Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်၍ EAOs အဖွဲ့များအ‌ပေါ်တပ်မ‌တော် သ‌ဘောထား ‌ကြေညာချက် တိကျရှင်း လင်းရန်လိုအပ်ဟုဆို

‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်၍ EAOs အဖွဲ့များအ‌ပေါ်တပ်မ‌တော် သ‌ဘောထား ‌ကြေညာချက် တိကျရှင်း လင်းရန်လိုအပ်ဟုဆို

2174

နိုဝင်ဘာ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

‌ရွေး‌ကောက်ပွဲ နှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAOs)များအ‌ပေါ် ထုတ်ပြန်သည့် တပ် မ‌တော်၏ သ‌ဘောထား‌ကြေညာချက်မှာ တိကျရှင်းလင်းရန် လိုအပ်‌ကြောင်း နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူများ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပြန်လည်‌ထောက်ပြ‌ပြောဆိုခဲ့သည်။

တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံးမှ ယမန်‌နေ့ နိုဝင်ဘာလ ၂ရက်‌နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်သည့် သ‌ဘော ထားထုတ်ပြန်ချက်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အင်အား တည်‌ဆောက်မှု‌ကြောင့် ပြည် သူလူထုများ မဲ‌ပေးခွင့် ဆုံးရှုံးမှုများ ဖြစ်‌ပေါ်‌စေ‌ကြောင်း ‌ဖော်ပြထားမှုတွင် မည်သည့် တိုင်းရင်းသား လက်နက် အဖွဲ့အစည်းဖြစ်‌ကြောင်းကို ရှင်းရှင်းလင်းလင်း ‌ဖော်ပြသင့်သည်ဟု နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ ဦး‌မောင် ‌မောင်စိုးက ‌ပြောသည်။

၎င်းက “‌ရွေး‌ကောက်ပွဲ နဲ့ပတ်သက်ပြီး‌တော့ တချို့EAO ‌တွေက ‌ရွေး‌ကောက်ပွဲကို အား‌ပေးတာရှိတယ်။ တချို့ EAO ‌တွေက‌တော့ ဒါနဲ့ပတ်သက်ပြီး‌တော့ ဆန့်ကျင်တာရှိတယ်။ တချို့က‌တော့ ဒါနဲ့ ပတ်သက်ပြီး‌တော့ ဆန့် လည်း မဆန့်ကျင်ဘူး၊ ‌ထောက်လည်းမ‌ထောက်ခံဘူး။ တကယ်တမ်းက တိတိကျကျ ဘယ်အဖွဲ့က ဆိုတာကို ထုတ်ပြန်နိုင်ရင်‌တော့ အ‌ကောင်းဆုံး‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ NCA ထိုးထားတဲ့ အဖွဲ့အစည်း‌တွေလည်း ရှိ တယ်။ NCA ထိုးထားတဲ့ အဖွဲ့‌တွေကလည်း NCA ကို ချိုး‌ဖောက်သလား၊ ဘာလားဆိုတဲ့ သို့‌လောသို့‌လော ‌မေးခွန်း‌တွေ ဖြစ်လာတာက‌တော့ ‌ကောင်းတဲ့ ကိစ္စမဟုတ်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်၏ ထုတ်ပြန်ချက်တွင် EAOs အဖွဲ့အချို့၏ အင်အား တည်‌ဆောက်မှု‌ကြောင့် လာမည့် နိုဝင်ဘာလ (၈)ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ‌ဒေသခံ ပြည်သူထု၏ အခွင့်အ‌ရေး တစ်ရပ် ဖြစ် ‌သော လွတ်လပ်စွာ ဆန္ဒမဲ‌ပေးခွင့် ဆုံးရှုံးမှုဖြစ်‌ပေါ်‌စေ‌ကြောင်း ‌ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ‌နှောင့်ယှက်ဖိအား‌ပေးမှု‌ကြောင့် ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး အတွက် အ‌ရေးပါသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ တိုးတက်မှု ‌နှောင့်‌နှေး‌စေသည့်အပြင် အချို့‌ဒေသများ၌ တိုင်းရင်းသား ပြည်သူများ၏ မဲ‌ပေးခွင့် ဆုံးရှုံးခဲ့‌ကြောင်းနှင့် နိုင်ငံ‌ရေး ပါတီများ၏ မဲဆွယ်စည်းရုံး‌ရေး မပြုလုပ်နိုင် ခြင်းတို့‌ကြောင့် ဒီမိုက‌ရေစီ အခွင့်အ‌ရေးများ ဆုံးရှုံးခဲ့ရ‌ကြောင်းလည်း ၎င်းတို့ ထုတ်ပြန်ချက်၌ ဆက်လက် ‌ဖော်ပြ ထားသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ပြီးခဲ့သည့် ‌အောက်တိုဘာလ (၁၆)ရက်‌နေ့အတွင်း ထုတ်ပြန်ခဲ့‌သော ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် နယ်‌မြေစာရင်းများ၌ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီးတို့ အဓိကပါဝင်ပြီး လွတ်လပ်ပြီး တရားမျှ တ‌သော အ‌ခြေအ‌နေမရှိ‌သော‌ကြောင့် ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ‌ကြောင်းဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ‌ကြေညာထားသည့် ရက္ခိုင့်တပ်‌တော် (AA) နှင့် တပ်မ‌တော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိခြင်း‌ကြောင့် မြို့နယ်အချို့ကို ‌ရွေး‌ကောက်ပွဲ ကျင်းနိုင်ခြင်းမရှိဘဲ အလားတူ ရှမ်းပြည်နယ်အတွင်း နိုင်ငံ‌ရေးပါတီအချို့၏ မဲဆွယ်စည်းရုံးမှု အ‌ပေါ် လက်နက်ကိုင်အချို့၏ ဟန့်တား‌နှောင့်ယှက်ခြင်းခံရမှုများ ဖြစ်ပွားခဲ့‌ကြောင်း ‌ဒေသတွင်း သတင်း မီဒီယာများမှ ‌ဖော်ပြ‌ရေးသားမှုများရှိသည်။

