Home သတင်း ကရင်ပြည်နယ်တွင် ‌ကျေးလက်က‌လေးသူငယ်များ ပုံမှန် ကာကွယ်‌ဆေးထိုးခွင့်မရ ဖြစ်‌နေ

ကရင်ပြည်နယ်တွင် ‌ကျေးလက်က‌လေးသူငယ်များ ပုံမှန် ကာကွယ်‌ဆေးထိုးခွင့်မရ ဖြစ်‌နေ

1442

ဇူလိုင် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ကူးစက်မှု များပြားလာခြင်းနှင့် စစ်တပ်က အာဏာသိမ်းမှု ‌နောက်ပိုင်းကာလအတွင်း ကရင်ပြည် နယ်အတွင်းရှိ ‌ကျေးလက်‌ဒေသအချို့မှ က‌လေးသူငယ်များမှာ ကာကွယ်‌ဆေးများ ပုံမှန် ထိုးနှံခွင့်မရဘဲဖြစ်‌နေ ‌ကြောင်း သက်ဆိုင်ရာ ‌ဒေသခံ က‌လေးမိဘများက ‌ပြောဆိုချက်များအရ သိရသည်။

‌ကျေးလက်‌ဒေသအချို့တွင် က‌လေးငယ်များအတွက် တိုးချဲ့ကာကွယ်‌ဆေးထိုး‌ပေးချင်‌သော်လည်း နီးစပ်ရာ ကျန်းမာ‌ရေးဌာနနှင့် ‌ဆေးရုံ၊ ‌ဆေး‌ပေးခန်းများ ပိတ်ထားသည့်အတွက် က‌လေးငယ်များ ပုံမှန် ကာကွယ်‌ဆေး ထိုးခွင့်မရ‌ကြောင်းလည်း ‌ကော့ကရိတ်မြို့နယ်မှ က‌လေးမိဘတစ်ဦးက ယခုလို ‌ပြောသည်။

“အရင်က ရွာမှာ ‌ဆေး‌ပေးခန်းရှိ‌တော့ ‌ဆေး‌ပေးခန်းမှာ ပုံမှန်ထိုး‌ပေးတာရှိတယ်။ အခု ‌ဆေးခန်းက ဆရာမလည်း မရှိဘူး။ နီးစပ်ရာ‌ဆေးရုံလည်း ပိတ်ထားတယ်။ ပြီး‌တော့ ‌ကော့ကရိတ်၊ ကျုံဒိုး‌တွေမှာ ထိုး‌ပေးတယ်လို့ ကြားတယ်။ ကိုဗစ်‌ကြောင့် လမ်း‌တွေပိတ်‌တော့ မသွားထိုးနိုင်‌တော့ဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာ‌ကျော်စွာမြင့်က ပုံမှန်ကာကွယ် ‌ဆေး ထိုး‌ပေးခြင်းနှင့်ပတ်သက်၍ လုံးဝရပ်နားခြင်းမဟုတ်သလို မြို့နယ်အဆင့် သက်ဆိုင်ရာ ကျန်းမာ‌ရေး တာဝန်ရှိသူများက ကိုဗစ်ကူးစက်မှုများသည့်‌နေရာတွင် အစီအစဉ်‌ပြောင်းကာ ထိုးနှံ‌ပေးခြင်းရှိ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ ကာကွယ်‌ဆေးထိုးတာက လုံးဝရပ်ထားတာ‌တော့မဟုတ်ဘူး။ ကိုဗစ်ကာလမှာ‌တော့ Risk ယူပြီး ထိုး‌ပေး ရတယ်ဒါ‌တွေက။ အခုက ကိုဗစ်အရမ်းမြင့်‌နေတဲ့အချိန်မို့ ပုံစံသာ‌ပြောင်းရင်‌ပြောင်းမယ်။ တချို့‌နေရာ ‌တွေက ရပ်‌ကောင်းရပ်မယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ထိုးတဲ့လူ‌ကော၊ အထိုးခံရတဲ့လူ‌ကော သိပ်အဆင်မ‌ပြေဘူး။ အဓိက ‌ဒေအလိုက် သက်ဆိုင်ရာမြို့နယ်မှာ ဆက်သွယ်‌မေးကြည့်တာမျိုး‌ကောင်းတယ်။ ထိုးတဲ့‌နေရာ‌တွေမှာဆိုရင် ရက်ချိန်းယူပြီး ထိုးတာမျိုး‌ပေါ့” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ကာကွယ်‌ဆေးထိုးနှံမှုအစီအစဉ်ကို အစိုးရလက်လှမ်းမမီသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်းများ အုပ်ချုပ်နယ်‌မြေအချို့တွင်လည်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ ကျန်းမာ‌ရေး ဌာနမှတာဝန်ယူ ထိုး‌ပေးထားခြင်းရှိ‌သော်လည်း ကိုဗစ်ကာလတွင် နယ်‌မြေအတွင်း အဝင်အထွက် ပိတ်ထား သည့်အတွက် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေတွင် ယခုကာလတွင် ပုံမှန်ကာကွယ်‌ဆေးထိုးလုပ်ငန်းရပ် နားထားရသည်ဟု ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)က ‌ပြောသည်။

“ကိုဗစ်ဖြစ်ကတည်းက ကာကွယ်‌ဆေးက ပုံမှန်မထိုး‌ပေးနိုင်‌တော့ဘူး။ စစ်တပ်အာဏာသိမ်း‌တော့ ပိုဆိုး သွားတယ်။ အသွားအလာသိပ်အဆင်မ‌ပြေ‌တော့ဘူး။ အရင်က ဒီမြန်မာအစိုးရ ဘက်က ကာကွယ်‌ဆေး ‌ပေးတာရှိတယ်။ ၂၀၂ဝ တုန်းက ကာကွယ်‌ဆေးလက်ကျန်ရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန် ရှာထားတာ လည်းရှိတယ်။ ကိုဗစ်အ‌ခြေအ‌နေ နည်းနည်းသက်သာရင် ပြန်ထိုးမယ်။ အစိုးရဘက် သွားထိုးလို့မရတဲ့ နှစ်ဖက် ထိန်းချုပ်နယ်‌မြေက ကိုယ့်လူထု‌တွေကိုလည်း နိုင်သ‌လောက်ထိုး‌ပေးရမှာ‌ပေါ့။”ဟု KDHW ဌာနမှူး ပဒို‌စောဒိုင်းမွန်းခင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ကျန်းမာ‌ရေး ‌ရေးဝန်ထမ်းများသည် ခြိမ်း‌ခြောက်မှုနှင့် အကြမ်းဖက်မှုများ ကြုံ‌တွေ့ ‌နေရသည့်အတွက် ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းများကို အကြီးအကျယ် အ‌နှောင့်အယှက်ဖြစ်‌စေသည့်အတွက် က‌လေးငယ်(၁)သန်းနီးပါးသည်ပုံမှန်ကာကွယ်‌ဆေးထိုးခြင်း မရ‌တော့သည့်အပြင် က‌လေးငယ် ၅ သန်းနီးပါးသည် လည်း ဗီတာမင်‌အေ ဖြည့်စွက်‌ဆေးများ မရရှိ‌တော့‌ကြောင်း ယူနီဆက်မြန်မာက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။

အဆိုပါက‌လေးငယ်များကို ယခုလို ကာကွယ်‌ဆေးနှင့် ‌ဆေးများအတွက် လက်လွတ်ဆုံးရှုံး‌နေရခြင်းသည် ကူးစက်‌ရောဂါများနှင့် (ပြင်းထန်သည့်အ‌ခြေအ‌နေများတွင် ) မျက်လုံးကွယ်ခြင်းအထိ ‌ဘေးအန္တရာယ် ကျ‌ရောက်‌စေနိုင်‌ကြောင်းလည်း ယူနီဆက်မြန်မာက ‌ထောက်ပြထားသည်။

‌ဆေးရုံ‌ဆေးခန်းတွင် ‌မွေးဖွားသည့် က‌လေးငယ်များသည် ‌မွေးဖွားပြီးချင်း ၂၄ နာရီအတွင်း အသည်း‌ရောင် အသား ဝါ(ဘီ)ကာကွယ်‌ဆေး ထိုး‌ပေးခြင်းရှိပြီး အသက် ၂ လမှ အသက် ၅နှစ်‌အောက် က‌လေးငယ်များကို ကာကွယ်‌ဆေး ၁၁ မျိုးဖြစ်သည့် ပြင်းထန်တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ‌မေးခိုင်၊ အသည်း‌ရောင်အသားဝါ (ဘီ)၊ ဦး‌နှောက် အ‌မြှေး ‌ရောင်၊ ပြင်းထန်အဆုတ်‌ရောင်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး၊ ဂျပန်ဦး‌နှောက်‌ရောင် ကာကွယ်‌ဆေးများကို သတ်မှတ်ထားသည့် လအလိုက် ပုံမုံကာကွယ်‌ဆေးထိုးသည့် အစီအစဉ်တွင် ထည့်သွင်းထိုး‌ပေးထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ ‌အောက်တိုဘာလ ၂ဝရက်‌နေ့မှစတင်၍ အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ် မိန်းက ‌လေးတိုင်းကိုလည်း အိတ်ချ်ပီဗွီ သားအိမ်‌ခေါင်းကင်ဆာကာကွယ်‌ဆေးတစ်မျိုးကိုလည်း စတင်ထိုး‌ပေးခြင်းရှိကာ တစ်ဦးလျှင်နှစ်ကြိမ်ထိုး‌ပေးရပြီး ပထမတစ်ကြိမ်ထိုးပြီးလျှင် ၁၂ လခြားတစ်ခါ ထိုး‌ပေးမည်ဖြစ်‌ကြောင်းလည်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာက ၂၀၂ဝခုနှစ်တွင် ထုတ်ပြန်ထားခြင်းရှိသည်။