Home ရွေးကောက်ပွဲသတင်း KPP ဝန်းရံသူ ၂,၀၀ဝခန့် ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်း လှည့်လည်အင်အားပြ

KPP ဝန်းရံသူ ၂,၀၀ဝခန့် ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်း လှည့်လည်အင်အားပြ

2281
Photo: sa long long
‌အောက်တိုဘာ ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ် ။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီး‌ဒေါင့်မြို့နယ်တွင် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၄ ရက်‌နေ့မှ ၁၆ ရက်‌နေ့ အ ထိ ကရင်ပြည်သူ့ပါတီ -KPP ဝန်းရံသူ လူအင်အား ၂,၀၀ဝ ခန့်မှ မြို့တွင်းအပါအဝင် KPP ကို ‌ထောက်ခံသည့် နယ်‌ကျေးရွာများအတွင်း အင်အားပြလှည့်လည်မှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၈ ရက်‌နေ့ကျင်းပမည့် ‌ရွေး‌ကောက်ပွဲတွင် ကန်ကြီး‌ဒေါင့်မြို့နယ် မဲဆန္ဒနယ်များအတွက် ကရင်ပြည် သူ့ပါတီ -KPP မှ ကိုယ်စားလှယ်‌လောင်းများသာ ဝင်‌ရောက်အ‌ရွေးချယ်ခံကြမည်ဖြစ်ပြီး အခြား ကရင်ပါတီ တစ်ခုဖြစ်သည့် ကရင်အမျိုးသားပါတီ-KNP မှ ကိုယ်စားလှယ်‌လောင်းများ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်သည်။

အင်အားပြလှည့်လည်မှုများအတွက် စီစဉ်သူတစ်ဦးဖြစ်သည့် စ‌လောင်း‌လောင်းက “ ဒီကန်ကြီး‌ဒေါင့်မြို့နယ်ထဲ မှာရှိတဲ့ ကရင်‌ဒေသခံတချို့ဆို ကိုယ့်ကရင်ပါတီရှိတယ်ဆိုတာ‌တောင် မသိကြဘူး။ တချို့လည်း ကရင်ပါတီရှိ တာကို သိ‌ပေမယ့် ကိုယ့်ကရင်ပါတီအတွက် မဲထည့်ဖို့ကို မသိကြတာမျိုးလည်းရှိတယ်။ အဲဒီအတွက်ကို စီစဉ် တာဖြစ်ပါတယ်။ သုံးရက်‌ပေါင်းရင် ဝန်းရံသူပါ အပါ နှစ်‌ထောင်‌လောက်ရှိမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အင်အားပြလှည့်လည်မှုများကို ‌အောက်တိုဘာလ ၁၄ ရက်‌နေ့တွင် ကန်ကြီး‌ဒေါင့်မြို့နယ် အမှတ်(၁)မဲ ဆန္ဒနယ်၊ ၁၅ ရက်‌နေ့ ရန်ကုန်ပုသိမ်ကားလမ်းမကြီးတစ်‌လျှောက် မြင်းခါးဆိပ်မှ ဒါးကနှင့် ၁၆ ရက်‌နေ့တွင် ကန်ကြီး‌ဒေါင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်‌ကျေးရွာများအထိ ဆိုင်ကယ်၊ ကား၊ ‌ထော်လာဂျီများဖြင့် အင် အားပြလှည့်လည်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုသို့လှည့်လည်ရာတွင်လည်း လိုက်ပါသူများအား ဆိုင်ကယ် ၁ စီးလျှင် ၂ ဦးနှုန်းဖြင့်သာစီးနှင်းရန် သတ်မှတ် ထားသည့်အပြင် အသက် ၁၈ နှစ်မပြည့်ပါက အင်အားပြလှည့်လည်ရာတွင် ပါဝင်ခွင့်မ‌ပေးဘဲ ကျန်းမာ‌ရေး ဆိုင် ရာ သတ်မှတ်ချက်များနှင့်အညီ Mask(နှာ‌ခေါင်းစည်း) တပ်ဆင်ခြင်း၊ လက်သန့်‌ဆေးရည်များ‌ပေး‌ဝေခြင်း စည်း ကမ်းချက်များဖြင့် လှည့်လည်ခဲ့ခြင်းဖြစ်သည်ဟု စ‌လောင်း‌လောင်းက ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ အင်အားပြလှည့်လည်မှုများမှာ မဲဆွယ်စည်းရုံး‌ရေးကာလ စတင်သည့် အချိန်မှစ၍ ယ‌နေ့အထိ ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်းပြုလုပ်‌သော ကရင်ပြည်သူ့ပါတီ -KPP ‌ထောက်ခံဝန်း ရံသူများ၏ ပထမဆုံး အင်အားပြလှည့်လည်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကန်ကြီး‌ဒေါင့်မြို့နယ် မဲဆန္ဒနယ်များအတွက် လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ -KPP မှ မန်းစံ ထွန်းက ပြည်သူ့လွှတ်‌တော်၊ တိုင်း‌ဒေသကြီးလွှတ်‌တော်တွင် မန်းစံစီဖိုးက ကန်ကြီး‌ဒေါင့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် မန်း‌စောလင်းက ကန်ကြီး‌ဒေါင့် မဲဆန္ဒနယ် အမှတ် ၂ ‌နေရာများအတွက် ဝင်‌ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။