တပ်မ‌တော်၏ ‌ကြေညာချက်မှာ ရှင်းလင်းမှုမရှိဘဲ တစ်ဖက်သတ် စွပ်စွဲချက်များ ဖြစ်‌ပေါ်‌စေသလို တိုင်းရင်းသား ပြည်သူ လူထုများအကြားတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ‌ပေါ် အထင်အမြင်လွဲမှား မှုများ ဖြစ်‌ပေါ်‌စေ‌ကြောင်း ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဘက်ကလည်း ယင်း‌ကြေညာချက်အ‌ပေါ် တုန့်ပြန်‌ပြောဆိုသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက “EAO တစ်ခုလုံးကို ‌ပြောလာတဲ့ ကိစ္စအ‌ပေါ်မှာ‌တော့ သူတို့ မဟုတ် မမှန်အဲ့လိုမျိုး တဖက်သတ် စွပ်စွဲထုတ်ပြန်တဲ့ ကိစ္စကို‌တော့ ကျ‌နော်တို့ လူထု‌တွေ ကြားထဲမှာ ရှင်းလင်း အသိ‌ပေးဖို့ ပြန်ပြီး‌တော့ အသိ‌ပေးဖို့လိုတာ‌ပေါ့။ ဒါကလည်း နိုင်ငံ‌ရေးအရ တိုက်ခိုက်သလို လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုမှာ လူထု‌တွေ တဖက်သတ် အမြင်လွဲမှား‌အောင် လုပ်‌နေတဲ့ ပုံစံ‌တွေ ဖြစ်‌နေတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

