Home သတင်း ‌ပေါင်မြို့တွင် PSI ဂြိုလ်တု စ‌လောင်းများ လိုက်သိမ်းဆည်းမှုပြုလုပ်

‌ပေါင်မြို့တွင် PSI ဂြိုလ်တု စ‌လောင်းများ လိုက်သိမ်းဆည်းမှုပြုလုပ်

1883

ဧပြီ ၈ ရက်၊ ၂၀၂၁ခုနှစ်။

မွန်ပြည်နယ်၊ ‌ပေါင်မြို့တွင် ယ‌နေ့ (ဧပြီ ၈ရက် )မွန်းလွဲ ၁နာရီအချိန်က အာဏာသိမ်း စစ်‌ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များမှ မြို့ထဲရှိ PSI ဂြိုလ်တုစ‌လောင်းများကို လိုက်လံ သိမ်းဆည်းမှုများလုပ်‌ဆောင်ခဲ့သည်ဟု ‌ပေါင်မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ မွန်းလွဲ ၁နာရီအချိန်မှာ ဆိုင်တစ်ဆိုင်ထဲမှာ PSI စ‌လောင်း ဝင်ဖမ်းတယ်။ ၁၃ လုံး ပါသွားတယ်။ PSI စ‌လောင်း နဲ့ ပတ်သက်တဲ့ပစ္စည်း အကုန်ယူသွားတယ်။ ဆိုင်ရှင်ကို မ‌ရောင်း‌တော့ပါ‌ကြောင်း လက်မှတ်ထိုးခိုင်းပြီး အကုန်ယူသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ကရင်ပြည်နယ် မြို့နယ်အချို့နှင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင်လည်း အာဏာသိမ်းစစ်‌ကောင်စီမှ အလားတူ PSI ဂြိုလ်တုစ‌လောင်းများ လိုက်လံသိမ်းဆည်းမှုလုပ်‌ဆောင်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံထုတ် PSI ဂြိုလ်တုစ‌လောင်းမှတဆင့် စစ်အာဏာသိမ်းမှု‌ကြောင့် ဖြစ်‌ပေါ်လာသည့် လူထုအုံကြွမှုနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အ‌ခြေအ‌နေများကို ထုတ်လွှင့်‌ပေးသည့် Mizzima ရုပ်သံလိုင်းနှင့် DVB ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သည့် စ‌လောင်းဖြစ်သည်။
Photo_CJ