Home သတင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ဖြစ်‌စေ၊ မတရားအသင်းမှဖြစ်‌စေ ပယ်ဖျက်‌ကြောင်း CRPH ‌ကြေညာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ဖြစ်‌စေ၊ မတရားအသင်းမှဖြစ်‌စေ ပယ်ဖျက်‌ကြောင်း CRPH ‌ကြေညာ

1647
Photo: KNU

မတ်လ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့အဖြစ်‌သော်လည်း‌ကောင်း၊ မတရားအသင်းအဖြစ် ‌သော်လည်း‌ကောင်း ‌ကြေညာခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ဖြစ်‌စေ၊ မတရားအသင်းမှဖြစ်‌စေ ပယ်ဖျက်‌ကြောင်း ပြည် ‌ထောင်စု လွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီက ယ‌နေ့ မတ်လ ၁၇ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

ထို့အပြင် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းနှင့် ဆက်သွယ်‌ဆောင်ရွက်‌သော‌ကြောင့် ပုဒ်မ ၁၇ (၁)ဖြင့် ဖမ်းဆီးအ‌ရေးယူမှုအားလုံးသည် တရားဝင်မှုမရှိ‌ကြောင်းနှင့် ၎င်းဖမ်းဆီးအ‌ရေးယူမှုအားလုံးကို ရှုတ်ချ‌ကြောင်းလည်း CRPHက ‌ကြေညာလိုက်သည်။

တရားမဝင် အာဏာသိမ်းစစ်‌ကောင်စီ၏ မတရား‌သော အမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobediecne Movement)တွင် ပါဝင်‌သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်‌ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်များကို ဆန့်ကျင်တိုက်ပွဲဝင်‌နေ‌သော ပြည်သူများကို ‌စောင့်‌ရှောက်ကာကွယ်မှုများ ‌ဆောင်ရွက်ကြသည့် တိုင်းရင်းသားလက်နကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများအားလုံးကို အထူး‌ကျေးဇူးတင်ရှိ‌ကြောင်းလည်း CRPHက ‌ပြောသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ဦး‌ဆောင်သည့် အာဏာသိမ်းစစ်‌ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်‌ရေးဗဟိုအဖွဲ့ကလည်း ရက္ခိုင်တပ်‌တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းမှ ပြန်လည်ရုတ်သိမ်း‌ပေးလိုက်‌ကြောင်း မတ်လ ၁၁ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာခဲ့သည်။