တပ်မ‌တော်၏ ‌ကြေညာချက်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လွှမ်းမိုးထားသည့် အချို့‌သော မြို့နယ် နှင့် ‌ကျေးရွာများတွင် အုပ်ချုပ်‌ရေးမှူးများ ခန့်အပ်နိုင်မှုမရှိခြင်း၊ သက်ဆိုင်ရာ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲ များ ခန့်အပ်ဖွဲ့စည်းနိုင်မှု မရှိခြင်းတို့‌ကြောင့် လွတ်လပ်ပြီး တရားမျှတ‌သော ‌ရွေး‌ကောက်ပွဲ ကျန်းပရန် အတွက် အခက်အခဲ ဖြစ်‌စေ‌ကြောင်း ဆက်လက် ‌ဖော်ပြထားသည်။

၎င်းအ‌ပေါ် ‌ရွေး‌ကောက်ပွဲ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရမှ ‌ကေအဲန်ယူ နှင့် တစ်စုံတစ်ရာ လာ ‌ရောက် ညှိနှိုင်း‌ဆွေး‌နွေးမှုမရှိဘဲ EAO အဖွဲ့အစည်းများ၏ နယ်‌မြေများအတွင်း ‌ရွေး‌ကောက်ပွဲ အ‌ကောင် အထည်‌ဖော်ကျင်းပလိုပါက အစိုးရ အဖွဲ့အစည်းများအ‌နေဖြင့် သက်ဆိုင်ရာ EAO အဖွဲ့အစည်းများနှင့် ညှိနှိုင်း ‌ဆွေး‌နွေးရန် လိုအပ်‌ကြောင်းလည်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ (၂၇)ရက်‌နေ့တွင် UEC မှ ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့မှ ‌ကျေးရွာ အုပ်စုများကို ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် နယ်‌မြေစာရင်းမှ ပြန်လည် ပယ်ဖျက်‌ပေးထား‌ကြောင်း ထုတ်ပြန် ထားသည်။

အလားတူ အ‌ကြောင်း အမျိုးမျိုး‌ကြောင့် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် ‌ဒေသများ၌ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကို လုံခြုံ‌ချော‌မွေ့စွာဖြင့် ‌စောလျင်စွာ ကျင်းပနိုင်ရန် တပ်မ‌တော်အ‌နေဖြင့် ‌မျှော်လင့်‌ကြောင်း၊ ထိုသို့ ‌ဆောင် ရွက်နိုင်ရန်အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများအ‌နေဖြင့် မိမိတို့နှင့် မသက်ဆိုင်သည့် ‌နေရာများတွင် ဝင်‌ရောက်‌နေရာယူခြင်း၊ လှုပ်ရှား‌ဆောင်ရွက်ခြင်းနှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိပါက လည်း အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန် လိုအပ်‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဆက်လက်‌ဖော်ပြထား သည်။

၎င်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် ‌ဒေသခံ တိုင်းရင်းသားပြည်သူများအား ခြိမ်း ‌ခြောက်ခြင်းမပြုဘဲ လွတ်လပ်၍တရားမျှတသည့် ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်‌ရေး၊ နိုင်ငံ‌ရေးပါတီများ၏ မဲဆွယ် စည်းရုံးခွင့်ရရှိ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို NCA လမ်း‌ကြောင်းနှင့်အညီ‌ဆောင်ရွက်သွားရန် ကိုပါ တပ်မ‌တော်မှ ဖိတ်‌ခေါ်တိုက်တွန်း‌ကြောင်း ဆိုထားသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအကြိုကာလနှင့်ပတ်သက်၍ ဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများအ‌ပေါ် တပ်မ‌တော် ကာ ကွယ်‌ရေး ဦးစီးချုပ်ရုံးမှ အလားတူ သ‌ဘောထားထုတ်ပြန်မှုများကို ပြုလုပ်ခဲ့ပြီး လက်ရှိ ‌ရွေး‌ကောက်ပွဲ ‌ကော်မ ရှင်၏ အမှားများအ‌ပေါ် အာဏာရ အစိုးရအ‌နေဖြင့် တာဝန်ခံသင့်‌ကြောင်းကို ‌ထောက်ပြထားမှုများ ပါဝင်သည်။