Home သတင်း စစ်အစိုးရ၏ ဥပ‌ဒေဆင့်ကဲထုတ်ပြန်မှုများ အာဏာရှင်စနစ် အသက်သွင်း‌ဆောင်ရွက်ချက်များဖြစ်ဟု PPST ‌ခေါင်း‌ဆောင်ဆို

စစ်အစိုးရ၏ ဥပ‌ဒေဆင့်ကဲထုတ်ပြန်မှုများ အာဏာရှင်စနစ် အသက်သွင်း‌ဆောင်ရွက်ချက်များဖြစ်ဟု PPST ‌ခေါင်း‌ဆောင်ဆို

2167
Photo: NCA-s EAO

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်း စစ်‌ကောင်စီမှ အ‌ရေး‌ပေါ်အ‌ခြေအ‌နေ ပြင်ဆင်ထုတ်ပြန် ပြဌာန်းလိုက်သည့် ဥပ‌ဒေများသည် ဖက်ဒရယ် ဒီမိုက‌ရေစီ စနစ် နှင့် ဆန့်ကျင်‌နေပြီး အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းသည့် ‌ဆောင်ရွက် ချက်များသာဖြစ်‌ကြောင်း အပစ်ရပ်တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်း၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင် အဖွဲ့ (PPST) ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ‌ပြောဆိုလိုက်သည်။

ယ‌နေ့ (‌ဖေ‌ဖေါ်ဝါရီ ၁၉ ရက်) Video Conferencing ပြုလုပ်သည့် PPST အဖွဲ့၏ အထူးအစည်းအ‌ဝေးပွဲ တွင် ‌ပြောကြားသည့် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အစည်းအ‌ဝေးအဖွင့် မိန့်ခွန်း၌ လက်ရှိ အာဏာသိမ်းစစ်‌ကောင်စီ၏ လုပ်‌ဆောင်ချက်နှင့် ပတ်သက်ပြီး ယခုလို ထည့်သွင်း‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “အာဏာသိမ်းတဲ့ အ‌ရေး‌ပေါ်အ‌ခြေအ‌နေထုတ်ပြန်တဲ့ ကာလအတွင်း အာဏာရှင်စနစ်ကို သက်ဆိုး ရှည်‌စေမယ့် ‌ခေတ်ကာလနှင့် မ‌လျော်ညီ‌တော့တဲ့ ဥပ‌ဒေများအား စစ်အစိုးရက ဆင့်ကဲဆင့်ကဲ ထုတ်ပြန် ပြဌာန်းခြင်းဟာ ဖက်ဒရယ် ဒီမိုက‌ရေစီ စံနှုန်းများနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတဲ့ ‌ဆောင်ရွက်ချက်များပဲဖြစ်ပါတယ်” ဟု ‌ပြောဆိုခဲ့သည်။

အဆိုပါ ဥပ‌ဒေ ပြင်ဆင်ပြဌာန်းချက်များသည်လည်း ဒီမိုက‌ရေစီ ‌နောက်‌ကြောင်း ပြန်လှည့်‌စေသည့်လုပ်ရပ်ဖြစ် သလို ပြည်သူလူထုများ၏ လွတ်လပ်မှုအားလုံးကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖြည့်စွက် ‌ပြောဆိုခဲ့သည်။

တပ်မ‌တော်မှ အာဏာသိမ်းယူပြီး‌နောက် ထင်ရှားသည့် ဥပ‌ဒေ ပြဌာန်းချက်တစ်ခုအ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီလ ၁၃ ရက်‌နေ့ ရက်စွဲဖြင့် အာဏာသိမ်းစစ်‌ကောင်စီမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံ ခြုံမှုကို ကာကွယ်‌ပေး‌ရေး ဥပ‌ဒေကိုပြင်ဆင်‌ကြောင်းထုတ်ပြန်ပြီး ၎င်းဥပ‌ဒေပါ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ ပါ ပြဌာန်းချက်များကို ရပ်ဆိုင်းထား‌ကြောင်း ‌ကြေညာခဲ့သည်။

