာ ဒူးရင်းသီးပွဲတော်ကို ဒူးရင်းသီး ထွက်နှုန်းအခြေအနေကြောင့် ယခုနှစ်မေလတွင် မကျင်းပနိုင်သေးကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။ ပြီးခဲ့သည့်နှစ်က မေလ ၁၂ ရက်နေ့တွင် ပွဲတော်ကျင်းပခဲ့သော်လည်း လ၊ ရက်၊ အတိအကျ...

ဝိညာဉ် နာတော်မူလှည့်

မူဘောင်မဲ့ ရှင်သန်စီးမျှောမှုက အယ်နီညိုအကြိုက် ပန်းကလေးတွေကို ဖဲ့ဖဲ့စားတဲ့ ပိုးလောက်လို ဖြည်းဖြည်းခြွေ ခြွေခဲ့။ အခြွေခံရတဲ့ ပန်းကလေးတွေ အချိန်မဲ့ ငိုကြွေးသံကိုတောင် မျက်ကွယ်ပြု သူ့အတ္တကို ရှေ့တန်းတင် ရှင်သန်နေတာက “ယိုသူမရှက် မြင်သူရှက်ဖွယ် ရှက်တတ်ရင် လဲသေနိုင်”ဆိုတဲ့ အရပ်စကားကိုတောင် နားကန်းနေရဲ့။ ဘိုးဘွားတို့ ဝိညာဉ်ငဲ့ သားမြေးတို့ ရှင်သန်မှုကို သုခမြေမှ နိုးထကြည့်ပါလှည့် လွတ်မြောက်သူ ဘိုးဘွားကိုတိုင်တည် ပန်းတွေမမွှေး စမ်းတွေမအေး ငှက်ကလေးတွေ ငြိမ်းချမ်းရေးတေး မဆိုဘူး။ ဤအခါသမယ ကမ္ဘာသည် ကမ္ဘာနဲ့ထပ်တူပြုဖို့  ကျိန်းစက်ရာမြေ ရှားပါးတဲ့ပုံရိပ် သြော် လွတ်မြောက်သူတို့  အရှင့်လောကကို နာတော်မူလှည့် ဘိုးဘွားတို့ ရတနာတွေ ယခင်လိုရှိပါလေစ ယခင်လို...

ရထားကြီး ဘီးချော်မှာစိုး

ခရီးစဉ် စကတည်းက တင်းခဲ့တဲ့ မာန်တွေခွာချ အရေခွံတွေ လဲကြ တစ်နေ့ … ရင်ဝမှာ ဓားထောက်ခံရမှ… ကမန်းကတန်းထ ဒါတောင်… ဓားပြလား လူဆိုးလား…. မျက်စဉ်းခတ်ဆေး မထည့်ရသေး…။ တစ်ခါဆို နားလည်ပေးရမယ်… တဲ့ နှစ်ခါဆို သတိပေးရမယ်… တဲ့ ခက်ပြီပေါ့ … တတိယ တစ်ကျော့မှ နောင်တရမယ် ဆိုရင် ဆင်ခြင်ဖို့ အကြွင်းကျန်မှာ မဟုတ်ဘူး….။ ဒါ…. တစ်ခါစားအတွက် မဟုတ် တစ်အူထုံဆင်းအတွက် မဟုတ် ညီမျှခြင်းအတွက် ဆေးစက်တင်နေတာ နည်းနည်းမှ အပေခံလို့မဖြစ် ခြစ်မိခြစ်ရာ ဖြစ်လို့ကတော့ ကျမ်းစာပောာင်းမှာ ကျွန်ဇာတာတွေ...

