Home Authors Posts by KIC News

KIC News

6086 POSTS 0 COMMENTS

ပြည်ကြီးအလှ စာရိတ္တ

(လင်္ကာဒီပ) မေလ ၂၄၊ ၂၀၁၄။ ငါစီးပွား ကြီးပွားရင်ပြီးရော လောကကြီး မီးပဲလောင်လောင် တောင်တွေဖြိုပြို မြစ်တွေခမ်းခမ်း ပန်းတွေကြွေကြွေ ပြည်သူတွေ မူးယစ်ပဲစွဲစွဲ မွဲလို့သေစမ်းပါစေ ဆိုတဲ့စိတ်များ မွေးမြူထားကြလေရော့သလား ညီအစ်ကိုတို့။ လူ့စည်း ဘီလူးစည်း တစ်ခုတည်း မထားကြပါနဲ့ စည်းကမ်းမဲ့လွန်းနေရင် မကြာခင်ကျဆုံးခန်း ရောက်လာပါလိမ့် အတိတ်က အမှတ်အသား တိမ်စိုင်ကြား လကွယ်နေသည့်နယ်။ သူတို့တွေမှာများ… ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကျောင်းစည်းကမ်း ရုံးစည်းကမ်း သူ့လမ်းသူ့မူ အားလုံးသဘောတူ နာယူလိုက်နာ ကျင့်ကြံ တန်ဖိုးရှိတဲ့ လူသားများ ကြီးပွားနေကြတဲ့လမ်းကြောင်းပဲလေ။ ငါတို့တွေမှာများ… တော်လှန်ရေး အဖြစ်သဘော ပြောပြောနေတဲ့...

ကေ၀ိုင်အို၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားသို့ ကရင်လူငယ် ၅၀၀ကျော်တက်ရောက်

မေ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ ကရင်လူငယ်အစည်းအရုံး(ကေ၀ိုင်အို)၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ လော်ခီး လာ(လေးဝါး)၌ မေလ ၂၃ရက်နေ့တွင် ကျင်းပခဲ့ရာ ကရင်ဒေသအသီးသီးမှ ကရင်လူငယ် ၅၀၀ကျော် တက်ရောက်ခဲ့ကြသည်။ ကေ၀ိုင်အို တွဲဖက်အတွင်းရေးမှူး(၁) စောဂျက်ပစီက “ကျနော်တို့ ဒီကရင်လူငယ်အစည်းအရုံးရဲ့ ၂၅နှစ်ပြည့် ငွေရတုကို ကျင်းပ...

ကရင်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသုံးသပ်

မေ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ ကရင်ပြည်နယ်အတွင်းရှိ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လေ့လာသုံးသပ်ရန် ကရင်လူမှုအဖွဲ့အစည်းပေါင်း ၂၀ ဖွဲ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မေ ၁၉ရက်မှ ၂၁ရက်နေ့အထိ ၃ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်သွားခဲ့ကြသည်။ "ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်...

၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ နိုင်ငံရေးရလဒ်ကောင်းမရနိုင်

မောင်ကျော်စွာ (၂၀၁၄ခုနှစ်၊ မေလ ၂၂ရက်) (၂၀၀၈) အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် ပြဿနာတွေရှိနေသလို၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ဆွေးနွေး ရာတွင်လည်း အထစ်အငေါ့တွေ ပြွမ်းတီးနေသည်။ ထိုမပြေလည်မှုများသည် လက်ရှိသမ္မတကြီး ဦးသိန်းစိန်၏ ကြံ့ဖွံ့အစိုးရ အပါ အဝင် အုပ်စိုးသူအစိုးရအဆက်ဆက်က စွဲကိုင်ပြောဆိုမြဲဖြစ်သည့် အတိုက်အခံ နိုင်ငံရေးပါတီများ/ တိုင်းရင်းသား...

ကရင်လူငယ်ခေါင်းဆောင်မှုသင်တန်း ပုသိမ်မြို့တွင် ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်

မေ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း ကရင်လူငယ် မိဿဟာယအဖွဲ့က ဦးဆောင်ကာ ကရင်လူငယ်ခေါင်းဆောင်မှုသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာ ကက်သလစ်သာသနာဝင်းရှိ ခမ်းမ၌ မေ ၂၀ရက်မှ ၂၃ရက်နေ့အထိ ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ၎င်းသင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးပြီး စည်းလုံးမှုရှိစေရန်၊ မျိုးနွယ်စုဘာသာစကား၊...