အဆိုပါ ဥပ‌ဒေပါ ပုဒ်မ ၅ အရ နိုင်ငံသားတစ်ဦးတစ်‌ယောက်၏ အိမ်အတွင်း ဝင်‌ရောက်ရှိ‌ဖွေမှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်လျှင် ရပ်ကွက်‌ကျေးရွာ အုပ်ချုပ်‌ရေးအဖွဲ့များက တာဝန်ရှိသူ အနည်းဆုံးနှစ်ဦး သက်‌သေအဖြစ်လိုက်ပါ ရန် လိုအပ်ပြီး ပုဒ်မ ၇ အရ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသား တစ်ဦးကို ၂၄ နာရီထက် ‌ကျော်ပြီး ဖမ်းဆီး ထားခွင့်မရှိသလို ပုဒ်မ ၈ အရလည်း တည်ဆဲဥပ‌ဒေနှင့်အညီ ခွင့်ပြုမိန့် ခွင့်ပြုချက်နှင့် ဝရမ်းများမပါရှိဘဲ နိုင်ငံ သားတစ်ဦး၏ အိမ်ထဲဝင်‌ရောက်ပြီး ပစ္စည်းရှာ‌ဖွေသိမ်းဆည်းမှုနှင့်လူများကို ဖမ်းဆီးခွင့်များ မရှိ‌ကြောင်းပါရှိ သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို နိုင်ငံအနှံ့ ညဥ့်နက်ပိုင်းအချိန်များတွင် လိုက်လံ ဖမ်းဆီး ‌နေသည့် သတင်းများထွက်‌ပေါ်‌နေချိန်မှာပင် ၎င်းဥပ‌ဒေကို ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်၏ အမိန့် ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်းအပြင် နိုင်ငံ‌တော်ပုန်ကန်မှုနှင့် နိုင်ငံ‌တော် အကြည်ညိုပျက်‌စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မများကို ပြင်ဆင်သည့် ဥပ‌ဒေများကိုလည်း အာဏာသိမ်း စစ်‌ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် လက်မှတ် ဖြင့် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ထုတ်ပြန်လိုက်ပြီး ပြစ်ဒဏ်စီရင်မှုများလည်း တိုးမြှင့် ပြင်ဆင်လိုက်သည်။

ယင်း ဥပ‌ဒေ ပုဒ်မများအရ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ (၁၂၁)မူလပြဌာန်းချက်များပြင်ဆင်ခြင်း၊ ပုဒ်မ (၁၂၄)အရ ဖြည့်စွက်ခြင်း၊ ပုဒ်မ (၅၀၅)(က) တိုးမြှင့်ခြင်း စသည်ဖြင့် ပြင်ဆင် ဖြည့်စွက်ချက်များကို ပြုလုပ်ခဲ့ပြီး အဓိက အားဖြင့် ၎င်းတို့၏ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များကို အကာအကွယ်‌ပေးထားသည့်အချက်များသာဖြစ်သည်။

ထို့အပြင် ရပ်ကွက် သို့မဟုတ် ‌ကျေးရွာ အုပ်စုအုပ်ချုပ်‌ရေး ဥပ‌ဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပ‌ဒေ ကိုလည်း ‌ဖေ‌ဖော်ဝါရီလ ၁၃ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ၎င်းဥပ‌ဒေပါ ပုဒ်မ များအရ ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်‌ဆေးခြင်း နှင့် အ‌ရေးယူခြင်းတို့အပြင် ယာယီ ‌ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူး ခန့်အပ်ခြင်း၊ ‌ထောင်ဒဏ်‌ငွေဒဏ် သတ်မှတ်ခြင်းတို့ပါဝင်သည်။

၎င်း ဥပ‌ဒေ ပုဒ်မများသည် လက်ရှိ အာဏာသိမ်းဆန့်ကျင်‌ဖော်ထုတ်မှုများတွင် ပါဝင်သူများ၊ CDM လှုပ်ရှား မှုများတွင် ပါဝင်သည့် အစိုးရ ဝန်ထမ်းများ နှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများကို တမင်ရည်ရွယ်ချက် ရှိရှိ ပြင်ဆင်ပြဌာန်းလိုက်သည့် ဥပ‌ဒေများသာဖြစ်‌ကြောင်း ဥပ‌ဒေ ပညာရှင်များက ‌ထောက်ပြ‌ဝေဖန်ကြသည်။

‌ဖေ‌ဖော်ဝါရီလ ၉ ရက်‌နေ့ ရက်စွဲဖြင့်လည်း ဆိုက်ဘာလုံခြုံ‌ရေး ဥပ‌ဒေ (မူကြမ်း)တစ်ခု ‌ပေါ်ထွက်လာခဲ့ ပြီး မိုဘိုင်း ဆက်သွယ်‌ရေး ‌အော်ပ‌ရေတာများနှင့် ဆက်သွယ်‌ရေး ဝန်‌ဆောင်မှု လိုင်စင်ရရှိသူများကို မူကြမ်း နှင့်ပတ်သက်ပြီး သ‌ဘောထားမှတ်ချက် ‌တောင်းခံခဲ့သည်။ ၎င်းဥပ‌ဒေမူကြမ်းအ‌ပေါ် အရပ်ဖက်အဖွဲ့ ၁၅ဝ ‌ကျော်မှ လက်မခံ‌ကြောင်း သ‌ဘောထားထုတ်ပြန်ခဲ့သည်။

ယ‌နေ့ပြုလုပ်သည့် အပစ်ရပ် ၁ဝဖွဲ့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)‌ခေါင်း‌ဆောင်များ၏ အထူးအစည်းအ‌ဝေးပွဲတွင် အာဏာသိမ်း စစ်အုပ်ချုပ်‌ရေးကာလတွင် ငြိမ်းချမ်း‌ရေး ဆက်လက် ‌ဆွေး‌နွေးသင့် မသင့်ကို ‌ဆွေး‌နွေးညှိနှိုင်း ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်းနှင့် အနာဂတ် ‌ဆွေး‌နွေးချပြနိုင်မည့် အပစ်ရပ်အဖွဲ့များ ၏ ဖက်ဒရယ် အ‌ခြေခံမူများအပြင် လက်ရှိ နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ကိုက်ညီမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။