မြောင်းမြမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် သောက်သုံးရေများ အရေးကြီး လိုအပ်နေ

မေလ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဖောင်မွီးရှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ပိုးလောင်းဝ၊ တဲ့တဲ့ကူး နှင့် ရေကျော်ဒို ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ရွာခန့်တွင် ဧပြီလ ၂၀ရက်မှ စတင်ပြီး သောက်သုံးရေကန်များ ခန်းခြောက်မှုကြောင့် ဒေသခံ များအတွက် သောက်သုံးရေများ အရေးတကြီးလိုအပ်နေကြောင်း တဲ့တဲ့ကူးကျေးရွာ...

သောက်ရေခပ် ၁ စီမံကိန်းကိစ္စ ပြည်သူလူထု ဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု KNDP ဥက္ကဌပြော

မေ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သောက်ရေခပ်ချောင်းပေါ်တွင် အကောင်အထည်ဖော်ရန်အလားအလာ ရှိသည့် သောက်ရေခပ် (၁) ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဌ မန်းအောင်ပြည်စိုးက မေ ၈ ရက်(ယနေ့)တွင် ပြောဆို...

ဒေသအသီးသီးရှိ ကရင်အမျိုးသမီးခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်

မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ ခရိုင်အသီးသီးတွင် လက်ရှိ ကျရာတာဝန်များကို ထမ်းဆောင်နေ သည့် ကရင်အမျိုးသမီးများတွေ့ဆုံပြီး ၎င်းတို့အတွေ့အကြုံများအား အပြန်အလှန်မျှဝေဖလှယ်ပေးရန် ရည်ရွယ် သည့် တွေ့ဆုံပွဲတစ်ခုကို မေလ ၆ ရက်(ယနေ့) ကော့ကရိတ်မြို့နယ် တရိတခေါင်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။ ဒုတိယအကြိမ်...

၄၉ ကြိမ်မြောက် စုပေါင်း ကရင်စာပေသင်တန်းဆင်းပွဲ ထာဝရနှစ်သစ်ကူးကွင်းတွင် စတင်ဖွင့်လှစ်ကျင်းပ

မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင် ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကရင် စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ထာဝရ ကရင်နှစ်သစ်ကူး ကွင်း၌ ယနေ့ (မေလ...

တိုက်ပွဲများနှင့် မြန်မာပြည်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိက ဦးစားပေးလုပ်ဆောင်မည်ဟု ပြောဆို ထားသည့် အစိုးရသစ်လက်ထက်တွင် မြန်မာပြည်အတွင်း စစ်မက်ဖြစ်ပွားမှု ရပ်တန့်သွားခြင်းမရှိဘဲ တိုက်ပွဲများ ဖြစ်ပွားနေမှုများ ဆက်ရှိနေသေးသည်။ မြန်မာပြည်တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှု အခြေအနေမှာ ၂၀၁၇ ခုနှစ်အတွင်း ၁၃၅ ရက်ရှိခဲ့သလို ၂၀၁၈ ခုနှစ်အတွင်း ၁၂၈...

ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်စာပေသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဖောင်မွီးရှာာ ကရင်စာပေနှင့်ယဉ်ကျေးမှုကို ဖော်ထုတ်မြှင့်တင် ထိန်းသိမ်းခြင်းဖြင့် နှစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ပန်းတနော်မြို့နယ် လုံးဆိုင်ရာ ကရင်စာပေသင်တန်းဆင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဆုတောင်းပြည့် ကျေးရွာအုပ်စု ၊ ဝါး တောစု ကျေးရွာ၌ မေလ ၄ ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည်။ အဆိုပါ...

ကရင်ပြည်နယ်တွင် ပေါ့ဆမီးနှင့် လျှပ်စစ်မီးကြောင့် မီးလောင်မှုအရေအတွက် အများဆုံးဖြစ်ပွား

မေလ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်း ၃ လ နှင့် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုအမျိုးအစားများထဲ၌ ပေါ့ဆမီးနှင့် လျှပ်စစ်မီးကြောင့် မီးလောင်မှုအများဆုံးဖြစ်ပွားလျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုအမျိုးအစားများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊...