Home သတင်း မြဝတီမြို့တွင် ‌ကျောင်းအပ်စတင်လက်ခံသည့် ပထမ‌နေ့တွင် ‌ကျောင်းအပ်နှံသူ လွန်စွာနည်းပါး

မြဝတီမြို့တွင် ‌ကျောင်းအပ်စတင်လက်ခံသည့် ပထမ‌နေ့တွင် ‌ကျောင်းအပ်နှံသူ လွန်စွာနည်းပါး

4069

‌မေလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့ ‌မေလ ၂၄ ရက်‌နေ့ မှ စတင်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်လက်ခံမှုများ စတင်‌ဆောင်ရွက်‌နေပြီး ယ‌နေ့ ‌ကျောင်းအပ်လက်ခံသည့် ပထမ‌နေ့တွင် ယမန်နှစ်များထက်စာလျှင် ‌ကျောင်း အပ်နှံသူ လွန်စွာနည်းပါး ‌ကြောင်း ‌တွေ့ရသည်။

စစ်‌ကောင်စီ မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ‌ကျောင်းဖွင့်ရက်ကို ဇွန်လ ၁ ရက်‌နေ့တွင် စတင်ဖွင့်လှစ်နိုင်ရန်လျာထားပြီး ‌ကျောင်းအပ်လက်ခံခြင်းကို ယ‌နေ့ ‌မေလ ၂၄ ရက်မှ ‌မေလ ၃၁ ရက်‌နေ့ထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုသို့ သတ်မှတ်ထားသည့်အတိုင်း မြဝတီမြို့နယ်အတွင်း ‌ကျောင်းအပ်လက်ခံခြင်း များကို ‌ဆောင်ရွက်လျက်ရှိရာ ယခင်ပညာသင်နှစ်များက ‌ကျောင်းသား/သူ လူဦး‌ရေ ၂ ‌ထောင်ဝန်းကျင် တက်‌ရောက် ပညာသင်ကြားခဲ့သည့် အမှတ် ၃ ရပ်ကွက်ရှိ အထက ၂ ‌ကျောင်း နှင့် အထက ခွဲ (၃) ‌ကျောင်းတို့တွင် ယ‌နေ့ ‌မေလ ၂၄ ရက် ‌ကျောင်းအပ်လက်ခံသည့် ပထမရက်တွင် ‌ကျောင်အပ်နှံသူ ဆယ်ဂဏန်းမျှ သာရှိ‌ကြောင်း အထက ၂ ‌ကျောင်းအုပ်ဆရာကြီး ဦးမိုး‌ကျော် က ‌ပြောသည်။

ယခုနှစ်တွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေ မငြိမ်မသက်မှု‌ကြောင့် ‌ကျောင်းသားမိဘများအ ‌နေဖြင့် စိုးရိမ်မှုများရှိ‌နေပြီး ထိုသို့ စိုးရိမ်မှုများမရှိ‌စေရန် ‌ကျောင်းတွင် လုံခြုံ‌ရေး တင်းကြပ်ထားသလို ကိုဗစ်‌ရောဂါကြိုတင်ကာကွယ်‌ရေး အစီအစဉ်များလည်း ‌ဆောင်ရွက်ထားရှိ ‌ကြောင်း အထက ၂ ‌ကျောင်းအုပ် ဆရာကြီး ဦးမိုး‌ကျော် က ဆက်‌ပြောသည်။

မြဝတီမြို့‌ပေါ်‌ကျောင်းများတွင် ရပ်ကွက် အလိုက်အုပ်ချုပ်‌ရေး အဖွဲ့များအပြင် တပ်နှင့် ရဲတပ်ဖွဲ့မှ လုံခြုံ‌ရေးဖြန့်ကျက် ‌ဆောင်ရွက်ထား‌ပေး‌သော်လည်း လက်ရှိနိုင် ငံ‌ရေးအ‌ခြေအ‌နေအရ တစ်စုံ တစ်ရာ ဖြစ်‌ပေါ်လာမည်ကို ‌ကျောင်းသား မိဘများက စိုးရိမ်လျက်ရှိ‌နေသည်။

“ဒီအချိန်က နိုင်ငံ‌ရေးကလည်း မငြိမ်‌သေးဘူး။ ဗုံး‌ပေါက်ကွဲမှု‌တွေကလည်း ‌နေရာအနှံ့အပြားမှာဖြစ်‌နေ‌တော့ သားသမီး‌တွေအတွက် စိတ်‌အေးရမှာ မဟုတ်ဘူး။ ဒါ‌ကြောင့် ဒီနှစ်‌ကျောင်းတစ်နှစ်‌အောင့်ပြီး အ‌ခြေအ‌နေကြည့်ကာ နိုင်ငံ‌ရေး တည်ငြိမ်လာမှပဲ ‌ကျောင်းပြန်ထား‌တော့မယ်” ဟု အမည်မ‌ဖော်လိုသူ ‌ကျောင်းသားမိဘတစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် အထက်တန်း‌ကျောင်း ၈ ‌ကျောင်း၊ ဘုန်း‌တော်ကြီး သင်ပညာ‌ရေး‌ကျောင်း ၅ ‌ကျောင်း နှင့် ကိုယ်ပိုင်‌ကျောင်း ၂ ‌ကျောင်းအပါအဝင် ‌ကျောင်း‌ပေါင်း ၁၀၉ ‌ကျောင်းခန့်ရှိသည်။ ယ‌နေ့ ‌ကျောင်းအပ်လက်ခံခြင်းများ ‌ဆောင်ရွက်‌နေ‌သော်လည်း ထိုအထဲတွင် ဌာ‌နေတိုင်းရင်းသားလက်နက်ကိုင် ‌ဒေသရှိ ‌ကျောင်း‌ပေါင်း ၁၅ ‌ကျောင်း ခန့်တွင်မူ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်လက်ခံခြင်း ‌ကျောင်းဖွင့်လှစ်နိုင်ခြင်း အ‌ခြေအ‌နေတွင် မရှိ‌သေး‌ပေ။