လယ်ယာ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွင်းဆင်းဆွေးနွေးမှု ကေအဲန်ယူဆောင်ရွက်

မေ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း လယ်ယာမြေ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာကို ဖြေရှင်းနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကရင်ပြည်နယ်ရှိ ဒေသခံများသို့ ကွင်းဆင်းရာတွင် လှိုင်းဘွဲမြို့နယ်၊ ၀ိုင်းထော်ရွာတွင် မေ ၂၁ရက်နေ့က စတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ကေအဲန်ယူ၏ လယ်ယာ၊ သစ်တောပေါ်လစီနှင့် ၎င်းဌာနတို့လုပ်ငန်းများကို ဒေသခံများ ပိုမိုသိရှိစေရန် သစ်တော၊...

စစ်ပွဲများ ရပ်တန့်ရန် လူမှုကွန်ရက်များနှင့် အရပ်ဖက်လူမှုအဖွဲ့များ စုပေါင်းတောင်းဆို

မေ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား စစ်မှန်သော ငြိမ်းချမ်းရေး လိုလားကြောင်း သက်သေပြသည့်အနေဖြင့် လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားသော စစ်ပွဲများ ချက်ချင်းရပ်တန့်ရန် လူမှုကွန်ရက်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၇၅ဖွဲ့တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့၊ လွှတ် တော်နှင့် မြန်မာ့တပ်မတော်ထံ မေလ ၂၁ရက်နေ့တွင်...

ရိုးရာဓလေ့နှင့် ခေတ်ရေစီးကြောင်း

စကိုင့်မီး မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးအသီးသီးတို့၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ ကျမ်းကြီးကျမ်းခိုင်တို့ဖြင့် မှတ် တမ်းတင်ရေးသားထားသော သမိုင်းအထောက်အထားများ မရှိသလောက် နည်းပါးလျက်ရှိ၏။ မြန်မာ့စာပေရေးသားမှုနှင့် မြန်မာ့ သမိုင်းမှတ်တမ်းတင်ရေးသားမှု၏ ခေတ်ကာလလည်း နောက်ကျလျက်ရှိကြောင်း တွေ့ရ၏။ မြန်မာ့သမိုင်း စတင်ရေးသားလာ သည့် ကာလတလျောက်လုံး၌ အုပ်ချုပ်မင်းလုပ်သော ဘုရင်ပဒေသရာဇ်တို့၏ အကြောင်းများကိုသာ ရှေ့တန်းတင်...

ကရင့်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သူတို့အမြင်

မန်းအေဘီယံ နတ်သံကွင်းရွာ၊ ကျောက်ကြီးမြို့ နယ် (ပဲခူးတိုင်းဒေသကြီး) အတီးက အရင်ကတော့ ကရင်နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီ။ အခု ပဲခူးတိုင်း စာပေယဉ်ကျေးမှုမှာ လက်ရှိ တာဝန်ထမ်း ဆောင်တယ်။ အခုလုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာက မှုန်မှုန်မှိုင်းမှိုင်းလေး မြင်နေရတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် နှစ်ဖက် လက်နက်ကိုင်ကပဲ နှစ်ဦးနှစ်ဖက်လုပ်တာ၊...

KNDO တပ်ဖွဲ့ဝင်များကို မိုင်းရှင်းလင်းရေး ရက်တိုသင်တန်းပို့ချ

မေလ ၂၀ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း ကရင်ပြည်နယ်ရှိ မြေမြုပ်မိုင်းအန္တရာယ် ရှိနေသေးသောနေရာများတွင် မိုင်းကင်းရှင်းနိုင်ရေးအတွက် ဗြိတိန်အခြေစိုက် No Land mines အဖွဲ့မှ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ဖွဲ့ဝင်အချို့အား ဧပြီလအတွင်းက မိုင်းရှင်းလင်းရေးနှင့် ပညာ ပေးသင်တန်း နှစ်ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။ အဆိုပါသင်တန်းများကို ဧပြီလဆန်းပိုင်းမှစ၍ လကုန်သည်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ...