Home Authors Posts by KIC News

KIC News

14935 POSTS 0 COMMENTS

ညောင်လေးပင်ဘူတာရုံ ဗုံးပေါက်ကွဲမှု PDF များလုပ်ဆောင်သည့်သတင်းမှာ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင်ဘူတာရုံတွင် ယမန် နေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF များက လုပ်ဆောင်ခဲ့သည်ဟု ရေးသားကြသည့် သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တုန့်ပြန်ပြောဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် တောင်တွင်းကြီးမြို့နယ်မှ...

နှစ်ကုန်စာမေးပွဲ မေးခွန်းပါသည့်အတိုင်း စာကျက်ဖြေဆိုခိုင်းမည့်သတင်းကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေ

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နှစ်ကုန်စာမေးပွဲ မေးခွန်းပါသည့်အတိုင်း စာကျက်ဖြေဆိုခိုင်းမည့်အတန်းတင် စာမေးပွဲစစ်မည့်သတင်းကြောင့် အတန်းတက်ပြီး စာမတတ်ဖြစ်မည်ကို ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးဒေသတွင်းရှိ ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။ ကော့ကရိတ်၊ ကျုံဒိုးဒေသတွင်း စစ်ကောင်စီဖွင့်လှစ်သည့် ပညာရေးကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသားများအား အတန်းတင်...

အဖမ်းဆီးခံ ကရင်လူငယ် စသိန်းဇော်မင်း အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ရိုက်နှက်စစ်ဆေးခံ ထားရမှုများရှိနေ

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ စသိန်းဇော်မင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ရက်နေ့က စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့ ရုံးထုတ်စစ်ဆေးရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀)(၅၂)(က)တို့ဖြင့်...

ဌာနေကရင်လူမျိုးတို့၏ ဒေါင်ဒင်(နွတ်ဒိုင်)အင်း စုပေါင်းငါးဖမ်းပွဲတော် လူထောင်ချီလာရောက်ဆင်နွှဲ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ရွာအနီးရှိ ဒေါင်ဒင်(နွတ်ဒိုင်)အင်းတွင် နှစ်စဉ် အစဉ် အလာမပျက် ကျင်းပသည့် ဌာနေ ကရင်လူမျိုးတို့၏ စုပေါင်းငါးဖမ်းပွဲတော်ကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ လူထောင်ချီလာရောက်ဆင်နွှဲခဲ့ကြသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ...

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သာမဏေတစ်ပါး ထိမှန်သေဆုံးပြီး ဦးဇင်းတစ်ပါး ပြင်းထန်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ကနင်ကမော့ရွာ ဘုန်းတော်ကြီးကျောင်းပေါ် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သာမဏေ(ကိုရင်လေး)တစ်ပါး ကျည်ထိ မှန်သေဆုံးပြီး ဦးဇင်းကြီးတစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသွားများထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ...

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီး (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့်...

ရဲစခန်းအပစ်ခံရ၍ ပြန်လည်ပစ်ခတ်သည့် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဃာ ၃ပါး ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝီ‌ယော်ရဲစခန်းကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်(၆)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ဘုန်းကြီးနှစ်ပါးနှင့် သာမဏေ(ကိုရင်) တစ်ပါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဝီယော်ရဲစခန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏...

စစ်ကောင်စီ အုပ်ချုပ်ရေးမှူး မိသားစုဝင် ၇ ဦးသတ်ဖြတ်ခံရပြီးနောက် ပလောက်မြို့တွင် လုံခြုံရေးတင်းကြပ်

ဖေဖော်ဝါရီလ ၁၃ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ညောင်ရှင်ကုန်းရွာတွင် နေထိုင်သော စစ်ကောစီခန့် အုပ်ချုပ်ရေးမှူး မိသားစုဝင်(၇)ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက အမည်မသိ လက်နက်ကိုင်လူတစ်စုက သတ်ဖြတ်သွားပြီးနောက် စစ်ကောင်စီဘက်မှ လုံခြုံရေးတင်းကြပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ်ထဲက...

အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ ဒေသတွင်း စစ်ရှောင်နေကြရသော စစ်ဘေးရှောင်ပြည် သူများမှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုလာလ...

ဘုရားသုံးဆူဒေသ စစ်ရှောင်ဒေသခံများ ထိုင်းဘက်ခြမ်းတွင်နေထိုင်ကြရဆဲ

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီစစ်တပ်မှ စစ်ကူနှင့် လက်နက်ခဲယမ်းဖြည့် တင်းကာ စစ်ဆေးတင်းကြပ်မှုများပိုမိုလုပ်ဆောင်နေမှုအခြေအနေများကြောင့် ထိုင်းဘက်အခြမ်းတွင် တိမ်းရှောင်နေကြရသော စစ်ရှောင်ဒေသခံများ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တုန်းက စစ်ကောင်စီ ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှ ယခုအချိန်ထိ စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့...

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​