Home သတင်း ဒုတိယ‌နေ့ ရန်ကုန်မြို့ဆန္ဒပြပွဲ အင်အားပိုများပြားလာ၊ ယူအဲန်လာမည့်အတွက် ထပ်မံ ဆန္ဒထုတ်‌ဖော်ဟု ‌ပြောဆို

ဒုတိယ‌နေ့ ရန်ကုန်မြို့ဆန္ဒပြပွဲ အင်အားပိုများပြားလာ၊ ယူအဲန်လာမည့်အတွက် ထပ်မံ ဆန္ဒထုတ်‌ဖော်ဟု ‌ပြောဆို

2809

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်မြို့တွင် ကုလသမဂ္ဂတာဝန်ရှိသူများ လာ‌ရောက်မည်ဟု ကြားသိထားသည့်အတွက် မြို့လယ်‌ခေါင်ရှိ ဆူး‌လေ‌စေ တီအနီးရှိ မြို့‌တော်ခမ်းမသို့ မြို့နယ်အသီးသီးက ဆန္ဒပြသူများက ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့မနက်တွင် ထပ်မံဆန္ဒ ထုတ်‌ဖော်ကာ ‌တောင်းဆိုမှုများ ပြုလုပ်‌နေကြသည်။

ထိုအ‌ခြေအ‌နေနှင့်ပတ်သက်၍ ပြည်တွင်းရှိ ကရင်လူငယ်တစ်ဦးက “ဆန္ဒပြပွဲမှာပါတဲ့ ကျ‌နော့် သူငယ်ချင်း‌တွေ လှမ်း ‌ပြောလာတာက လူထု‌တွေဟာ ဆူး‌လေအနီးက မြို့‌တော်ခန်းမမှာ ဆန္ဒသွား‌ဖော်ထုတ်‌နေကြတယ်။ သူတို့ ကြားထားတာက ယူအဲန်က လာမယ်ဆိုလို့ သူတို့ရဲ့အင်အားကို သွားပြသတာပဲလို့ ‌ပြောပါတယ်။ ဒါကိုလည်း သတင်းထွက်‌စေ ချင်လို့ပါ။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဆန္ဒပြသူများသည် ယ‌နေ့မနက် ၈နာရီမှစ၍ လှည်းတန်း၊ ကြည့်မြင်တိုင်က‌နေ ပြည်လမ်း‌ပေါ်ကိုတက်ရန် ချီတက်‌နေ ကြပြီး လိုရာ‌နေရာ ‌ရောက်ရှိနိုင်‌ရေး ဖြည်းဖြည်းချင်း လမ်း‌ကြောင်းရှာကာ သွား‌နေကြသည်ဟုလည်း အဆိုပါလူငယ်က မနက် ၁၁နာရီအချိန်ခန့်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အလားတူ သံလျင်မြို့၌လည်း ယ‌နေ့မနက် ၉နာရီမှစ၍ ၁ဝနာရီခွဲ‌ကျော်အထိ လူအင်အား ၁၀ဝ ခန့်စီက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်ဟု သံလျင်မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ဆန္ဒပြပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ အလံကို ‌ဝှေ့ရမ်းခြင်း၊ “စစ်အာဏာရှင် အလိုမရှိ။ စစ်အာဏာရှင် ကျရှုံးပါ‌စေ။ အ‌မေစု ကျန်းမာပါ‌စေ။ ဗိုလ်ချုပ်‌ပေးတဲ့စစ်ပညာ ပြည်သူ‌တွေကိုသတ်ဖို့ မဟုတ်ဘူး။” ‌ကြွေး‌ကြော်မှုများ အပြင် “မင်း‌အောင်လှိုင်၊ မြင့်‌ဆွေ နိုင်ငံ‌တော် ပုန်ကန်မှု အကြီးဆုံးပြစ်မှု…” ဓာတ်ပုံနှင့်စာတန်းကိုလည်း ကိုင်‌ဆောင်ကာ ‌ကြွေး‌ကြော်ခဲ့ကြသည်။

ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီ ၆ ရက်‌နေ့ကလည်း ရန်ကုန်မြို့၊ လှည်းတန်းစင်တာနှင့် အင်းစိန် လမ်းမကြီး‌ပေါ်တွင် ပြည်သူလူထု ‌သောင်းနှင့်ချီ၍ ဆန္ဒပြခဲ့ကြပြီး ချီတက်ရာလမ်း‌ကြောင်း တစ်‌လျှောက် ကား၊ဘတ်စ်ကားများနှင့် လမ်းများ‌ပေါ်မှ ပြည်သူ များအားလုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်သုံး‌ချောင်း‌ထောင် သ‌ကေင်္တများပြခဲ့ကြသည်။